တပ်မတော်ခေါင်းဆောင်လေးဦး ပိတ်ဆို့အရေးယူခံရ မှု မြန်မာနိုင်ငံအတွက် ပိုမိုခက်ခဲစေမည်ဟု ဦးဇော်ဌေးဆို

တပ်မတော်ခေါင်းဆောင်လေးဦး ပိတ်ဆို့အရေးယူခံရ မှု မြန်မာနိုင်ငံအတွက် ပိုမိုခက်ခဲစေမည်ဟု ဦးဇော်ဌေးဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အပါအဝင် တပ်မ တော်ခေါင်းဆောင်လေးဦးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှု ပြုလုပ်လိုက်ခြင်းသည် မြန်မာနိုင်ငံရင်ဆိုင်နေ ရသော ပြဿနာများအတွက် ပိုမိုခက်ခဲစေမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ဇူလိုင် ၁၇ ရက်က သမ္မတအိမ်တော်၌ သတင်းထောက်များအား ပြောဆိုခဲ့သည်။

စိန်ခေါ်မှု

"နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို အချိန်နဲ့အခွင့်အလမ်း ပေးအပ် ဖို့လိုမှာဖြစ်ပါတယ်။ ဒါမှလည်း ICOEအနေနဲ့ ခိုင်မာတဲ့ အစီရင်ခံစာ တစ်စောင်ထုတ်ပြန် နိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ပိတ်ဆို့အရေးယူ မှုတွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ အထောက်အကူမပြုတဲ့အပြင် လက်ရှိ မြန်မာ နိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ စိန်ခေါ် မှုတွေကိုပိုပြီး ခက်ခဲစေမှာဖြစ်ပါတယ်"ဟု ဦးဇော်ဌေးက ပြောဆိုသည်။

ကော်မရှင်

မြန်မာနိုင်ငံအစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု Accountability ကိစ္စများနှင့် စပ်လျဉ်း၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ( ICOE)ကို ဖွဲ့စည်းတာဝန်ပေးအပ် ထားပြီးဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လည်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)မှာ ဖြစ်ပွား ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း ၎င်းက ပြောဆိုသည်။

ပိတ်ပင်ခဲ့

ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်စွပ်စွဲခံရမှုကြောင့် နိုင်ငံတကာက မြန်မာ နိုင်ငံကို လက်နက်ရောင်းချခွင့် ပိတ်ပင်နေသည့် ကာလတစ်လျှောက် အစ္စရေးနိုင်ငံတွင်ပြုလုပ် သည့် လက်နက်အရောင်းပြပွဲများကို မြန်မာ တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်ခွင့် ပိတ်ပင်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး