နို့တိုက် နေတဲ ့မိခင်တစ်ယောက်အတွက် နို့ချောင်းပိတ်တဲ့ ပြဿနာကတော်တော်ကိုဆိုးတဲ ့ပြဿနာတစ်ခုပါ။
ကလေးကလည်းနို့ဆာကိုကလည်း နို့မထွက်၊ နို့ချောင်းကလည်းပိတ်နေတော့ နာကလည်းနာနဲ့ အတော်ကြီးကိုဒုက္ခရောက်ပါတယ်။ ခက်တာက နို့ချောင်းပိတ်တဲ့ ပြဿာနာကလည်းအဖြစ်များတဲ့ ပြဿနာတစ်ခုဆိုတော့ ဖြစ်လာတဲ့အခါ သက်သာအောင်လုပ်ဖို့ကအရေးကြီးလာတာပေါ့။ ဒီတော့ နို့တိုက်ရင်းနဲ့ နို့ချောင်းပိတ်သွားတဲ့အခါ ဘာတွေလုပ်ကြမလဲ ။
နို့ချောင်းပိတ်ခြင်းကိုဘာတွေကအဖြစ်များစေတာလဲ
နို့ချောင်းပိတ်တာကိုသက်သာအောင်ဘယ်လိုလုပ်ရမလဲမပြောခင် ဘာ့ကြောင့် နို့ချောင်းပိတ်တာလဲအရင်သိဖို့လိုပါတယ်
• နို့ကောင်းကောင်းမထွက်တာ – ကလေးကောင်းကောင်းမစုပ်နိုင်လို့ဖြစ်ဖြစ်၊ မိခင်နဲ့ကလေးခွဲနေတာကြာတော့ နို့မတိုက်ရတဲ့ အခါမျိုးမှာ နို့အုံကြီးတင်းနေတတ်ပြီး နို့ချောင်းပိတ်တဲ့ ပြဿနာဖြစ်တတ်ပါတယ်။
• ကြပ်လွန်းတဲ့ အတွင်းခံ ဘရာစီယာ၊ ကားခါးပိတ်ခုံတွေနဲ့ မှောက်အိမ်တာအချိန်ကြာသွားခြင်းကလည်း နို့ချောင်းပိတ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေပါ။
• စိတ်ဖိစီးမှုများခြင်းနဲ့ မိခင်မောပန်းနေခြင်းကလည်း နို့ကောင်းကောင်းမထွက်စေတဲ့ အကြောင်းအရာတွေပါ။
ဒေါ့ကြာင့် နို့ချောင်းတစ်ခုမပိတ်ဖို့ဆိုရင် နို့ကောင်းကောင်းထွက်ပြီးကလေးကကောင်းကောင်းစို့နိုင်ရမယ့်အပြင် ရင်သားကိုတင်းကြပ်နေအောင် မထားဖို့လည်းလိုအပ်ပါတယ်။
ဒီတော့ပိတ်နေတဲ ့နို့ချောင်းတွေ ပြန်ပွင့်အောင် ဒါတွေ လုပ်ကြည့်ပါ
• ရေနွေးအိတ်ကပ်ပါ။ – ရေနွေးအိတ်ဟာတင်းနေတဲ့ကြွက်သားတွေကိုပြေလျော့နိုင်စွမ်းရှိတာကြောင့် နာကျင့်တဲ့ အနာလည်းသက်သာစေမယ့်အပြင် တင်းနေတာလည်းလျော့သွားပြီး နို့လည်း ပြန်ထွက်စေမှာပါ။ အရမ်းကြီးမပူဖို့တော့ လိုတယ်နော်။
• နှိပ်နယ်ပေးလို့ရပါတယ် ။ – နို့မတိုက်ခင် ရင်သားကို နှိပ်ပေးတာမျိုး ဖြစ်ဖြစ်၊ နို့တိုက်နေချိန်မှာရင်သားကိုညှစ်ပေးတာဖြစ်ဖြစ်က နို့ချောင်းကိုမပိတ်စေဘဲ နို့ထွက်များ အောင် လုပ်ပေးနိုင်မှာပါ။ နှိပ်ရမယ့် ပုံစံကတော့ တင်းပြီးခဲနေတဲ့ နေရာကနေ နို့သီးခေါင်းရှိတဲ့ ဘက်ကိုဦးတည် နှိပ်လာရမှာ ဖြစ်ပါတယ်။
• နို့ကိုအကြိမ်ရေများများတိုက်ပေးပါ။- နို့ချောင်းပိတ်လို့ နို့မထွက်ပေမယ့်လည်း နို့ကို နှစ်နာရီခြားတစ်ခါလောက်တိုက်ပေးပါ။ တိ်ုက်တဲ့အခါမှာလည်း နို့ချောင်းပိတ်တဲ့ ဘက်ကစတိုက်ပေးပါ။ ပိတ်နေတဲ့ဘက်ကအရမ်းနာတယ်ဆိုရင်တော့ အခြားတစ်ဘက်ကိုခဏလောက်ပြောင်းတိုက်ပေးပြီးသက်သာသွားတာနဲ့ နို့ချောင်းပိတ်တဲ့ဘက်ကို ပြန်ပြောင်းတိုက်ပါ။ နို့ချောင်းပိတ်တာကိုဖြေရှင်းဖို့ အဓိကအကျဆုံးက နို့ထွက်ဖို့ပါပဲ။
• အနားယူပါ – မွေးကင်းစကလေးတစ်ယောက်နဲ့ အလုပ်ရှုပ်နေမှာကိုသိနေပေမယ့်အနားကောင်းကောင်းယူပြီးအစားကောင်းကောင်းစားဖိုကလည်းအရေးကြီးပါသေးတယ်။
• တကယ်လို့ အပေါ်မှာပြောခဲ့တဲ့ နညေ်းတွ လုပ်တာတောင် အဆင်မပြေဘူး၊ ရင်သားကလည်းအရမ်းတင်းပြီးနာနေတယ်၊ ကိုယ်တွေလည်းပူမယ်ဆိုရင်တော့ ဆရာဝန်ဆိီသွားပြဖို့လိုအပ်နေပါပြီ ။ ။

















