ဒေါသသိပ်မထွက်နဲ့ ဝိတ်တက်လာမယ်နော်… သတိထား!

ဒေါသသိပ်မထွက်နဲ့ ဝိတ်တက်လာမယ်နော်… သတိထား!

စိတ်တိုလိုက်တာနော်။ ဒေါသတွေဖြစ်လာပြီဆိုရင် စိတ်လေးကိုလျှော့ပါလို့ ပြောပါရစေ။ အကြောင်းကတော့ Helloဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးကို ဒေါသကြောင့် အလှပျက်မှာစိုးလို့ပါနော်။

 ဒေါသထွက်စိတ်ဆိုးလို့ ရုပ်ပိုင်းဆိုင်ရာအတွက်ရော စိတ်ပိုင်းဆိုင်ရာ အတွက်ပါ သိပ်တော့ကောင်းလှတာမရှိပါဘူး။

ဒေါသမထွက်နဲ့…..စိတ်လျှော့ပါ…………………..

ဒေါသထွက်တယ်ဆိုတာကတစ်ခါတလေမှာ ရှောင်လွှဲဖို့တော်တော်လေးခက်သားနော်။ နေ့စဉ် ကြုံတွေ့နေရတဲ့ အခြေအနေတွေကလည်းအဖုံဖုံကိုး။ ဒါပမယ့် ဖြစ်နိုင်ရင်တော့ စိတ်လျှော့ပါလို့ ပြောပါရစေနော်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ ကြောင့် အဝလွန်တာတွေကအဖြစ်များပါတယ်။ အားအသောက်နဲ့ နေထိုင်မှုပုံစံကြောင့် ခန္ဓာကိုယ် အချိုးအစားကိုထိန်းသိမ်းဖို့ခက်ရတဲ့ ကြားထဲကမှ ဒေါသကြောင့် ထပ်ဝလာတာမျိုးမဖြစ်ပါစေနဲ့နော်။

လေ့လာချက်တွေအရကတော့ ဒေါသထွက်တာက အစားစားချင်စိတ်ကိုပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခဏခဏဒေါသထွက်တာကဝလာစေဖို့ အစပျိုးတဲ့ အကြောင်းအရင်းပါ။ ဒေါသထွက်တာကြောင့် အမျိုးသားတွေမှာ လက်မောင်း နဲ့ ခြေထောက်ကြွက်သားတွေ လျော့ရဲလာတာ၊ ဗိုက်မှာ အဆီတက်လာတာ၊ မေးနှစ်ထပ်ဖြစ်လာတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ လေဒီလေးတွေမှာတော့ ဒေါသကြောင့် ဗိုက်အဆီတက်တာ၊ အသားအရေကြမ်းလာတာ၊ ဝက်ခြံတွေဖြစ်တာ၊ ခါးနဲ့နောက်ကျောမှာအဆီတက်တာတွေဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

 ဒေါသကြောင့် တက်လာတဲ့ အဆီတွေက တစ်ခုမကတဲ့ ဟော်မုန်းတွေ ပေါင်းစပ်နေတာကြောင့် ပြန်ကျစေဖို့ဆိုရင် အစားအသောက်ဂရုစိုက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေကို သေချာလေးလုပ်ပေးပြီး ပြန်ချဖို့လိုပါမယ်။ နောက်မွေထားလို့ မရတဲ့တစ်ချက်ကစိတ်လေးကိုအေးချမ်းနေစေဖို့ လုပ်ဆောင်ပေးဖို့ပါ။

ကိုယ်အလေးချိန်တက်လာလို့ ချနေပေမယ့် နေ့တိုင်းလိုလို ဒေါသဖြစ်နေမယ်ဆိုရင်လည်းမဟုတ်သေးပါဘူ။ ဒါကြောင့် နေ့တိုင်းမှာစိတ်ကလေးအေးချမ်းနေစေဖို့လည်းဂရုစိုက်သင့်ပါတယ်။ တစ်နေ့တာမှာဒါသထွက်စရာတွေကြုံခဲ့ရင်တောင် အကာင်းဆုံးကျော်လွှားဖို့ဆိုရင်တော့ ဒီအချက်လေးတွေကိုလိုက်နာဖို့လိုပါမယ်။

•    အိပ်ရေးဝဝအိပ်ပါ
•    တရားထိုင်ပါ
•    သီချင်းနားထောင်ပေးပါ
•    လေ့ကျင့်ခန်းလုပ်ပေးပါ
•    စာဖတ်ပါ
•    ဆုတောင်းပါ
•    စိတ်လက်ပေါ့ပါးစေမယ့် ဝါသနာပါရာတစ်ခုခုကိုလုပ်ပေးပါ။

ဒေါသထွက်တာကဝိတ်တက်စေရုံပဲလား……..

တကယ်တော့ ဒေါသထွက်တာကဝိတ်တက်စေတာတစ်ခုတည်းမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကိုရောစိတ်ပိုင်းဆိုင်ရာတွေကိုပါထိခိုက်စေတဲ့ အခက်တွေအများကြီးပါ။ ဒေါသခဏခဏထွက်မယ်ဆိုရင် ရေရှည်မှာ
•    အသားအရေတွေ ထိခိုက်လာမယ်
•    စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကျလာမယ်
•    ရောဂါတွေ ပိုဆိုးလာမယ်
•    ဆီးချိုရောဂါ
•    သွေးတိုးရောဂါ
•    နှလုံးရောဂါ
•    လေဖြတ်တာနဲ့ အခြားနာတာရှည်ရောဂါတွေကိုခံစားရနိုင်ပါတယ်။
ကဲ….. လုပ်သမျှ Diet တွေ လေ့ကျင့်ခန်းတွေ အလကားမဖြစ်စေဘဲသွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးရစေဖို့ ဒေါသမထွက်နဲ့နော်…………….



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021