နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံးဟောင်း (ယခင်ဝန်ကြီးများရုံး) တို့အား ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ဒုတိယသမ္မတများဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူနှင့် ဦးကြည်မင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တာဝန်ရှိသူများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ဝင်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သောမော်တော်ယာဉ်၊ ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ပြည်တွင်း ပြည်ပခရီးစဉ်မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော စာပို့တံဆိပ်ခေါင်းများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ စာပို့တံဆိပ်ခေါင်းများ၊ ငွေစက္ကူများနှင့် ငွေအြွေကစေ့များ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုလေ့လာခဲ့သည်။
ဂါရဝပြု
ထို့အပြင် နိုင်ငံတော်သမ္မတသည် ပြတိုက် အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပုံစံတူရုပ်တု၊ ဘုရားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ဧည့်ခန်းနှင့်ထမင်းစားခန်းတို့ကို ကြည့်ရှုခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုအား ဂါရဝပြုကာ ပြတိုက်ဝင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းနေရာနှင့် ရေကန်တို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အတွင်း ဝန်ရုံးဟောင်း(ယခင်ဝန်ကြီးများရုံး) သို့ရောက် ရှိပြီး ဝင်းအတွင်းရှိ အာဇာနည်ခေါင်းဆောင် ကြီးများအတွက်ပြုလုပ်ထားသည့် အထိမ်းအမှတ် ကျောက်တိုင်၊ လွတ်လပ်ရေးမရမီ အသုံးပြု ခဲ့သည့် တိုင်းပြုပြည်ပြုလွှတ်တော်အဆောက် အအုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် အစည်း အဝေးဆောင်တို့ကိုလည်း ကြည့်ရှုလေ့လာခဲ့ သည်။

















