အီတလီဝါရင့်ဂိုးသမား ဘူဖွန်သည် မန်ချက် စတာအခြေစိုက်အသင်းများ၌ ပါဝင်ကစားရန် အခွင့်အလမ်းရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ၎င်း၏အသင်းဟောင်း ဂျူဗင်တပ်စ်သို့ပြောင်း ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။
အသက် ၄၁ နှစ်အရွယ် ဂိုးသမားဘူဖွန်သည် ဂျူဗင်တပ်စ်အသင်း၌ ကာလရှည်ကြာစွာ ကစားခဲ့သူဖြစ်ပြီး အောင် မြင်မှုများရရှိခဲ့သူဖြစ်သည်။ ၎င်းသည် ဂျူဗင် တပ်စ်အသင်းမှထွက်ခွာခဲ့ပြီးနောက် ပြင်သစ် လီဂူးချန်ပီယံ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ သည်။ ဘူဖွန်သည် ပီအက်စ်ဂျီအသင်းတွင် တစ်ရာသီကြာပါဝင်ကစားခဲ့ပြီးနောက် လမ်းခွဲ ခဲ့သည်။
ဘူဖွန်သည် အလွတ်ပြောင်းရွှေ့ကြေး ဖြင့်ပြောင်းရွှေ့ခွင့်ရခဲ့ပြီး ၎င်းအားခေါ်ယူရန် အခြားသောအသင်းများရှိခဲ့သည့်တိုင် ဂျူဗင် တပ်စ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဘူဖွန်သည် နွေရာသီအပြောင်းအရွှေ့ဈေး ကွက်၌ မန်စီးတီးအသင်းသို့ပြောင်းရွှေ့ရန် အခွင့်အလမ်းရှိခဲ့သော်လည်း ပယ်ချခဲ့ခြင်းဖြစ် ကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။ မန်ယူအသင်းကလည်း အတွေ့အကြုံရင့်ကျက် သည့် ဂိုးသမားဘူဖွန်ကိုခေါ်ယူရန် စိတ်ဝင်စား ခဲ့သည်။
မန်ချက်စတာ အခြေစိုက်အသင်းများသည် ဂျူဗင်တပ်စ်အသင်းတွင် ဘူဖွန်ရရှိမည့် လုပ်ခ လစာထပ်ပိုပေး၍ ခေါ်ယူရန် ကမ်းလှမ်းခဲ့ သော်လည်း ဘူဖွန်က ပယ်ချခဲ့ခြင်းဖြစ်သည်။ ဘူဖွန်သည် ဂျူဗင်တပ်စ်အသင်းတွင် တစ်ရာသီ လုပ်ခလစာ ပေါင် ၁ ဒသမ ၃၅ သန်း အကျိုး ခံစားခွင့်ရရှိမည်ဖြစ်သည်။ ဘူဖွန်သည် မန်ယူ နှင့်မန်စီးတီးကိုငြင်းပယ်ခဲ့ရခြင်းမှာ အကြောင်း ရှိနေသည်။ ဘူဖွန်သည် မန်ယူနှင့်မန်စီးတီး တို့၏အဓိကဂိုးသမားများဖြစ်သော ဒီဂီယာ၊ အီဒါဆန်တို့၏ ဒုတိယဦးစားပေးဂိုးသမားအဖြစ် ကစားရန် စိတ်ဝင်စားခြင်းမရှိပေ။ ဘူဖွန်သည် အီတလီလက်ရွေးစင်အသင်းအတွက် ၁၇၆ ပွဲ ကစားခဲ့သူလည်းဖြစ်သည်။
လန်ဒန်အခြေစိုက် ဝက်စ်ဟမ်းသည် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂူအင်ကိုခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဂျူဗင်တပ်စ်ကပယ်ချ ခဲ့ကြောင်း တက်တိုစပို့စ်သတင်းစာက ဖော်ပြ ခဲ့သည်။ ဝက်စ်ဟမ်းသည် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ခဲ့သော အာနော်တိုဗစ်နေရာအစား ထိုးရန် လိုအပ်နေသည်။














