ဘေဘီလေးရဲ့ ပါးစပ်မှာ အမြှုပ်လေးတွေ စီနေတာကို မြင်လိုက်တဲ့ မိဘတိုင်းစိုးရိမ်သွားတတ်သူချညး်ပါ။ ဒါပေမယ့် ဒီလိုအမြှုပ်လေးတွေစီနေတာပုံမှန်ဖြစ်တတ်တာလည်း ဖြစ်နိုင်သလိုအခြားစိုးရိမ်ရတဲ့ ပြဿနာတွေ ကလေးမှာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပေါးလးထဲမှာတော့ ကလေးပါးစပ်မှာအမြှုပ်တွေစီနေတဲ့အခါ ဘယ်လိုပုံစံမျိုးရှိနေရင် စိုးရိမ်ရမလဲဆိုတဲ ့အကြောင်းလေးပြောပြပေးချင်ပါတယ်။
ကလေးကအေးအေးချမ်းချမ်နဲ့ အိပ်နေတယ် ၊ဖျားတာ အသက်ရှူရခက် နေတာမျိုးလည်းမရှိဘူးဆိုရင် ကလေးပါးစပ်ကအမြှုပ်တွေကစိတ်ပူစရာမရှိဘူးဆိုပေမယ့် ခုပြောပြမယ့် အခြေအနေတွေ ကလေးမှာရှိနေပြီဆိုရင် ဆရာဝန်ဆီချက်ချင်းသွားဖို့လိုပါပြီ။ ဘာတွေလဲဆိုတာဆက်ကြည့်ရအောင် ။
• ပါးစပ်မှာအမြှုပ်တွေ တစ်ချိန်လုံးထွက်နေတာအပြင် ကလေးက အသက်ရှူလမ်းကြောင်းပိတ်နေသလိုအသက်ရှူရခက်နေတာမျိုး၊ နို့သီးသွားတာမျိုး၊ ဖျားနေတာမျိုးတွေ ရှိပြီးမလန်းဘဲတစ်ချိန်လုံးဂျီကျမျိုးတွေရှိနေရင် ဆရာဝန်ဆီသွားသင့်ပါတယ်။ ဒါတွေကမတည့်တာတွေ စားမိတာ၊ အသက်ရှူလမ်းကြောင်းပိုးဝင်တာနဲ့ အခြား အစာခြေစနစ်နဲ့ ဆိုင်တဲ့ ပြဿနာတွေ ကလေးမှာရှိနေနိုင်တာကြောင့်ပါ။
• ဒီနေ့မှ ကာကွယ်ဆေးထိုးလာတယ်၊ ကလေးပါးစပ်မှာလည်းအမြှုပ်လေးတွေထွက်နေမယ်ဆိုရင် ဒါ ထိုးလိုက်တဲ့ ကာကွယ်ဆေးကိုကလေးကိုယ်ခန္ဓာက ပြန်တုံပြန်တာမျိုး ဖြစ်နိုင်တာကြောင့် ဒီလိုအခြေအနေမျိုးတွေ ရှိခဲ့ရင် ဆရာဝန်ကိုချက်ချင်းပြောပါ။
• ကလေးနဲ့ မရင်းနှီးတဲ ့အစားအစာအသစ်တွေ စကျွေးတဲ့အချိန်မှာကလေးပါးစပ်ကနေအမြှုပ်လေးတွေ ထွက်နိ်ုင်ပါတယ်။ ဒါကကလေးကိုယ်ခန္ဓာကသင်ကျွေးလိုက်တဲ ့အစားအစာအသစ်ကိုမယဉ်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ရတာကြောင့် အဲဒီအစားအစာကလေးကိုဆက်မကျွေးပါနဲ့တော့။ အခြားပြင်းထန်တဲ့ အစာအဆိပ်သ့င့်ပြဿနာတွေဖြစ်တဲ့ စားပြီးပြန်အန်တာ၊ ဖျားနာတာ၊ ဝမ်းလျှောတာမျိုးရှိခဲ့ရင်တော့ ဆေးခန်းချက်ချင်းသွားပြပါ။
• ကလေးပါးစပ်မှာလည်းအမြှုပ်လေးတွေ တစ်ချိန်လုံးစီနေတယ်၊ ကလေးကရွယ်တူတွေနဲ့ယှဉ်ရင် ပိုသေးနေပြီးထွားသင့်သလောက်တောင် မထွားလာတဲ့အခါမျိုးမှာဆရာဝန်ဆီသွားစစ်ဆေးဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးရဲ့ အစာခြေစနစ်မှာတစ်ခုခုဖြစ်နေပြီး အစာခြေရည် တွေ ပြန်ဆန်တက်နေတာကြောင့် အာဟာရတွေရသင့်သလောက်မရဘဲကလေးညှက်နေရခြင်း ဖြစ်နိ်ုင်လို့ပါ။
• ပါးစပ်မှာစီနေတဲ့ အမြှုပ်တွေကအဖြူရောင် အကြည်ရောင်မဟုတ်ဘဲအစိမ်းရောင်၊ အဝါရောင် ၊ ခရမ်းရောင် အနီရောင်တွေဖြစ်နေမယ်ဆိုရင် ကလေးကိုယ်ခန္ဓာမှာရောဂါပိုးဝင်နေတာ ( ဒါမှ မဟုတ် ) ကြီးကြီးမားမားကျန်းမာရေး ပြဿနာတစ်ခုခုရှိနေပြီလို့ ယူဆရတာကြောင့် ဆရာဝန်ဆီချက်ချင်းသွားစေချင်ပါတယ်။
• အသက်ရှူရခက် နေတဲ့ပုံလည်းဖြစ်နေတယ် ကလေးပါးစပ်မှာအမြှုပ်လေးတွေလည်းစီနေမယ် ကလေးကပန်းရောင်မဟုတ်တော့ဘဲပါးစပ်တွေ လက်တွေ ကလည်းအပြာရောင် ပြောင်းသွားမယ်ဆိုအသက်ရှူလမေ်းကြာင်းပိတ်နေတာဖြစ်နိုင်တာကြောင့် ဆေးရုံဆေးခန်းကိုချက်ချင်းပြေးစေချင်ပါတယ်။
ပါးစပ်မှာအမြှုပ်ထွက်တတ်တဲ့ ကလေးကိုဘယ်လိုပြုစုကြမလဲ
အပေါ်မှာစိုးရိမ်စရာလိုတဲ့အခြေအနေတွေကိုပဲတန်းစီပြောခဲ့တာကြောင့် ကလေးပါးစပ်ကအမြှုပ်ထွက်တာစိုးရိမ်စရာလို့ထင်နေကြပါဦးမယ်။ အပေါ်မှာပြောထားတဲ့အခြေအနေတွေလိုမျိုးအသက်ရှူရခက်တာ၊ ဖျားတာအန်တာတွေ ဘာမှ မရှိဘူးကလေးကလည်းလန်းနေတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ငယ်သေးတဲ့ကလေးတွေမှာဒီလိုမျိုးပါးစပ်ကနေအမြှုပ်လေးတွေ စီနေတာမျိုးဖြစ်တတ်ပါတယ်။ အရပ်ထဲမှာဆို ဘူးမှုတ်တယ်လို့တောင် ခေါ်ကြတယ်လေ။ ဒီတော့ ဒီကလေးတွေကိုမေမေတို့ဘက်ကကူညီပေးနိုင်တာတွေကတော့
• နို့ကိုတစ်ခါတည်းအများကြီးမတိုက်ပါနဲ့။တစ်ခါတိုက်ရင် တစ်ဘက် ၁၀ မိနစ်လောက်တိုက်ပြီးနားပါ။ ကလေးကမဝသေးဘူးဆိုရင် နောက် ၁၅ မိနစ်ကြာမှပြန်တိုက်ပါ။
• နို့ဘူးတိုက်နေတယ်ဆိုရင် နို့သီးခေါင်းပေါက်မကျယ်တဲ့ နို့ဘူးမျိုးကိုရွေးချယ်ပါ။ နို့ဘူးကိုသေချာသန့်ရှင်းရေးလုပ်ပါ။
• ကလေနဲ့ မတည့်ဘူးလို့ထင်တဲ့ အစားအစာတွေကိုစာရင်းပြုစုထားပြီးမကျွေးမိအောင် ဂရုစိုက်ပါ။
• လေအောင့်လေထိုးဖြစ်တတ်တဲ့ကလေးတွေကလည်းဘူးမှုတ်တတ်တဲ့အတွက် ကလေးကိုကျောလေးကိုပွတ်ပွတ်ပြီးလေထုတ်ပေးပါ။

















