ဂျူဗင်တပ်စ်အသင်းနှင့်စာချုပ်ရန် တူရင်မြို့သို့ ဒီလစ်ရောက်ပြီ

ဂျူဗင်တပ်စ်အသင်းနှင့်စာချုပ်ရန် တူရင်မြို့သို့ ဒီလစ်ရောက်ပြီ

နယ်သာလန်နောက်ခံလူ ဒီလစ်သည် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် အတွက် သီးသန့်လေယာဉ်ဖြင့် အီတလီနိုင်ငံ တူရင်မြို့သို့ ရောက်ရှိခဲ့ကြောင်း ဘီဘီစီကဖော် ပြခဲ့သည်။ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ဒီလစ်သည် အေဂျက်အသင်းခေါင်းဆောင် ဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ သည်။

ဥရောပအသင်းကြီးများဖြစ်သော ဘာစီ လိုနာ၊ ပီအက်စ်ဂျီနှင့် မန်ယူအသင်းတို့က ဒီလစ်အားခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ဒီလစ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမား စီရိုနယ်ဒိုပါဝင်ကစားနေသော ဂျူဗင်တပ်စ် အသင်းကိုသာ ရွေးချယ်ခဲ့သည်။ ဂျူဗင်တပ်စ် အသင်းသည် ဒီလစ်ကိုခေါ်ယူရန် ပြောင်းရွှေ့ ကြေး ပေါင် ၆၇ ဒသမ ၅ သန်းအသုံးပြုခဲ့ရ သည်။

ဒီလစ်သည် စီးရီးအေချန်ပီယံ ဂျူဗင် တပ်စ်အသင်းနှင့် ၅ နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ် ပြီး တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းခြောက် ထောင် အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။

ဒီလစ်သည် ဇူလိုင် ၁၆ ရက်ညပိုင်းက အီတ လီနိုင်ငံ တူရင်မြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကားပေါ်သို့မတက်မီ လက်မထောင်ပြ၍နှုတ် ဆက်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသို့ ပြောင်း ရွှေ့ရောက်ရှိခဲ့၍ ပျော်ရွှင်မိကြောင်း ဒီလစ်က ပြောဆိုခဲ့သည်။ ဒီလစ်သည် နယ်သာလန်လက် ရွေးစင်အသင်းအတွက်လည်း ၁၇ ပွဲကစားခဲ့ ရာ ၂ ဂိုးသွင်းပေးနိုင်ခဲ့သည်။ ဒီလစ်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၆ ခုနှစ်က စတင်ခဲ့သူဖြစ်ပြီး ဒီလစ်သည် ၂၀၁၈ - ၁၉ ဘောလုံးရာသီတွင် အေဂျက်အသင်း အတွက် ၅၅ ပွဲကစားခဲ့ရာ ၇ ဂိုးသွင်းပေးခဲ့ သည်။ ၎င်း၏ပရိုကစားသမားဘဝ ၁၃၄ ပွဲ ကစားခဲ့ရာ ၁၄ ဂိုးသွင်းယူထားသူလည်းဖြစ် သည်။

ဂျူဗင်တပ်စ်သည် နွေဈေးကွက်၌ ဒီလစ်၊ ရမ်ဆေး၊ ပယ်လီဂရီနီ၊ ရာဘီယော့၊ ဘူဖွန်နှင့် ဒီမီရယ်တို့ကိုခေါ်ယူထားသည်။ ဂျူဗင်တပ်စ် သည် ရာသီကြို အိုင်စီစီဖလားကစားမည်ဖြစ် ပြီး ဇူလိုင် ၂၂ ရက်တွင် စပါးနှင့်စတင်ကစား မည်ဖြစ်သည်။ ဂျူဗင်တပ်စ်သည် အင်တာမီ လန်၊ ကေလိဂ်အောစတား၊ အက်သလက်တီ နှင့် ကစားဦးမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး