နေပြည်တော်စည်ပင်သာယာရေးကော် မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဈေးပြိုင် စနစ်ဖြင့် သားသတ်လိုင်စင်များထဲမှ ၁၃၅ ခုကို လေလံတင်ရောင်းချမှုယာယီရပ်ဆိုင်းလိုက်ကြောင်း နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။
ယာယီရပ်ဆိုင်း
ယာယီရပ်ဆိုင်းသည့် လိုင်စင် ၁၃၅ ခုမှာ အသားထုတ်လုပ်ရောင်းချခွင့် (ဝက်) လိုင်စင် ၆၅ ခု၊ အသားထုတ်လုပ်ရောင်းချခွင့် (အမဲ) လိုင်စင် ၄၁ ခု၊ အသားထုတ်လုပ်ရောင်းချခွင့် (ဆိတ်) လိုင်စင် ၂၉ ခုတို့ ဖြစ်သည်။
"စည်ပင်သာယာက ကျင့်သုံးနေတဲ့ ဈေး ပြိုင်လေလံစနစ်ကို နေပြည်တော်က စဖျက် သိမ်းလိုက်တာပါ။ ဈေးပြိုင်လေလံစနစ်ကို ဖျက်သိမ်းပြီး ဈေးခုံအများစနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက ဆွေးနွေး ဆုံးဖြတ်လိုက်တာ" ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် (နေပြည်တော်) တွဲဖက် အတွင်းရေးမှူး ဦးဇော်မျိုးထွန်းက ပြောဆို သည်။
အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၃၂ ခု အနက် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ကြီးကြပ်ကွပ်ကဲရမည့် အရပ်ရပ် အခွင့်အရေးလိုင်စင် ၁၃၅ ခုကို ပိုမိုကောင်းမွန် သည့်စနစ်သို့ ပြောင်းလဲကျင့်သုံးရောင်းချ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေခြင်း ကြောင့် လေလံတင်ရောင်းချမည့် အစီအစဉ် များအနက် ယင်းလိုင်စင် ၁၃၅ ခုကို လေလံ တင် ရောင်းချခြင်းမှ ယာယီရပ်ဆိုင်းထားခြင်း ဖြစ်သည်။
အသိပေးကြေညာမည်
ကျန်ဌာနများကွပ်ကဲမှုအောက်ရှိ အရပ်ရပ် အခွင့်အရေးလိုင်စင် ၉၇ ခုကို မူလအစီအစဉ် အတိုင်း လေလံတင်ရောင်းချမည်ဖြစ်ပြီး ယာယီ ရပ်ဆိုင်းမည့် လိုင်စင် ၁၃၅ ခုအတွက် ရောင်းချ မည့်စနစ်၊ ရောင်းချမည့်လိုင်စင် အရေအတွက် များကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီက အတည်ပြုပြီးပါက လုံလောက် သည့်အချိန်အတွင်း ထပ်မံအသိပေးကြေညာ ရောင်းချမည်ဖြစ်သည်။

















