ဘဏ်ခွဲစာရေးက အခြားငွေစာရင်းမှသိန်း၂၁၀ဝကို ရည်းစား၏ ငွေစာရင်းသို့လွှဲပေး

ဘဏ်ခွဲစာရေးက အခြားငွေစာရင်းမှသိန်း၂၁၀ဝကို ရည်းစား၏ ငွေစာရင်းသို့လွှဲပေး

မရမ်းကုန်းမြို့နယ်တွင် ဘဏ်ခွဲအငယ်တန်းစာရေးက အခြားငွေစာရင်းတစ်ခုမှ ကျပ်သိန်း ၂၁၀ဝ ကို ရည်းစားဖြစ်သူ၏ ငွေစာရင်းသို့ လွှဲပြောင်းကာ ယုံကြည်အပ်နှံမှု ဖောက်ဖျက်ခဲ့သဖြင့် သက်ဆိုင်ရာက ဇူလိုင် ၁၅ ရက်တွင် အမှုဖွင့် အရေးယူထားသည်။
 

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဧရာဝတီဘဏ်ခွဲ(၄၅)တာဝန်ခံ မအိသူမြင့်က သက်ဆိုင်ရာသို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုင်ကြားရာတွင် ဘဏ်လုပ်ငန်းဆောင်ရွက်နေစဉ် ၎င်းဘဏ်မှ အငယ်တန်းစာရေး မနှင်းဦးဝေ(၂၆)နှစ်က စာရင်းပိုင်ရှင် ဒေါ်ကြင်မြင့်(၅၅)နှစ်ပိုင်ဆိုင်သည့် ငွေစာရင်းအမှတ်ကိုသုံးစွဲ၍ ကျပ်သိန်း ၂,၁၀ဝ ကို ၎င်း၏ရည်းစားဖြစ်သူ ဖြိုးဝေစိုး(၂၅)နှစ်၏ ငွေစာရင်းသို့လွှဲပြောင်းပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဖြိုးဝေစိုးက ကျပ်သိန်း ၂,၁၀ဝ အနက်မှ ကျပ် ၁,၇၀ဝ သိန်းကို လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ(၂)မှ ထုတ်ယူသွားခဲ့ကြောင်းတွေ့ရှိခဲ့သောကြောင့် ၄င်းတို့ နှစ်ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မရမ်းကုန်းမြို့မရဲစခန်းက (ပ)၁၂၄၀/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၁၁၄ အရ အမှုဖွင့်ပြီး အငယ်တန်းစာရေး မနှင်းဦးဝေကိုဖမ်းဆီးကာ ဖြိုးဝေစိုးကိုဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိသည်။