၂ဝ၁၉-၂၀၂ဝ ဘောလုံးရာသီအတွက် ကြို တင်ပြင်ဆင်နေသော မန်ယူအသင်းသည် ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်ရန် သြစတြေးလျ နိုင်ငံသို့ ရောက်ရှိနေပြီး လာမည့်ဇူလိုင် ၁၃ ရက်တွင် ရာသီကြိုပထမဆုံးခြေစမ်းပွဲအဖြစ် သြစတြေးလျ အေလိဂ်ကလပ် ပက်ဂလိုရီ နှင့် ကစားတော့မည်ဖြစ်သည်။
မန်ယူအသင်းသည် ၂ဝ၁၈-၁၉ ဘောလုံးရာသီတွင် အောင်မြင်မှု များမရခဲ့ဘဲ ရလဒ်များဆိုးရွားခဲ့သည်။
မန်ယူ သည် ပရီးမီးယားလိဂ်တွင် အဆင့် ၆ သာရခဲ့ ပြီး ချန်ပီယံလိဂ်၌ ကွာတားဖိုင်နယ်နှင့်ကျေနပ် ခဲ့ရသည်။ မန်ယူသည် အက်ဖ်အေဖလားပြိုင် ပွဲတွင် ကွာတားဖိုင်နယ်သာတက်ရောက်ခဲ့ပြီး လိဂ်ဖလားတွင် တတိယအဆင့်ဖြင့် ကျေနပ်ခဲ့ ရသည်။
မန်ယူသည် အပြောင်းအရွှေ့ဈေးကွက်၌ ဝေးလ်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် နှင့် အင်္ဂလန်ယူ -၂၁ နောက်ခံလူ ဘစ်ဆာကာ တို့ကို ခေါ်ယူထားသည်။
မန်ယူအသင်းသည် ဘောလုံးရာသီမစတင်မီ ခြေစမ်းပွဲများနှင့် ၂ဝ၁၉ အိုင်စီစီဖလား ပြိုင်ပွဲဝင်မည်ဖြစ်သည်။ မန်ယူသည် ရှန်ဟိုင်း၊ စင်ကာပူ၊ အော်စလိုနှင့် ကာဒစ်ဖ်မြို့သို့ ခရီးနှင်ရမည်ဖြစ်သည်။
မန်ယူ အသင်းသည် ဇူလိုင် ၁၃ ရက်တွင် ပက်ဂလို ရီနှင့်ကစားမည်ဖြစ်ပြီး ဇူလိုင် ၁၇ ရက်တွင် အော့တက်စ်ကွင်း၌ လိဒ်ယူနိုက်တက်နှင့် ခြေ စမ်းမည်ဖြစ်သည်။
မန်ယူသည် ခြေစမ်းပွဲနှစ်ပွဲပြီးနောက် ဇူ လိုင် ၂ဝ ရက်တွင် စင်ကာပူအမျိုးသားအား ကစားကွင်း၌ အိုင်စီစီဖလားပြိုင်ပွဲအဖြစ် အင် တာမီလန်နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
မန်ယူ သည် ဇူလိုင် ၂၅ ရက်တွင် အိုင်စီစီဖလားပြိုင် ပွဲအဖြစ်ပင် ရှန်ဟိုင်း၌ ပရီးမီးယားလိဂ်ပြိုင် ဘက်ကောင်း စပါးနှင့်ကစားမည်ဖြစ်သည်။ ထို့နောက်မန်ယူသည် အာရှမှ ဥရောပသို့ပြန် လာပြီး ဆိုးလ်ရှား၏မွေးရပ်မြေ အော်စလိုတွင် ခရစ္စတိန်းဆန်နှင့် ဇူလိုင် ၃ဝ ရက်တွင် ကစား ဦးမည်ဖြစ်သည်။
မန်ယူသည် လာမည့်သြဂုတ် ၃ ရက်တွင် ကာဒစ်ဖ်ကွင်း၌ အေစီမီလန်နှင့်ကစားမည်ဖြစ် သည်။ မန်ယူသည် ပရီးမီးယားလိဂ်အဖွင့်ပွဲ၌ ချယ်လ်ဆီးနှင့် ဆုံတွေ့နေသည်။















