ပေါ့ဘာအား ပေါင်သန်း ၁၅၀ ဖြင့်ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင့်ဖြစ်

ပေါ့ဘာအား ပေါင်သန်း ၁၅၀ ဖြင့်ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင့်ဖြစ်

ရာသီသစ်အတွက် ကစားသမားကောင်း များကိုခေါ်ယူကာ ပြင်ဆင်နေသော ရီးရဲလ် မက်ဒရစ်သည် မန်ယူမှပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအား ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ ဖြင့်ခေါ်ယူရန် အသင့်ဖြစ်နေကြောင်း သည် ဆန်းက ရေးသားခဲ့သည်။

ရီးရဲလ်မက်ဒရစ် သည် နွေရာသီအပြောင်းအရွှေ့ဈေးကွက် တွင် ပြောင်းရွှေ့ကြေး ယူရို ၃၀၃ သန်းအသုံး ပြုထားပြီး ပြောင်းရွှေ့ကြေးအများဆုံး သုံးထား သည်။ ရီးရဲလ်သည် ဟာဇက်၊ လူကာဂျိုဗစ်၊ မီလီတာအို၊ မန်ဒီနှင့် ရိုဒရီဂိုတို့ကို ခေါ်ယူထား ပြီးဖြစ်သော်လည်း နည်းပြဇီဒန်း၏စိတ်ကြိုက် ကွင်းလယ်လူ ပေါ့ဘာကို ထပ်မံခေါ်ယူရန်ရှိ နေသည်။ ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ် မှူး ဂါရက်ဘေးလ်မှာ တရုတ်စူပါလိဂ်သို့ပြောင်း ရွှေ့ကစားတော့မည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် ပေါ့ဘာ၏ပရိသတ်တစ်ဦးဖြစ်သည်။ ဇီဒန်းက ၎င်းတို့အသင်းအနေဖြင့် ကစားသမားကောင်း များခေါ်ယူထားသော်လည်း နောက်ထပ်ကစား သမားခေါ်ယူရန်ရှိဟုလည်း ပြောဆိုထားသည်။

မန်ယူသည် အဓိကကွင်းလယ်လူပေါ့ဘာအား အသင်း၌ဆက်ထိန်းရန် လိုလားနေသည်။ သို့ သော် ကာယကံရှင်ပေါ့ဘာက စိန်ခေါ်မှုအသစ် များအတွက် အသင်းပြောင်းရွှေ့လိုနေသည်။ ပေါ့ဘာ၏အေးဂျင့်ရွိုင်အိုလာကလည်း ၎င်း၏ ကစားသမားမှာ အသင်းပြောင်းချင်နေဟု တရားဝင်ပြောဆိုထားသည်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်၌ မိုဒရစ်၊ တိုနီခရူးစ်နှင့် ကာစီမီယိုတို့ရှိနေသော်လည်း အသင်းကွင်းလယ်မှာ လိုအပ်ချက်များရှိနေ သည်။

ဇီဒန်းသည် ပေါ့ဘာကဲ့သို့ ကစားသမား ကိုခေါ်ယူ၍ အားဖြည့်ချင်နေသည်။ မန်ယူ အသင်းသည် ပေါ့ဘာအသင်းပြောင်းခဲ့ပါက ကစားသမားအသစ်များအဖြစ် စပို့တင်းမှ ဖာနန်ဒက်စ်နှင့် လာဇီယိုမှ ဆာဗစ်တို့ကိုလျာ ထားသည်။ ရီးရဲလ်မက်ဒရစ်သည် ခန့်မှန်း သတင်းများအတိုင်း ပေါ့ဘာအား ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲ့ပါက မန်ယူအသင်း သဘောတူညီရန်မှာ စောင့်ကြည့်ရမည်ဖြစ် သည်။



ဖတ်ရှုမှုအများဆုံး