အင်န်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နုတ်ထွက်စာတင် ဗဟိုသုတေသနအတွင်းရေးမှူးဖြစ်သူအား တာဝန်မှယာယီရပ်ဆိုင်း

အင်န်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နုတ်ထွက်စာတင် ဗဟိုသုတေသနအတွင်းရေးမှူးဖြစ်သူအား တာဝန်မှယာယီရပ်ဆိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် လက်ရှိ သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးသည် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ၎င်းအား ဆန္ဒပြကန့် ကွက်မှုများ ကြုံတွေ့လာရပြီးနောက် ပါတီမှနုတ်ထွက်ကြောင်း စာတင်ခဲ့ သည်ဟု သိရသည်။

ဦးအောင်စိုးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏တာဝန်ပေးချက်အရ အင်န် အယ်လ်ဒီအစိုးရ ဦးစားပေးလုပ်ငန်း စဉ်၏ အဓိကအခန်းကဏ္ဍဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ရသည့် ငြိမ်းချမ်းရေးကော်မရှင်တွင်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အဂတိ လိုက်စားမှု အမြောက်အမြားကျူးလွန်ခဲ့သော ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဒေါ်လဲ့လဲ့မော် ၏ ခဲအိုတော်စပ်သူဖြစ်၍ အဂတိမှုများနှင့် မကင်းရှင်းဟူသောစွပ်စွဲချက်များဖြင့် ဦးအောင် စိုးအား ပါတီမှအရေးယူပေးရန် ဒေသခံအချို့ က တောင်းဆိုခဲ့ကြသည်။ ထို့နောက် စုံစမ်းစစ် ဆေးရေးအဖွဲ့ဖွဲ့ကာ ပါတီမှအပြစ်ပေးအရေး ယူခဲ့ကြောင်း သိရသည်။ ယခုအခါ ဦးအောင် စိုးက ဇူလိုင် ၂၄ ရက်က နုတ်ထွက်စာတင် ခဲ့ပြီး ယင်းနုတ်ထွက်စာကို ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ထံ ပေးပို့ထားကြောင်း သိရသည်။

ယာယီရပ်ဆိုင်း

ထို့အပြင် အင်န်အယ်လ်ဒီပါတီ၏ ဗဟို သုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဦးမျိုး ရန်နောင်သိန်းကိုလည်း တိုင်ကြားစာတစ်ခု ကြောင့် ပါတီတာဝန်မှယာယီရပ်ဆိုင်းထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း အင်န် အယ်လ်ဒီပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောဆိုသည်။

ကိုယ့်ကိုယ်ကိုယ်သေချာ

"တိုင်သူရှိလို့ စစ်ဆေးရတဲ့သဘောပါ။ ဘာမှမစိုးရိမ်ရပါဘူး။ ကျွန်တော့်အနေနဲ့က တော့ အလုပ်ပျက်တယ်။ မြန်မြန်စစ် မြန်မြန်ပြီး စေချင်တယ်။ စေတနာမှန်မှန်နဲ့ ဝန်ကြီးမလုပ်၊ အမတ်မလုပ်ဘဲ အကောင်းဆုံးတာဝန်ထမ်းဆောင်နေချိန်၊ ၂၀ဝ၈ ဖွဲ့စည်းပုံကိစ္စ၊ ရွေး ကောက်ပွဲကိစ္စတွေနဲ့ မိုးလင်းမိုးချုပ်အလုပ်များ နေချိန် အလုပ်ပျက်တယ်။ ၁၉၉၆ ထောင်ကျ၊ ၂၀၁၀ ထောင်ကလွတ်၊ နိုင်ငံအတွက် ဘဝပေးထားခဲ့တာ။ ဘာအမှားမှ မလုပ်ထားဘူး ဆိုတာ ကိုယ့်ကိုယ်ကိုယ်သေချာတယ်"ဟု ဦးမျိုးရန်နောင်သိန်းက ပြောဆိုသည်။

ပါတီအတွင်းသုံးပိုင်းကွဲ

လွန်ခဲ့သည့်ရက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် အင်န်အယ်လ်ဒီပါတီ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီလူထုနှင့်တွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အင်န် အယ်လ်ဒီပါတီအတွင်း သုံးပိုင်းကွဲနေပြီး တွေ့ ဆုံဆွေးနွေးခြင်းမရှိဘဲ အချင်းချင်းတိုင်ကြားမှု များကြောင့် ညီညွတ်ရေးပျက်ပြားနေကြောင်း ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး