၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအာရှဇုန် (ဒုတိယအဆင့်) မဲခွဲ မြန်မာအသင်း အုပ်စု(စ)တွင် ဂျပန်နှင့် တစ်အုပ်စုတည်းကျ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအာရှဇုန် (ဒုတိယအဆင့်) မဲခွဲ မြန်မာအသင်း အုပ်စု(စ)တွင် ဂျပန်နှင့် တစ်အုပ်စုတည်းကျ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအာရှဇုန် (ဒုတိယအဆင့်)နှင့် ၂၀၂၃အာရှဖလားခြေစစ်ပွဲ (ဒုတိယအဆင့်) ပွဲစဉ်များ အုပ်စုမဲခွဲပွဲအခမ်း အနားကို ဇူလိုင် ၁၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။

အတူကျရောက်

မဲခွဲရွေးချယ်မှုရလဒ်များအရ မြန်မာလက် ရွေးစင်အသင်းသည် အုပ်စု(စ)တွင် ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယား စသည့် အသင်းများနှင့် အတူကျရောက်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲစဉ်များ နှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ခြေစစ်ပွဲစဉ် များတွင် ဖီဖာအဆင့် သတ်မှတ်ချက်များအရ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရ ၃၄သင်း၊ ပထမအဆင့် ခြေစစ်ပွဲမှ တက်ရောက်လာသည့် အသင်း ခြောက်သင်း စုစုပေါင်းအသင်း ၄၀ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် စက်တင်ဘာ ၅ ရက်တွင် အဝေးကွင်း၌ မွန်ဂိုလီးယားအသင်း၊ စက်တင်ဘာ ၁၀ရက်တွင် အိမ်ကွင်း၌ ဂျပန်အသင်း၊ အောက်တိုဘာ ၁၀ ရက်တွင် အဝေးကွင်း၌ ကာဂျစ္စတန်အသင်း၊ နိုဝင်ဘာ ၁၄ရက်တွင် အိမ်ကွင်း၌ တာဂျစ် ကစ္စတန်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် အိမ်ကွင်း၌ မွန်ဂိုလီးယားအသင်း၊ ၂၀၂၀ပြည့် နှစ် မတ် ၂၆ရက်တွင် အဝေးကွင်း၌ ဂျပန် အသင်း၊ မတ် ၃၁ရက်တွင် အိမ်ကွင်း၌ ကာဂျ စ္စတန်အသင်း၊ ဇွန် ၉ရက်တွင် အဝေးကွင်း၌ တာဂျစ်ကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဒုတိယအဆင့်ပွဲစဉ်များကို အသင်းငါးသင်း ပါ အုပ်စုရှစ်ခုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု တစ်ခုစီမှ ထိပ်ဆုံးရှစ်သင်းနှင့် အကောင်းဆုံး ဒုတိယလေးသင်းမှာ ကမ္ဘာ့ဖလားတတိယ အဆင့် ခြေစစ်ပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ပြီး အာရှဖလားခြေစစ်ပွဲအောင်မြင် မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး