ဗစ်တိုးရီးယားအမှုတွင် ကလေး၏မိခင်က ဆရာမနှင်းနုကိုနောက်တိုးတရားခံအဖြစ်သတ်မှတ်ပေးရန်တောင်းဆို

ဗစ်တိုးရီးယားအမှုတွင် ကလေး၏မိခင်က ဆရာမနှင်းနုကိုနောက်တိုးတရားခံအဖြစ်သတ်မှတ်ပေးရန်တောင်းဆို

နေပြည်တော်မှ သက်ငယ်မုဒိမ်းအဖြစ်ထင်ရှားသည့် ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ကလေး၏မိခင်ဖြစ်သူက WISDOM HILL မူကြိုကျောင်းမှဆရာမဖြစ်သူ မနှင်းနုကို နောက်တိုးတရားခံအဖြစ်သတ်မှတ်ပေးရန်နှင့်အခင်းဖြစ်ပွားရာနေရာကိုကွင်းဆင်းစစ်ဆေးပေးရန်စာနှစ်စောင်ကိုတရားရုံးသို့တင်သွင်းခဲ့သည်။
 

ယနေ့ဇူလိုင်၂၄ရက်က နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးတွင်စစ်ဆေးသည့်ဒုတိယအကြိမ်ရုံးချိန်းအပြီးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

"တရားရုံးရှေ့မှာတရားလိုကအမှုကိုထွက်ဆိုချက်ပေးပြီးနောက်မှာကာယကံရှင်ရဲ့ဆန္ဒအရသူကတရားရုံးကို စာတင်တာရှိတယ်။ ရုံးတော်ကတော့လုပ်ထုံးလုပ်နည်းနဲ့အညီ ပဲလုပ်ပါဆိုပြီးတော့ တရားလိုတင်တဲ့စာကို ဥပဒေအရာရှိဘက်ကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်''ဟု တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

တရားလိုဖြစ်သည့်ကလေးအမေ၏ တောင်းဆိုချက်များအပေါ် တရားခံ၏ရှေ့နေများကလည်းသဘောတူကြောင်းသိရသည်။

"တရားလိုဘက်က အဲဒီနှစ်ချက်ကိုတင်လာတော့ တရားသူကြီးကကျွန်တော်တို့ရဲ့သဘောထားကိုမေးတယ်။ကျွန်တော်တို့ကလည်းကန့်ကွက်စရာမရှိဘူးဘာလို့လည်းဆိုတော့ကျွန်တော်တို့ကိစ္စ မဟုတ်ဘူး။ နောက်တစ်ခါက Seen Of Crimeက ကျွန်တော်တို့လည်းကြည့်စေချင်တယ်။ကျွန်တော်တို့လည်းလျှောက်မှာ။အဲဒီတော့ကန့်ကွက်စရာမရှိဘူး" ဟု တရားခံရှေ့နေဦးခင်မောင်ဇော်က ပြောသည်။

ဒီကနေ့ရုံးချိန်းအတွင်းကလေး၏မိခင်ကို တရားလိုရှေ့နေကသာမေးမြန်းနိုင်ခဲ့ပြီးအချိန်အကန့်အသတ်အရမေးမြန်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

တတိယအကြိမ်ရုံးချိန်းကိုလာမည့် သြဂုတ် ၁ရက် သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး