လှိုင်သာယာမြို့နယ်တွင် အထောက်အထားမဲ့ဝင်ရောက်လာသူ ခုနစ်ဦးကို ရဲတပ်ဖွဲ့က ယနေ့ ဇူလိုင် ၂၄ ရက်တွင် ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် လှိုင်သာယာမြို့နယ် ကုလားကြီးကျေးရွာအုပ်စု ကံလှကျေးရွာ ရွှေရင်အေးကျောင်းလမ်းရှိ ဆိုင်ကယ်ကယ်ရီမောင်း အောင်ထွန်း(၂၆ နှစ်) နေအိမ်တွင် ဘင်္ဂါလီများရောက်ရှိနေကြောင်း ဒဂုံအရှေ့မြို့မရဲစခန်း(ပ)၆၉၆/၁၉ အမှုမှကွင်းဆက်သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့သည်။
အဆိုပါနေအိမ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှ ဟာရွတ်(ခ)အီစွတ်(ခ) ကျော်နိုင်(၃၁ နှစ်)၊ခင်မောင်(ခ)မာမက်ရော်ဖိတ်(၁၈ နှစ်)၊ချေမောနူရ်(ခ)မောင်ချေပု(၁၇ နှစ်)၊အဒူ ရော်ကိန်(ခ) ချစ်မောင်စိုး(၁၉ နှစ်)၊ခင်မောင်လှ(ခ)မာမက်အီဆမိုင်(၁၈ နှစ်)၊သော်စမိန် သာရာ (၁၇ နှစ်)၊အောနူရ်ဝါရ်ဘေဂေါင်(၁၈ နှစ်) တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းအရ သိရသည်။

















