လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ် သည် အပြောင်းအရွေွှ့ဈေးကွက်မပိတ်မီ ဝါရင့် တောင်ပံကစားသမား ဖရန့်ရီဘာရီကိုခေါ်ယူ ရန် စိတ်ဝင်စားနေကြောင်း ပြင်သစ်မီဒီယာ များက ရေးသားခဲ့သည်။
အသက် ၃၆ နှစ် အရွယ် ပြင်သစ်တောင်ပံကစားသမားဟောင်း ရီဘာရီသည် ဘိုင်ယန်မြူးနစ်၌ ကာလရှည် ကြာစွာ ကစားခဲ့ပြီးနောက် လမ်းခွဲတော့မည် ဖြစ်သည်။ ရီဘာရီသည် ဘိုင်ယန်မြူးနစ်၌ ၂၀ဝ၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့သူ ဖြစ်ပြီး ၄၂၅ ပွဲကစားခဲ့ရာ ၁၂၄ ဂိုးသွင်းယူခဲ့ သည်။
ပြင်သစ်သတင်းများ၏ဖော်ပြချက်အရ နည်းပြကလော့ပ်သည် အသင်းတိုက်စစ်ပိုင်း အတွက် ရီဘာရီကို မျက်စိကျနေခြင်းဖြစ်သည်။ လီဗာပူးတိုက်စစ်မှူးတစ်ဦးဖြစ်သူ စတာရစ်ချ် မှာ အသင်းနှင့်လမ်းခွဲပြီးဖြစ်သည်။
လီဗာပူး အသင်းမှ အခြားသောတိုက်စစ်မှူး ထွက်ခွာ ပါက နည်းပြကလော့ပ်မှာ ရီဘာရီအား ခေါ် ယူရန် စီစဉ်မည်ဖြစ်သည်။ ရီဘာရီသည် ဘိုင် ယန်မြူးနစ်အသင်းနှင့် လမ်းခွဲပြီးနောက် အခြား အသင်းထံသို့ အလွတ်ပြောင်းရွှေ့ခွင့်ရထားသူ ဖြစ်သည်။
လီဗာပူးအသင်းသည် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ဒုတိယ ရခဲ့ပြီး ချန်ပီယံလိဂ်၌ ဗိုလ်စွဲခဲ့သည်။ လီဗာပူး သည် ရာသီသစ်အတွက် ကြီးကြီးမားမား ကစားသမားခေါ်ယူခြင်း မပြုလုပ်ရသေးပေ။
လီဗာပူးသည် နွေရာသီအပြောင်းအရွှေ့ဈေး ကွက်အတွင်း ကစားသမားတစ်ဦးသာ ခေါ်ယူ ထားသည်။ လီဗာပူးသည် နယ်သာလန်နောက် ခံလူ ဗန်ဒန်ဘက်ကို ပြောင်းရွှေ့ကြေးပေါင် ၁ ဒသမ ၃ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်းအဓိကကစားသမားသုံးဦး ဖြစ်သော တိုက်စစ်မှူးဆာလက်ချ်၊ ဖာမီနိုနှင့် ဂိုးသမားအယ်လစ်ဆန်တို့မှာ ဇူလိုင် ၂၉ ရက် တွင်အသင်းသို့သတင်းပေးပို့မည်ဖြစ် ကြောင်း သိရပြီး လိုင်ယွန်နှင့်ကစားမည့် ရာသီကြိုနောက် ဆုံးခြေစမ်းပွဲမတိုင်မီ ကစားဖော်များနှင့် ပူး ပေါင်းနိုင်မည်ဖြစ်သည်။ ကစားသမားသုံးဦး စလုံးသည် နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားခဲ့ရ၍ နားရက်ပိုရခဲ့သည်။
လီဗာပူး သည် လာမည့်သြဂုတ် ၄ ရက်တွင် ရာသီသစ် ကွန်မြူနတီဒိုင်းပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ် ချန်ပီယံမန်စီးတီးနှင့် ကစားရမည်ဖြစ်သည်။ လီဗာပူးသည် သြဂုတ် ၁၀ ရက်တွင် ရာသီ အဖွင့်ပွဲအဖြစ် နောဝှစ်ချ်နှင့်ကစားမည်ဖြစ်ပြီး သြဂုတ် ၁၄ ရက်တွင် ချယ်လ်ဆီးနှင့် ဥရောပ စူပါဖလားကစားမည်ဖြစ်သည်။















