အာဆီယံပြိုင်ပွဲဝင် မြန်မာ ယူ-၁၅ အသင်း အပြီးသတ်စာရင်းထုတ်ပြန်

အာဆီယံပြိုင်ပွဲဝင် မြန်မာ ယူ-၁၅ အသင်း အပြီးသတ်စာရင်းထုတ်ပြန်

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံ ယူ--၁၅ ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ--၁၅ အသင်း၏ အပြီး သတ်ကစားသမား ၂၃ ဦး စာရင်းကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

အဖွဲ့ဝင် ကိုးဦး

မြန်မာယူ--၁၅ အသင်းသည် ယခုနှစ်တွင် အာဆီယံယူ--၁၅ ချန်ပီယံရှစ်နှင့် ၂၀၂၀ အာရှယူ--၁၆ ခြေစစ်ပွဲစဉ်များကို ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး အနီးစပ်ဆုံးဖြစ်သည့် အာဆီယံ ယူ- - ၁၅ ပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦးစာရင်းကို ဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့ပြီး အသင်း အုပ်ချုပ်သူအဖြစ် ဦးညီညီလတ်၊ နည်းပြချုပ် အဖြစ် ဂျာမန်လူမျိုး တော်စတန်ဖရန့်ခ်၊ လက်ထောက်နည်းပြများအဖြစ် ဂျပန်လူမျိုး တာကူမာ၊ တင်မောင်ဝင်း၊ ဂိုးနည်းပြ ဇော် လင်းအောင်တို့အပါအဝင် အုပ်ချုပ်၊ နည်းပြ အဖွဲ့ဝင်ကိုးဦး ပါဝင်ခဲ့သည်။

အဖွင့်ပွဲ

အာဆီယံ ယူ--၁၅ ပြိုင်ပွဲတွင် မြန်မာ အသင်းမှာ အုပ်စု(က)၌ အင်ဒိုနီးရှား၊ ဗီယက် နမ်၊ အရှေ့တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင်အသင်း များနှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး အဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၂၇ ရက် မြန်မာ စံတော်ချိန်ညနေ ၅ နာရီခွဲတွင် စင်ကာပူ အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့နောက် မြန်မာအသင်းသည် ဇူလိုင် ၂၉ ရက် မြန်မာ စံတော်ချိန် ညနေ ၃ နာရီတွင် တီမောအသင်း၊ ဇူလိုင် ၃၁ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဖိလစ်ပိုင်အသင်း၊ သြဂုတ် ၂ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် ဗီယက် နမ်အသင်း၊ သြဂုတ် ၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် အင်ဒိုနီးရှားအသင်းတို့ နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပူးတွဲရပ်တည်

မြန်မာအသင်းသည် အာဆီယံ ယူ- -၁၅ ပြိုင်ပွဲသမိုင်းတစ်လျှောက် ၂၀ဝ၂ ခုနှစ်နှင့် ၂၀ဝ၅ ခုနှစ်တို့တွင် ချန်ပီယံနှစ်ကြိမ်ဆက် ဖြစ်ခဲ့ဖူးပြီး ထိုင်းနှင့်ဗီယက်နမ်အသင်းတို့မှာ ချန်ပီယံသုံးကြိမ်စီဖြင့် အအောင်မြင်ဆုံးအသင်း များအဖြစ် ပူးတွဲရပ်တည်နေသည်။



ဖတ်ရှုမှုအများဆုံး