ဘာစီလိုနာကစားသမားကိုယ်စီ အော်ဒီကားများ ကုမ္ပဏီထံပြန်အပ်ရမည်

ဘာစီလိုနာကစားသမားကိုယ်စီ အော်ဒီကားများ ကုမ္ပဏီထံပြန်အပ်ရမည်

ဘာစီလိုနာကစားသမားကိုယ်စီသည် ဂျာမန်ကားကုမ္ပဏီ အော်ဒီမှ မေတ္တာလက် ဆောင်ပေးထားသောကားများကို စပွန်ဆာ စာချူပ်ကုန်ဆုံးခဲ့၍ သုံးပတ်အတွင်း ကုမ္ပဏီထံ ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း စပိန် သတင်းစာအေအက်စ်ကဖော်ပြခဲ့သည်။ နာမည် ကြီးကားကုမ္ပဏီသည် ဘာစီလိုနာအသင်းနှင့် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့စဉ်က စာချုပ်အစိတ် အပိုင်းအရ ကစားသမားများအား မော်ဒယ်စုံ ကားများအသုံးပြုခွင့်ပေးခဲ့သည်။

အော်ဒီကုမ္ပဏီသည် ဘာစီလိုနာအသင်းနှင့် ၁၃ နှစ်ကြာ စပွန်ဆာမိတ်ဖက်လုပ်ခဲ့ခြင်းကို ဖျက်သိမ်းလိုက်ရာ ဇွန် ၃၀ ရက်က စာချုပ်သက် တမ်းကုန်ဆုံးခဲ့သည်။ စာချုပ်ပြည့်ခဲ့ပြီးနောက် အော်ဒီသည် ဘာစီလိုနာကစားသမားများထံမှ ကားများပြန်တောင်းခဲ့ခြင်းဖြစ်သည်။ အော်ဒီ ကုမ္ပဏီသည် ဘာစီလိုနာအသင်းအပြင် ရီးရဲလ် မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နှင့်လည်း အလားတူစာချုပ်ဖျက်သိမ်းခဲ့၍ ကားယူထား သောကစားသမားများမှာ ပြန်အပ်ရတော့မည် ဖြစ်သည်။

ဘာစီလိုနာကစားသမားများသည် အသင်း လေ့ကျင့်ရေးကွင်းသို့လာရောက်ရန် အော်ဒီ ကားများအသုံးပြုနေကြသည်။ စပွန်ဆာစာချုပ် အရ ဘာစီလိုနာကစားသမားများအနက် ဘတ်စ် ကွက်စ်သည် ပေါင် ၁၉၂çဝ၀ဝ တန်ကြေးရှိ ဈေးမြင့်အော်ဒီကားရထားခဲ့သူဖြစ်သည်။ ဘာစီ လိုနာအဓိကတိုက်စစ်မှူး မက်ဆီမှာ ပေါင် ၁၂၇çဝ၀ဝ တန်ကြေးရှိ အော်ဒီအာအက်စ်-၆ မော်ဒယ်ကားရထားသူဖြစ်သည်။ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်နှင့် စပိန်နောက်ခံလူ ပီကေးတို့မှာ မက်ဆီလက်ဆောင်ရထားသည့် ကားအမျိုးအစားကိုသာအသုံးပြုခဲ့သည်။ ဘာစီ လိုနာနည်းပြဗယ်ဗာဒီမှာ ပေါင် ၆၅çဝ၀ဝ တန် ကြေးရှိ အော်ဒီကျူ-၇ မော်ဒယ်ကားရခဲ့သည်။

အော်ဒီကုမ္ပဏီ၏ ပေါင်တစ်သိန်းအောက် တန်ကြေးရှိမေတ္တာလက်ဆောင်ကားများရခဲ့ ကြသူများမှာ ဆီမီဒို၊ စတီဂန်၊ အယ်လ်ဘာ၊ ရာကီတစ်၊ ကော်တင်ဟို၊ ဒမ်ဘီလီ၊ ရောဘတ် တိုနှင့် အမ်တီတီတို့ဖြစ်ကြသည်။ ဘာစီလိုနာ သည် ရာသီသစ်မစမီ ဂျပန်၌ ရာကူတန်ဖလား ပြိုင်ပွဲဝင်မည်ဖြစ်ပြီး ကစားသမားစာရင်းထုတ် ပြန်ခဲ့ရာ ကစားသမားသစ်  ဂရစ်ဇ်မန်းနှင့် ဒီဂျောင်တို့ပါဝင်နေသည်။

မက်ဆီ၊ ဆွာရက်ဇ်နှင့် အာသာတို့မှာ လက်ရွေးစင်အသင်းအတွက် ကစားခဲ့ရသော ကြောင့် နားရက်ပိုရပြီး အသင်းနှင့်ပူးပေါင်းခြင်း မရှိသေးပေ။



ဖတ်ရှုမှုအများဆုံး