စင်ကာပူနိုင်ငံက ပြည်နှင်ဒဏ်ပေး၍ မြန်မာနိုင်ငံသို ့ ပြန်လည်ရောက်ရှိလာသော AA အဖွဲ့နှင့်ဆက်စပ်သည့် ငွေတု ပြုလုပ်သော မသင်္ကာတရားခံတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ ့မှူးရုံးက ယနေ့ဇူလိုင်၁၃ရက်၌ သတင်းထုတ်ပြန်သည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ ့တပ်ဖွဲ့ဝင်များသည် အဆိုပါမသင်္ကာတရားခံတို့နှင့် ပတ်သက်၍ဖော်ထုတ် ဖမ်းဆီးရမိရေး ဇူလိုင် ၁၁ရက်တွင် ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေ၆နာရီ၄၅မိနစ်တွင် ပလွေးယာဉ်ရပ်နားကွင်းတွင် ရပ်နားထားသည့် အငှားယာဉ်မောင်း ကိုမြတ်လင်းဦး(၃၈)နှစ်(သာကေတမြို့နယ်နေသူ) မောင်းနှင်လာသော GG/----. Succeed. ခဲရောင်ယာဉ်နှင့် လိုက်ပါလာသည့် ဆက်စပ် မသင်္ကာတရားခံ ကိုတင်လှိုင်ဦး(၃၈)နှစ်( အင်ဂျင်နီယာ၊ လှိုင်မြို့နယ်နေသူ)နှင့် မအေးမြတ်မွန်(၂၉)နှစ်(တောင်ဥက္ကလာပ မြို့နယ်နေသူ) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ထို့နောက် ဖမ်းဆီးရမိသူတို့ကို သက်ဆိုင်ရာဌာနသို ့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။
စင်ကာပူတွင် ဖမ်းဆီးခံရသည့် ရခိုင်အသင်းဝင်ခြောက်ဦးအနက် ကိုတင်လှိုင်ဦးနှင့် မအေးမြတ်မွန်တို့နှစ်ဦးသည် ဇူလိုင် ၁ဝ ရက် ည ၁၁နာရီလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
စင်ကာပူတွင် ဖမ်းဆီးခံရသူများသည် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီအရင်းဖြစ်သူ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ အသင်းဥက္ကဌ ကိုဟိန်းဇော်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသားလေး(ခ) ရဲကျော်ထက်၊ မေကြီး(ခ)အေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦးတို့ ဖြစ်သည်။
စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာန၏ ဇူလိုင် ၁ဝ ရက် ထုတ်ပြန်ချက်တွင် မြန်မာအစိုးရအား အကြမ်းဖက် တိုက်ခိုက်နေသည့် အေအေ လက်နက်ကိုင်အဖွဲ့ကို ထောက်ခံရန်အတွက် စည်းရုံးရန် စင်ကာပူနိုင်ငံကို အသုံးချနေသောကြောင့် မြန်မာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးကြောင်း ထုတ်ပြန်ခဲ့သည်။
ယခု ဖမ်းဆီးခံရသူများသည် မြန်မာအစိုးရ သတ်မှတ်ထားသည့် အကြမ်းဖက်အဖွဲ့အေအေနှင့် အဆက်အသွယ်ရှိကြောင်းနှင့် စင်ကာပူနိုင်ငံတွင် မြန်မာအသိုင်းအဝိုင်းကြား လူသစ်စုဆောင်းခြင်း ၊ စည်းရုံးရေးဆင်းခြင်းရန်ပုံငွေကောက်ခံခြင်းတို့ စစ်ဆေးတွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီ ၇ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့်အေအေ ၁ဝနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် အေအေ တံဆိပ်၊ ဝတ်စုံများကို ဝတ်ဆင်သကဲ့သို့ အေအေထိပ်ပိုင်းခေါင်းဆောင်းပိုင်းက မိန့်ခွန်းကို အင်တာနက် လူမှုကွန်ရက်မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း၊အေအေထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့်ပတ်သက်မှုရှိသည့် စင်ကာပူ ပြည်ထဲရေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စင်ကာပူနိုင်ငံ လုံခြုံရေးစိုးရိမ်မှုရှိကြောင်းနှင့် အကြမ်းဖက်မှုများနှင့် ဆက်စပ်လှုပ်ရှားသူများကို နေထိုင်ခွင့်ရုပ်သိမ်း၍ ပြန်ပို့ကြောင်း ထုတ်ပြန်ထားသည်။
ရခိုင်အသင်း (စင်ကာပူ)သည် ရခိုင်လူမျိုးများ ဘာသာရေး၊ လူမှုရေးလုပ်ငန်းများကို စုပေါင်းလုပ်ကိုင်နေသည့် အသင်းဖြစ်သည်။

















