H1N1 ဖြစ်ပွားသူ ၃၈၉ ဦးအထိရှိလာပြီး သေဆုံးသူ ၇၂ ဦးထိ စံချိန်တင်မြင့်တက်

H1N1 ဖြစ်ပွားသူ ၃၈၉ ဦးအထိရှိလာပြီး သေဆုံးသူ ၇၂ ဦးထိ စံချိန်တင်မြင့်တက်

ယခုနှစ်အတွင်း ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၃၈၉ ဦးအထိရှိလာပြီး ယင်းရောဂါဖြင့်သေဆုံးသူမှာ ၇၂ ဦးအထိ စံချိန်တင်မြင့်တက်လာပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇူလိုင် ၂၅ ရက်ညပိုင်း သတင်းထုတြ်ပန်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဇူလိုင် ၂၅ ရက်အထိ ဓာတ်ခွဲစစ်ဆေးသူ ၉၀၈ ဦး အနက် ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိသူ ၃၈၉ ဦးရှိကာ သေဆုံးသူ ၇၂ ဦးအထိရှိလာပြီဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၉ ဦးအထိရှိကာ သေဆုံးသူမှာ ၅၆ ဦးအထိရှိနေသည်။

သေဆုံး

ကျန်သေဆုံးသူများမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ငါးဦး၊ မွန်ပြည်နယ်တွင် သုံးဦး၊ ကချင် ပြည်နယ်တွင် တစ်ဦး၊ မကွေးတိုင်းဒေသကြီးတွင် တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် လေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး