ရေဆန်ကို လှော်ခတ်ခြင်း

ရေဆန်ကို လှော်ခတ်ခြင်း

ယခင်တစ်ပတ်မှအဆက်

 

ထိုအခြေအနေတွင် တောင်သူလယ်သမားနှင့် အလုပ်သမား လူများစုကောင်းစားရေးအတွက် ဆိုရှယ်လစ်စနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် အကောင်အထည်ဖော်မည်ဟူ၍ တော်လှန်ရေးကောင်စီက ၎င်း၏ဝါဒသဘောထား ကြေညာချက်ကို ထုတ်ပြန်ကြေညာလိုက်သောအခါ လက်နက်စွဲကိုင်၍ တောခိုနေကြသော ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ ကွန်မြူနစ်ပါတီနှင့်မြေပေါ်ရှိ လက်ဝဲပါတီအချို့မှအပ မြန်မာပြည်သူအများစုက တော်လှန်ရေးကောင်စီ၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံခဲ့ပေသည်။

သို့ရာတွင် ဆိုရှယ်လစ်စနစ်ကိုကွန်မြူနစ်နိုင်ငံများမှာကဲ့သို့ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ပါတီက တစ်ပါတီစနစ်ဖြင့်တည်ဆောက်မည်ဆိုခြင်းကိုမူနိုင်ငံရေးပါတီများက လက်ခံနိုင်ခြင်းမရှိခဲ့ပေ။ နောက်ပိုင်းတွင် အမျိုးသားစည်းလုံးဦးညွတ်ရေးအတွက် နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းစေခဲ့ရာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တရားဝင်ပြိုင်ဘက်မရှိသော ပါတီဖြစ်လာခဲ့သည်။ ထိုမြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မူဝါဒဘာသာရပ်မှာ တပ်တွင်းပညာပေးသင်တန်းအပါအဝင် လမ်းစဉ်ပါတီက ဦးဆောင်ဖွင့်လှစ်သော သင်တန်းတိုင်းတွင်ပို့ချသည့် အဓိကဘာသာရပ်တစ်ခုဖြစ်လာခဲ့သည်။ 

သမိုင်းဘာသာရပ်နှင့် စီးပွားရေးဘာသာရပ်ဖြစ်သော လူတို့၏ ကုန်လုပ်ဆက်ဆံရေးသမိုင်းတို့မှာလည်း မာ့က်စ်ဝါဒ၏ အခြေခံသဘောတရားအကျဉ်းချုပ်ကိုရယူထားခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လမ်းညွှန်သဘောတရားဖြစ်သော "လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား" မှာလည်း မိမိ၏အမြင်အရဆန့်ကျင်ဘက်ဖြစ်သော ဗုဒ္ဓဝါဒနှင့် မာ့က်စ်ဝါဒတို့ကို (ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအများစုလက်ခံနိုင်အောင်) ဆွဲစပ်ထားခြင်းဖြစ်သည်။ ဗုဒ္ဓဝါဒအရ စိတ်သည်အဓိကကျသည်။ မာ့ခ်စ်ဝါဒအရမူ ရုပ်ကအဓိကဖြစ်သည်။ ထိုအချိန်က နိုင်ငံရေးလောကတွင် စိတ်ကအဓိကကလား၊ ရုပ်ကအဓိကလားဟူ၍ သဘောတရားရေးအရ အငြင်းပွားမှုများ ရှိခဲ့ရာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယင်းအငြင်းပွားမှုကိုရှောင်ရှားပြီး လူတွင်စိတ်နှင့် ရုပ်ဟူ၍ရှိရာ တစ်ခုနှင့် တစ်ခု အပြန်အလှန်အားဖြင့် အကျိုးပြုနေကြသည်။ သို့ဖြစ်၍ စိတ်နှင့်ရုပ်တို့ဖြင့်ဖွဲ့စည်းထားသော ]လူ} သာလျှင် ပဓာနဖြစ်သည်ဟူ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ခံယူခဲ့သည်။ (ဤကဲ့သို့ ထိုခေတ်နိုင်ငံရေးလောကတွင် ရုပ်အဓိက/စိတ်အဓိကဟူ၍ အငြင်းပွားနေကြသောပြဿနာကို လူသာအဓိက၊ လူသာပဓာနဟူသော ခံယူချက် သဘောတရားဖြင့် အစားထိုးဖြေရှင်းပေးခဲ့သူမှာ ထိုစဉ်ကတော်လှန်ရေးကောင်စီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းဖြစ်ကြောင်း ဦးချစ်လှိုင်ခေါ် ဦးကိုကိုမောင်ကြီး၏ "ကျွန်တော်သိသော တစ်ရံရောအခါများ" စာအုပ်တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။) 

တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကြေညာချက်ဖြစ်သော "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ၁၉၆၂ ခုနှစ်၊ဧပြီလတွင်ကျင်းပခဲ့သော တပ်မတော်တပ်မ·းများ ညီလာခံတွင် တော်လှန်ရေးကောင်စီဝင်များနှင့် တပ်မ·းများ အားလုံးအတည်ပြုလက်မှတ်ရေးထိုးပြီး တိုင်းပြည်သို့ အသံလွှင့်ကြေညာခဲ့သည်။ ထိုလမ်းစဉ်ကိုဖတ်လျှင် လူအများနားလည်နိုင်သဖြင့် မိမိအနေဖြင့်လည်း ကောင်းစွာနားလည်ပါသည်။ ကမ္ဘာ့သမိုင်းနှင့် လူတို့၏ကုန်လုပ်ဆက်ဆံရေးသမိုင်းတို့မှာကား မိမိအဖို့ ယခင်ကလေ့လာဖူးခြင်းမရှိသေးသော ဘာသာရပ်များဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လမ်းညွှန်သဘောတရားဖြစ်သော လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားကိုမူ အထက်တွင်ဖော်ပြပြီးဖြစ်သည့်အတိုင်း ဗုဒ္ဓ၏စိတ်ပိုင်းဆိုင်ရာ သဘောတရားများနှင့် ကားလ်မာ့က်စ်၏ ရုပ်ပိုင်းဆိုင်ရာ သဘောတရားများကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ လက်ခံနိုင်စေရန် ဆွဲစပ်ထားခြင်းဖြစ်သည်ဟူ၍ ထင်မြင်ခဲ့ပါသည်။ သို့သော်လူသာပဓာနဆိုသော သဘောတရားကိုမူ မိမိအနေဖြင့်လည်းကောင်း ယုံကြည်ခဲ့သည်။ သို့သော် မိမိအနေဖြင့်ဆိုရှယ်လစ်စီးပွားရေးဆိုင်ရာသဘောတရားများနှင့်ကားလ်မာ့က်စ်၏ ရုပ်ဝါဒတို့ကို ထဲထဲဝင်ဝင် လေ့လာဖူးသူမဟုတ်သောကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ သဘောတရားများကို သင်တန်းသားတစ်ဦးအနေဖြင့် သင်ယူလက်ခံရမည့်အနေအထားတွင်သာ ရှိခဲ့ပါသည်။

ဤသင်တန်းမှာ တပ်မတော်စစ်တိုင်းများက ကြီးကြပ်ကွပ်ကဲသော တပ်တွင်းပညာပေးသင်တန်းဖြစ်ပြီး စစ်တိုင်းအတွင်းရှိ တပ်မတော်အရာရှိများနှင့် အရပ်ဘက်အရာရှိအဆင့်ရှိသူများ တက်ရောက်ကြရသော သင်တန်းဖြစ်ပြီးမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ဝါဒနှင့် သဘောတရားများကို ပို့ချသောသင်တန်းဖြစ်ရာ မိမိအလှည့်ကျ၍တက်ရောက်ရသောသင်တန်းမှာ သင်တန်းအမှတ်စဉ်(၁၈/၇၀)ဖြစ်သည်။ ဗဟိုနိုင်ငံရေးသိပ္ပံ (နောင်တွင်တက္ကသိုလ်) က ဖွင့်လှစ်သော အခြေခံနိုင်ငံရေးသင်တန်းများသို့ တက်ရောက်မည့်သူများကို မြို့နယ်ပါတီယူနစ်များက ရွေးချယ်စေလွှတ်ခြင်းဖြစ်ပြီး ပါတီကေဒါများအဖြစ် လေ့ကျင့်ပျိုးထောင်၍ နောင်တွင် ပါတီတာဝန်ပေးရန် ရည်ရွယ်ချက်ဖြင့် သင်တန်းသားများကို ရွေးချယ်ခြင်းဖြစ်သည်။ တပ်တွင်းပညာပေးသင်တန်းတက်ရန် သင်တန်းသားများကိုမူ တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် သက်ဆိုင်ရာတိုင်း၏ ဌာနအကြီးအကဲက အလှည့်ကျရွေးချယ်ပေးခြင်းဖြစ်သည်။ ပါတီကေဒါအဖြစ်အသုံးပြုရန် ရည်ရွယ်ခြင်းမရှိပေ။ (၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင်မူ တိုင်းတပ်တွင်းပညာပေးသင်တန်းသို့ တက်ရောက်မည့်သင်တန်းသားများကို သက်ဆိုင်ရာ ပါတီယူနစ်များက ရွေးချယ်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။) သို့ဖြစ်၍ တိုင်းတပ်တွင်းပညာပေးသင်တန်းတက်ရောက်ကြသူ အရာရှိများအနေဖြင့် တာဝန်အရတက်ရောက်ကြရသည့်သဘောသာဖြစ်၍ ပို့ချသော သင်ခန်းစာများကို အထူးကြိုးစားလေ့လာခြင်းမရှိကြဘဲ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် သာမန်အားဖြင့် လေ့လာရုံဖြင့် လုံလောက်ပေသည်။ မိမိအနေဖြင့်လည်း သင်တန်းပို့ချချိန်တွင် အာရုံစိုက်၍ နားထောင်ခြင်း၊ ညပိုင်းစာကြည့်ချိန်တွင် ဆိုင်ရာစာအုပ်ကို ဖတ်ရှုခြင်းသာ ပြုလုပ်ခဲ့သည်။သင်တန်းဘာသာရပ်တစ်ခု ပို့ချမှုပြီးဆုံးတိုင်း ယင်းဘာသာရပ်အတွက် စာမေးပွဲဖြေဆိုရသည်ဖြစ်ရာ မိမိအနေဖြင့် အထူးကြိုးပမ်းအားထုတ်ရခြင်းမရှိဘဲ ဘာသာရပ်လေးခုစလုံးတွင် အမှတ်အများဆုံးရရှိခဲ့ပါသည်။ မိမိဖြေဆိုခဲ့ရာ၌ မိမိ၏လုပ်ငန်းအတွေ့အကြုံ၊ စာဖတ်ခဲ့သည့် အတွေ့အကြုံများကို ထည့်သွင်းသုံးသပ်၍ ဖြေဆိုခြင်းကြောင့် စာအုပ်ပါအချက်များအတိုင်း ကျက်မှတ်ဖြေဆိုကြသူများထက် အမှတ်များခြင်းဖြစ်မည်ဟု ယူဆရပါသည်။ 

သင်တန်းဘာသာရပ်တစ်ခုကိုပို့ချပြီးဆုံးတိုင်း ယင်းဘာသာရပ်အတွက်စာမေးပွဲဖြေကြရပြီး ယင်းဘာသာရပ် တွင် အမှတ်အများဆုံးရသူက စင်မြင့်တွင်တက်၍ ယင်းဘာသာရပ်နှင့်စပ်လျဉ်း၍ ဟောပြောကြရပါသည်။ မိမိမှာဘာသာရပ် လေးခုစလုံးတွင် အမှတ်အများဆုံးရထားသူဖြစ်၍ ထိုအခါက အဓိကအကျဆုံးဘာသာရပ်အဖြစ် မှတ်ယူကြသော လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားကို ဟောပြောရန် တာဝန်ကျပါသည်။ ကျန်ဘာသာရပ် သုံးခုအတွက် ဒုတိယအမှတ်အများဆုံးရသူများက ဟောပြောကြပြီးနောက်မှ မိမိကနောက်ဆုံးဟောပြောရသူဖြစ်ပါသည်။ ဟောပြောမှုပြီးဆုံးလျှင် နားထောင်သူသင်တန်းသားများက စာရွက်ဖြင့် ရေးသားမေးမြန်းသော မေးခွန်းများကိုလည်း ဟောပြောသူကဖြေဆိုရပါသည်။ မိမိ၏အလှည့်တွင် အညမညသဘောတရားအကြောင်းပြောရင်းဖြင့် မူလက ရည်ရွယ်စီစဉ်ထားခြင်းမရှိသော ဟာသဖြစ်ရပ်ကလေးများလည်း ပါသွားရာ သင်တန်းသားများ ရယ်မောကြရပါသည်။ မေးခွန်းများကိုဖြေကြားရန်အတွက် မေးခွန်းစာရွက်တစ်ဒါဇင်လောက်ကို အထပ်လိုက်အတိုင်း ဖတ်ကြား၍ မိမိသဘောထားကို ဖြေကြားခဲ့ရာ ယခုရုတ်တရက်မဖြေနိုင်သေး၍ နောက်ဆုံးတွင်မှ ဖြေနိုင်လျှင် ဖြေမည်ဟူ၍ပြောပြီး ဘေးဖယ်ချန်ထားခဲ့သောမေးခွန်းတစ်ခုကို ယခုတိုင်ကောင်းစွာမှတ်မိနေပါသေးသည်။ 

ယင်းမေးခွန်းမှာ "ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေသေးလျှင် ပင်လုံစာချုပ်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့တွင် ပါရှိသည့်အတိုင်း လူမျိုးစုပြည်နယ်များ ကွဲခွဲထွက်ခွင့်ပေးမည်ဟု ယူဆပါသလား"ဆိုသော မေးခွန်းဖြစ်ပါသည်။ မေးခွန်းရှင်မှာ ကရင်အမျိုးသမီး ဆရာဝန်မကြီးဖြစ်ပါသည်။ ယင်းမေးခွန်းကို ပထမအကြိမ် ဖတ်ပြစဉ်က မိမိ၏စိတ်ထဲတွင် အဖြေမရှိခဲ့သော်လည်း နောက်ဆုံးမေးခွန်းအဖြစ် ဒုတိယအကြိမ်ဖတ်ပြီးသောအခါ ကံအားလျော်စွာ မိမိ၏ခေါင်းအတွင်းသို့ ရုတ်တရက်အသိဥဏ်ဝင်ရောက်လာခဲ့ပြီး ဤသို့ဖြေဆိုနိုင်ခဲ့ပါသည်။ "ဗိုလ်ချုပ်အောင်ဆန်းသည် ဘွင်းဘွင်းရှင်းရှင်းပြောတတ်သူဖြစ်၍ ၎င်းလုပ်မပေးနိုင်သည့်၊ သဘောမကျသည့်ကိစ္စကို လုပ်ပေးပါမည်ဟု ကတိပေးလေ့ရှိသူမဟုတ်ကြောင်း၊ ကတိပေးပြီးလျှင်လည်း ကတိအတိုင်းလုပ်သူဖြစ်၍ ပင်လုံစာချုပ်တွင် ၎င်းကိုယ်တိုင်သဘောတူပြီး လက်မှတ်ရေးထိုးထားခဲ့သည့်အတိုင်းပြည်နယ်များ ခွဲထွက်ခွင့်ကို သဘောတူခွင့်ပြုမည်မှာ သေချာပါကြောင်း၊ သို့သော် ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိပြီး နိုင်ငံခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူနေရပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ပေးမည်ဖြစ်သောကြောင့်ခွဲထွက်ခွင့်ပြဿနာပေါ်လိမ့်ဟု မိမိမယူဆပါကြောင်း" ဟူ၍ ဖြေကြားခဲ့ရာ အားလုံးသဘောကျပြီး လက်ခုပ်တီး၍ သြဘာပေးခဲ့ကြပါသည်။ (နောက်နှစ်အတန်ကြာသောအခါတွင် ဤခွဲထွက်ခွင့်ကိစ္စကို ဗိုလ်ချုပ်အောင်ဆန်း သဘောတူခဲ့သည့်ကိစ္စနှင့်စပ်လျဉ်း၍ ရင်းနှီးသူများက ဗိုလ်ချုပ်အားမေးမြန်းခဲ့ရာ၌ ဗိုလ်ချုပ်က "ဆယ်နှစ်ကြာလို့မှ တိုင်းရင်းသားတွေက ခွဲထွက်ခွင့်တောင်းဆိုနေဦးမယ်ဆိုရင် မင်းတို့ ငါတို့ဗမာတွေညံ့ဖျင်းလို့ပေါ့ကွာ" ဟူ၍ပြောခဲ့ကြောင်း ဆောင်းပါးတစ်စောင်တွင် ဖတ်လိုက်ဖူးရာတပ်တွင်းပညာပေးသင်တန်းတွင် မိမိဖြေဆိုခဲ့သော အဖြေနှင့် သဘောအားဖြင့်တူညီသဖြင့် မိမိကျေနပ်မိပါသည်။) 

သင်တန်းပြီးဆုံးကာနီးတွင် အညမညသဘောတရားနှင့်စပ်လျဉ်း၍ စာတမ်းရေးပြီးတင်ကြရသည်။ မိမိ၏ စာတမ်းကို စာမျက်နှာ ၄၀ ပါရှိသော ဗလာစာအုပ်တွင် လက်ရေးဖြင့် ရေး၍တင်ပြခဲ့သည်။ အခြားသော သင်တန်းသားများအနေဖြင့် အညမညသဘောတရားစာအုပ်ပါ အခန်းဖွဲ့စည်းမှုအတိုင်း အကျဉ်းချုပ်၍ ရေးသားတင်ပြကြသော်လည်း မိမိ၏စာတမ်းကိုမူ မိမိ၏စိတ်ကူးဖြင့် အခန်းများနှင့်ခေါင်းစဉ်များခွဲ၍ ရေးသားပြီးတင်ပြခဲ့သည်။ ထိုစာတမ်းကို နည်းပြများက ဖတ်ရှုအကဲဖြတ်သည်ဟု သိရသည်။ 

သင်တန်းပြီးဆုံးသောအခါ စစ်တိုင်းမ·းကိုယ်စား သင်တန်းမ·းက ဌာနဆိုင်ရာအကြီးအကဲမှတစ်ဆင့် ပေးပို့သောသင်တန်းမှတ်တမ်းကို မိမိ၏ကိုယ်ရေးစာတွဲတွင် တွဲသိမ်းထားသဖြင့် ယခုပြန်လည်ကြည့်ရှုသောအခါ အကြောင်းအရာခေါင်းစဉ်အလိုက် ရမှတ်များနှင့် စုစုပေါင်းရာခိုင်နှုန်းရရှိမှတ်တို့ကို ဖော်ပြထားချက်မှာ ခံယူချက် (၄၈၉) မှတ်၊ အရည်အသွေးအကဲခတ်ချက် (၂၁၀)မှတ်၊ နည်းပြလေ့လာသိရှိချက် (၈၅)မှတ်၊ စုစုပေါင်း ရာခိုင်နှုန်း ရရှိမှတ်(၇၈ ဒသမ ၄)နှင့် သင်တန်းဆင်း အရည်အချင်း သတ်မှတ်ချက် သာမန်အထက်/ (ခ) ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အရည်အချင်းသတ်မှတ်ရာတွင် သာမန်အောက်၊သာမန်၊ သာမန်အထက်နှင့် ထူးချွန်ဟူ၍ အဆင့် ခွဲထားကြောင်း လေ့လာသိရှိခဲ့ရပါသည်။ ဤသည်မှာ တပ်မတော်သင်တန်းများ၏ လုပ်ထုံးလုပ်နည်းဖြစ်ပါသည်။ 

တိုင်းမင်းကြီး၏နေအိမ်မှာ သင်တန်းနေရာနှင့်နီးသဖြင့် သင်တန်းကာလအတွင်း ရုံးပိတ်ရက်ညနေပိုင်းတွင် တိုင်းမင်းကြီးအိမ်သို့ သွားရောက်ပြီးတွေ့ဆုံပါသည်။ သင်တန်းတွင်ပို့ချသော ဘာသာရပ်များအကြောင်းကို တိုင်းမင်းကြီးကမေးသဖြင့် မိမိကရှင်းပြရသည်။ ထိုအချိန်က တိုင်းမင်းကြီးသည် ဆိုရှယ်လစ်သဘောတရားဆိုင်ရာစာပေများကို လေ့လာဖတ်ရှုထားပုံမရပေ။ သူမေးသမျှကို မိမိကလည်း မိမိနားလည်ထားသလောက် ရှင်းပြရာ စိတ်ပါဝင်စားစွာနားထောင်ပါသည်။ နောက်တစ်ကြိမ်လာလည်ပါဦးပြောကြားသဖြင့် သင်တန်းဆင်းခါနီးတွင်တစ်ကြိမ်ထပ်မံ၍ သွားရောက်ပြီး သဘောတရားရေးရာကိစ္စများကို ထပ်မံဆွေးနွေးခဲ့ပါသေးသည်။ 

သင်တန်းပြီးဆုံးသောအခါ သရက်ချောင်းမြို့ပိုင်၏ တာဝန်များကိုပြန်လည်ထမ်းဆောင်ရပါသည်။ နှစ်ပတ် သုံးပတ်ခန့်ကြာသောအခါ ရွှေပေလွှာတစ်စောင်ကို လက်ခံရရှိခဲ့ပါသည်။ တိုင်းမင်းကြီးက ခရိုင်ဝန်မှတစ်ဆင့် ထုချေလွှာတောင်းသောစာဖြစ်သည်။ ထုချေလွှာတောင်းခံသည့်အကြောင်းမှာ သင်တန်းကာလအတွင်း မော်လမြိုင်မြို့တွင် ဝမ်းရောဂါများဖြစ်ပွားနေသဖြင့် သင်တန်းပိတ်ရက်တွင် အပြင်ထွက်ခွင့်ပိတ်ထားပါလျက် ဆိုင်ရာသင်တန်း တာဝန်ခံက လာရောက်စစ်ဆေးချိန်၌ သင်တန်းတွင်မတွေ့ရှိရသဖြင့် သင်တန်းစည်းကမ်းဖောက်ဖျက်ခဲ့မှုအတွက် မည်သည့်အကြောင်းကြောင့် ဌာနဆိုင်ရာ အပြစ်ပေးအရေးမယူထိုက်ကြောင်း ထုချေရန်ဖြစ်ပါသည်။ တိုင်းစစ်ဌာနချုပ်သင်တန်းတာဝန်ခံက ဌာနအကြီးအကဲထံ အကြောင်းကြားခြင်းကြောင့်ဖြစ်သည်။ 

ပြဿနာကား ဤသို့ဖြစ်သည်။ မန္တလေးတက္ကသိုလ်တွင် မိမိနှင့်အတန်းတူဘာသာတွဲတူ တက်ခဲ့သော သူငယ်ချင်းတစ်ဦးမှာ မော်လမြိုင်မြို့တွင် အစိုးရဌာနတစ်ခု၏ အကြီးအကဲဖြစ်နေရာ သင်တန်းပိတ်ရက် တနင်္ဂနွေနေ့တစ်နေ့တွင် ၎င်း၏အိမ်၌ ညစာသုံးဆောင်ရန် ဖိတ်ခေါ်ထားသည်။ မိမိအပြင် တပ်မတော်အရာရှိသင်တန်းသား ခေါင်းဆောင်၊ ရဲဝန်ထောက်သင်တန်းသားတစ်ဦးနှင့် ကုန်သွယ်ရေးဝန်ထမ်းသင်တန်းသားတစ်ဦးတို့လည်း ပါသည်။ ယင်းသို့ဖိတ်ကြားပြီးနောက် မော်လမြိုင်မြို့တွင် ကာလဝမ်းရောဂါများဖြစ်ပွားသည်ကိုအကြောင်းပြု၍ သင်တန်းအားလပ်ရက်တွင် အပြင်ထွက်ခွင့်ကိုပိတ်ထားသည်။ ထို့ကြောင့် မိမိလည်းညစာစားရန်ဖိတ်ကြားထားသည်ကိုမေ့နေပြီး ညနေပိုင်းတွင် ရေချိုးအဝတ်လျှော်လျက်ရှိစဉ် ထိုအရာရှိက မိမိတို့အားလာရောက်ခေါ်ဆောင်သဖြင့် အခြားဖိတ်ကြားထားသူများနှင့်အတူ လိုက်ပါသွားခဲ့သည်။ ထိုအချိန်တွင် သင်တန်းကိုကြီးကြပ်ရသူ ဒုအရာခံဗိုလ်က သင်တန်းဆောင်သို့လာရောက်ပြီးစစ်ဆေးရာ မိမိတို့ လေးဦးအပါအဝင် အခြားသင်တန်းသား အရာရှိလေးဦးကိုပါ ပျက်ကွက်သူများအဖြစ် မှတ်သွားကြောင်း၊ ညစာစားပြီး၍်ပြီးဆုံးသွားပြီဟု မှတ်ထင်ခဲ့
ကြသည်။ သို့သော်မပြီးဆုံးဘဲ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တိုင်းမင်းကြီးထံမှ ထုချေလွှာတောင်းခံစာ
ရောက်ရှိလာခြင်းဖြစ်သည်။ (ဆက်လက်ဖော်ပြပါမည်။) ပြန်လာသောအခါသိကြရသည်။ ထိုအရာခံဗိုလ်မှာ စည်းကမ်းတင်းကျပ်သူနှင့် ]ရစ်} တတ်သူဖြစ်ကြောင်းကိုလည်း ကြားသိထားကြသည်။ သို့ဖြစ်၍ သင်တန်းသားခေါင်းဆောင်ဖြစ်သော တပ်မတော်အရာရှိဖြစ်သူအား သင်တန်းတာဝန်ခံဗိုလ်မှူးထံသွားရောက်၍ အကျိုးအကြောင်းရှင်းပြရန်နှင့် အရေးယူခြင်းမှကင်းလွတ်ခွင့်ပြုရန် သွားရောက်ပြောစေရာ ၎င်းအရာရှိက သင်တန်းတာဝန်ခံဗိုလ်မ·းထံ သွားရောက်တွေ့ဆုံ၍ပြန်လာပြီး "အိုကေ" ဟုပြန်ပြောသဖြင့် မိမိတို့လည်း ဤကိစ္စမှာ ဤတွင်



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021