ဒီနေ့ပြောချင်တဲ့ အကြောင်းလေးကတော့ လေ့ကျင့်ခန်းလုပ်နေတာ ကြာပြီ ပေါင်ချိန်စက် ပေါ်တက်တိုင်းကိုယ်အလေးချိန်ကထင်သလောက်မကျသေးလို့ လေ့ကျင့်ခန်းဆက်လုပ်ရမှာစိတ်ဓာတ်ကျနေသူတွေအတွက်ပါ။
ကိုယ်ပေါ်ကအဆီတွေဆိုတာကလည်းခေါင်းမာတဲ့အရာတွေမလား။ ကိုယ်မှန်းထားသလောက်ကျချင်မှ ကျတာလေ။ ဒီလောက်လေ့ကျင့်ခန်းလုပ်နေတာတောင် ဝိတ်မကျလို့ဆိုပြီးစိတ်ဓာတ်တော့ မကျလိုက်ပါနဲ့။ ခုပြောမယ့် ၇ ချက်ထဲကတစ်ချက်လောက်ဖြစ်ဖြစ် ရှိနေပြီဆိုရင် ဝိတ်ကျဖို့နီးစပ်လာပါပြီ။
ဝိတ်ကျဖို့ မနေ့ကထက် ဒီနေ့ ပိုပြီးနီးစပ်နေကြောင်း ပြနေတဲ့အချက် ၇ ချက် ။
( ၁ ) စိန်ခေါ်မှုအသစ်တွေ လုပ်ချင်စိတ်ရှိတာ
ဟိုးအရင် gym မပြောနဲ့ လမ်းလေးလျှောက်ဖို့တောင် ထိုင်ရာကမထချင်တဲ့ကိုယ်။ ခုတော့ ဘယ်လောက်ပင်ပန်းတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖြစ် လုပ်ဖို့ အဆင့်သ့င်ဖြစ်နေတတ်တာကိုယ်သွားချင်တဲ့ ဝိတ်ကျပန်းတိုင်ဆီကို တစ်လှမ်းလှမ်းပြီးသားမဟုတ်လား။
( ၂ ) အရင်ကလိုလေးပင်နေတာမျိုးမရှိ်တော့တာ။
စစချင်း လေ့ကျင့်ခန်းလုပ်တုန်းကပုံနဲ့ ခုပုံကို ပြန်ယှဉ်ကြည့်ပါ။ အရင်ကဆိုလက်လေးလှုပ်ရင်တောင် မောနေတဲ့သူကခုတော့ ဘယ်လောက်ပင်ပန်းတာတွေပဲလုပ်လုပ် အေးဆေးလေးပဲကျော်ဖြတ်နေနိုင်တဲ့အပြင် သူ့ထက် ပိုပင်ပန်းတာတွေကိုတောင် လုပ်ဖို့ အားရှိနေသေးတယ်ဆိုတာမနေ့ကထက် ဒီနေ့ ကြံ့ခိုင်လာနေပြီဖြစ်ကြောင်းကိုပြနေတာမလား။
( ၃ ) အရင်ကမတော်တဲ့ အင်္ကျီလေးတွေ ချောင်စပြုနေပြီ။
ပေါင်ချိန်စက်ပေါ်တက်လိုက်တဲ့အချိန် သိသိသာသာဝိတ်မကျပေမယ့် အရင်ကမတော်လို့ ချောင်ထိုးထားတဲ့ အင်္ကျီလေးတွေ ခုတော့ ပြန်ဝတ်လို့ရနေပြီ။ အင်္ကျီတွေ ပြန်တော်နေပြီဆိုတာကပြောင်းလဲစပြုနေတာကိုပြောတာပဲမဟုတ်လား။ ဒီတော့ ပေါင်ချိန်စက်ပေါ်ကအဖြေကမသိသာပေမယ့်လည်း လေ့ကျင့်ခန်းတွေ ရှေ့ဆက်လုပ်သွားပါ။ အရမ်းကိုနီးစပ်နေပါပြီ။
( ၄ ) ဆေးစစ်ချက် အဖြေတွေအားလုံးကလည်းအကောင်းဘက်ကိုညွှန်ပြနေပြီ ။
အရင်ဝတုန်းကသွေးတွင်းအဆီဓာတ်များ။ ကိုလက်စရောမျာ း၊ သွေးတွင်းသကြားဓာတ်များ၊ ဒူးနာ ခါးနာနဲ့ ရောဂါကိုစုံလို့။ ဟောခုနောက်ပိုင်းလေ့ကျင့်ခန်းတွေလုပ်ပြီးသွေးပြန်စစ်ကြည့်တော့ များနေတဲ့ မကောင်းတာအားလုံးကျသွားပြီ၊ အရင်ကလိုလေးပင်နေတာ၊ ဒူးနာတာလည်းမရှိတော့မလား။ ဒီတော့ အလေးချိန် သိသိသာသာမကျပေမယ့် ဒါတွေကသင်ပိုပြီး ကြံ့ခိုင်လာနေပြီဆိုတာကိုပြောတာပဲမဟုတ်လား။
( ၅ ) ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ လည်းရှိတာတယ်။
Gym သွားတဲ့လူတိုင်းခံစားဖူးကြမှာပါ။ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်းပျော်တဲ့ခံစားချက်မျိုး၊ အားရကျေနပ်ပြီးတစ်ခုခုပြီးမြောက်သွားတဲ့ ခံစားချက်မျိုး၊ ဒီလိုမျိုး gym မှာဆက်တိုက်ဆော့ဖန်များလာလေလေကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ တိုးလာလေလေပါပဲ။ စိတ်လည်းချမ်းသာကိုယ်လည်းကျန်းမာလာတယ်မဟုတ်လား။
( ၆ ) အရင်ကထက်ပိုပြီး ကြည့်ကောင်းလာတယ်။
လေ့ကျင့်ခန်းလုပ်တာများလာတော့ ကိုယ်ခန္ဓာကလည်း တဖြည်းဖြည်းပြောင်းလဲသွား၊ အသားလေးလည်းကြည်လာပြီးတော့ စိတ်လေးကလည်းပျော်နေတော့ တွေ့တဲ့လူတိုင်းကအရင်ကထက်ပိုပြီး ကြည့်ကောင်းလာတယ်လို့ ပြောနေကြတယ်မဟုတ်လား။
( ၇ ) အစားအသောက်တွေလည်းဆင်ခြင်တတ်လာပြီ။
အရင်ကလိုစားချင်တိုင်းစွတ်စားတာမျိုးမဟုတ်တော့ဘဲချင့်ချိန်ပြီးစားတတ်လာတဲ့ ကိစ္စကလည်းဝမ်းသားစရာပဲမဟုတ်လား။ အားလူးကြေော်တွ ကိတ်မုန့်တွေ သကြားတွေလျှော့စားပြီးအသီးအရွက်တွေနဲ့ အာဟာရဖြစ်တာတွေ ပိုစားတတ်လာတာဟာကိုယ်အလေးချိန်အတွက်တင်မဟုတ် ရှေ့လျှောက်ကျန်းမာရေးအတွက်ပါ ကောင်းတဲ့မျိုးစေ့ချနေတာပဲမဟုတ်လား ။
ကဲစဉ်းစားကြည့်ပါဦး။ အရင်တုန်းကကိုယ်နဲ့ အခုလက်ရှိပြောင်းလဲသွားတာတွေမှ အများကြီး။ ဒီတော့ ပေါင်ချိန်စက်ပေါ်ကအလေးချိန်တွေ သိပ်မလျော့သေးလို့ ဆိုပြီးဘာ့ကြောင့် စိတ်ဓာတ်ကျနေမှာလဲ ။ အားမလျှော့နဲ့။ ဆက်သာလုပ် ။

















