ကြွက်သားတက်စေဖို့ ပရိုတင်းဖျော်ရည်တွေကိုဘယ်လိုနည်းမှန်လမ်းမှန်သောက်မလဲ

ကြွက်သားတက်စေဖို့ ပရိုတင်းဖျော်ရည်တွေကိုဘယ်လိုနည်းမှန်လမ်းမှန်သောက်မလဲ

ကြွက်သားတက်အောင် ကြိုးစားနေတဲ့သူတိုင်းပရိုတင်းshakeဆိုတာကိုသိကြမှာပါ။ ပိန်ရာကနေဘော်ဒီတောင့်အောင်လုပ်ပေးတဲ့နေရာမှာ ပရိုတင်း shake တွေ ကဆရာကြီးလေ။ ဒီလိုသောက်လိုက်ရင် ကြွက်သားတက်အောင် လုပ်ပေးတာကတော့ ဟုတ်ပါပြီ။ ဘယ်လိုအချိန်တွေမှာသောက်ရမယ် ဆိုတာများရှိဦးမလား။

ကြွက်သားတက်ချင်ရင် အသားတွေ စားပေးရင် မရဘူးလား

ကြွက်သားတက် ဗလတောင့်ချင်ရင် လိုအပ်တဲ ့ပရိုတင်းကိုနေ့စဉ်ပုံမှန်စားပေးဖို့ လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ ကြွက်သားတက်ချင်ရင် ပရိုတင်းစားပေးဖို့လိုတယ်ဆိုတာ မှန်ပေမယ့် နည်းသွားရင်  အကျိုးမရှိတာမျိုးမဖြစ်တော့သလိုများလွန်းပြီးအရမ်းကြွက်သားကြီးနေတာမျိုးမဖြစ်ရအောင် မှန်ကန်တဲ့ ပမာဏတော့ ဖြစ်ဖို့လိုပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒီလိုမှန်ကန်တဲ့ ပရိုတင်းပမာဏကိုစားဖြစ်ဖို့ဆိုတာအပြောကသာလွယ်ပေမယ့် တကယ်တမ်းလိုက်လုပ်ကြည့်ရင် မလွယ်ကူလှပါဘူး။ အသားတွေစားပဲတွေစားဘယ်လောက့်ပဲပြောပြောချက်လိုက်တာကြောင့် အနည်းငယ်လျော့သွားမယ့်ပရိုတင်းတွေရယ်၊ ချက်ဖို့ပြုတ်ဖို့ မအားလပ်တာရယ်၊ ဘယ်အသားမှာပရိုတင်းဘယ်လောက်ပါဘဲသေချာမသိတာတွေကြောင့် ပရိုတင်းတွေ စားသာစားနေပေမယ့် ကြွက်သားတက်နှေး နေတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒီလိုနဲ့ ပရိုတင်းအမှုန်တွေ့၊ ပရိုတင်းအားဆေးတွေ ပေါ်လာရတာဖြစ်ပါတယ်။ သူတို့ကကျတော့ ဘယ်နှစ်ဇွန်း၊ ဘယ်နှစ်ခွက်ဆိုရင် ပရိုတင်းပမာဏဘယ်လောက်ရမယ်ဆိုတာတွေ သေချာတွက်ချက်ပြီးသားဖြစ်တာကြောင့်ပါ။ အဲဒီထဲမှာမှ မနက်ပိုင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွေကပရိုတင်းသောက်သင့်ဆုံးအချိန်တွေံပါ။ အသေးစိတ်ကိုထပ်လေ့လာကြည့်ရအောင် ။ ။
မနက်ပိုင်း ။ 

အမိုင်နိုအက်ဆစ်တွေဆိုတာပရိုတင်းရဲ့  အစိတ်အပိုင်းလေးတွေ ဆိုတာအားလုံးသိကြမှာပါ။ ကိုယ်ခန္ဓာကနေယူပြီးသုံးစွဲဖို့ ပရိုတင်းကအမိုင်နိုအက်ဆစ်ပုံကိုပြောင်းပေးရပါတယ်။ အိပ်နေတဲ့အချိန်ဆိုရင် ကိုယ်ခန္ဓာကိုယ်ထဲမှာဒီအမိုင်နိုအက်ဆစ်ပမာဏအနည်းဆုံးရှိနေတာပါ။ နောက်ပြီးညစာစားခဲ့တဲ့အချိန်နဲ့ နောက်တစ်ရက် မနက်စာစားမယ့်အချိန် ကြားထဲကကွာခြားမှုဟာ ၁၂ နာရီလောက်တောင်ရှိနေတာကြောင့် မနက်နိုးနိုးချင်းအချိန်ကကိုယ်တွင်းက ပရိုတင်းပမာဏ အ နည်းဆုံးရှိနေတဲ့အချိန်ပါ။ ဒေါ့ကြာင့် မနက်နိုးနိုးချင်းပရိုတင်းသောက်တာဟာကိုယ်ခန္ဓာအတွက် တကယ်ကိုအကျိုးရှိတဲ့ အရာတစ်ခုပါ။ ပရိုတင်းချည်းပဲသောက်ပြီးမနက်စာမစားလို့တော့မဖြစ်ပါဘူး။ မနက်စာမစားတဲ့အခါ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ energy အတွက် ကြွက်သားတွေ၊ အဆီတွေကို ဖြိုခွဲပြီးသုံးရတာကြောင့် တည်ဆောက်၇မယ့် ကြွက်သားတွေ  အကုန်ပြိုကွဲကုန်တာကြောင့် မနက်စာလည်းစားပေးဖို့လိုပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း 

ကြွက်သားတက်စေဖို့ လေးပင်တဲ့  အလေးတုံးတွေကိုမတာ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ရတာကြောင့် ကုန်ခမ်းသွားတဲ ့အားအင်တွေကိုပြန်ဖြည့်ဖို့၊ ပြိုကွဲသွားတဲ့ ကြွက်သားတွေကို ပြန်ပြီးတည်ဆောက်ဖို့အတွက် ပရိုတင်းပမာဏများများ ပြန်စားပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းအချိန်ဟာ ကြွက်သားပြန်တည်ဆောက်ဖို့အကောင်းဆုံးအချိန်တစ်ခုပါ။
ဘယ်လိုအမျိုးအစားပရိုတင်းကိုရွေးမလဲ။

ကြွက်သားတက်စေဖို့ ကိုယ်သောက်တဲ ့အချိန်တွေကလည်းအရေးကြီးသလိုဘယ်လိုပရိုတင်းအမျိုးအစားကိုရွေးချယ်သောက်မလဲဆိုတာကလည်းစကားပြောပါသေးတယ်။ မနက်ပိုင်းအချိန်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းအချိန်တွေမှာပရိုတင်းမြန်မြန်ဆန်ဆန်ရဖို့လိုအပ်တာကြောင့် အဲဒီအချိန်တွေမှာ fast-absorbing protein supplement အမျိုအစားကိုရွေးချယ်သင့်ပါတယ်။ ပဲပိစပ်တို့ casein တို့ကိုအခြေခံထုတ်ထားတဲ့ ပရိုတင်းတွေထက်စာရင် ကြက်ဥတွေကိုအခြေခံပြီးထုတ်ထားတဲ့ ပရိုတင်းအမှုန့်တွေကပိုပြီးစုပ်ယူရလွယ်ကူမြန်ဆန်ပါတယ်။

ဘယ်လောက်သောက်ကြမလဲ 

ဘယ်အချိန်သောက်ရမလဲ၊ ဘာအမျိုးအစားသောက်ရမှာလဲသိသိပြီးဆိုတော့ ဘယ်လောက်သောက်ရမှာလဲကျန်သေးတာပေါ့။ ကြွက်သားတည်ဆောက်မှုကိုအားပေးဖို့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းအချိန်မှာပရိုတင်း ၁၅ ဂရမ်လောက်သောက်ပေးဖို့လိုပါတယ်။ အားကစားသမားတွေအတွက်တော့ Training ဝင်ပြီးပြီးချင်းပရိုတင်း ၃၀ ဂရမ်ကနေ ၄၀ ဂရမ်လောက်အထိ ပြန်သောက်ပေးဖို့လိုအပ်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021