ရခိုင်ပြည်နယ်(မြောက်ပိုင်း) အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအတွက် တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် ဥပဒေအကြံပေးအဖွဲ ့တို ့ တွေ ့ဆုံ

ရခိုင်ပြည်နယ်(မြောက်ပိုင်း) အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအတွက် တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် ဥပဒေအကြံပေးအဖွဲ ့တို ့ တွေ ့ဆုံ

ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင် နှင့် မောင်တောနယ်မြေများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအတွက် တပ်မတော်၏ စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် ဥပဒေအကြံပေးအဖွဲ့တို့သည် ဇူလိုင် ၉ရက်က စစ်ဥပဒေချုပ်ရုံး၌ တွေ့ဆုံခဲ့ကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။

ပထမအကြိမ်စစ်ဆေး

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင် တောနယ်မြေတို့တွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များကို ထပ်မံစိစစ်အတည် ပြုရန် ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးခုံရုံး သည် ဘူးသီးတောင်နယ်မြေသို့ ပထမအကြိမ် သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ကွပ်ကဲမှုဌာနချုပ် တစ်ခုအပါအဝင်တပ်ရင်း/တပ်ဖွဲ့သုံးခု၊ ရဲစခန်း သုံးခု၊ အကျဉ်းထောင်တစ်ခုနှင့် ကျေးရွာငါးရွာ တို့သို့သွားရောက်၍ လိုအပ်သော စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ဆေးခဲ့ပြီးသည့် အခြေအနေများ၊ ဆက်လက်စုံစမ်းစစ်ဆေးမည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည့် ဥပဒေအကြံပြုချက်များရယူနိုင်ရန် ဥပဒေအကြံ ပေးအဖွဲ့နှင့် တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင် ဦးဆောင်သော ဥပဒေအကြံပေးအဖွဲ့အနေ ဖြင့် လိုအပ်သည့် သက်သေခံအချက်အလက် စုဆောင်းခြင်းဆိုင်ရာများ၊ ဥပဒေကြောင်း ဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများ ကို အကြံပြုဆွေးနွေးခဲ့သည်။

ထပ်မံစိစစ်

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသတွင်ဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီ (ပြည်ပနိုင်ငံအချို့နှင့် ပြည်ပအဖွဲ့အစည်း အချို့၏ အခေါ် ရိုဟင်ဂျာ) အကြမ်းဖက်သမား များ၏ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ရက် အကြမ်း ဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ စစ်ဥပဒေချုပ်ရုံး၏ အကြံပြုချက်အရ ထပ်မံစိစစ်ရန် လိုအပ်သဖြင့် တပ်မတော်နည်းဥပဒေများအရ စုံစမ်းစစ်ဆေး ရေးခုံရုံးကို ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ် မတ် ၁၈ ရက်ကစတင်၍ စုံစမ်းစစ်ဆေးမှုများဆောင် ရွက်လျက်ရှိသည်။ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဗိုလ်ချုပ်မြတ်ကျော်က ဦးဆောင်ကာ ဗိုလ်မှူး ကြီး ကျော်ကျော်နိုင်နှင့် ဗိုလ်မှူးကြီး သန်းနိုင် တို့ကအဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး