ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ဂျမေကာရှိ မြန်မာအသိုက်အဝန်း၌ရှင်းလင်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ဂျမေကာရှိ မြန်မာအသိုက်အဝန်း၌ရှင်းလင်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဂျမေကာနိုင်ငံရှိ မြန်မာ အသိုက်အဝန်း၌ ရှင်းလင်းပြောဆိုခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်က သတင်းထုတ်ပြန် ထားသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ဂျမေကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက် ဒိုဆွမ်းခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ဂျမေကာနိုင်ငံ ကင်စတန် မြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့ (International Seabed Authority-ISA)၏ (၂၅)ကြိမ်မြောက်အထွေထွေညီလာခံ အစည်းအဝေးများသို့ တက် ရောက်ခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး

ဦးဟောက်ဒိုဆွမ်းသည် ဇူလိုင် ၂၆ ရက် ညနေပိုင်းက ကင်စတန် မြို့ Red Hill လမ်းရှိ မြန်မာဘုန်းကြီးကျောင်း၌ ဂျမေကာနိုင်ငံတွင် နေထိုင်လျက်ရှိသည့် မြန်မာအသိုက်အဝန်း နှင့်တွေ့ဆုံခဲ့ပြီး လက်ရှိ ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဖြစ်ပေါ်တိုးတက်မှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများ၊ ကောင်စစ်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဦးဟောက်ဒိုဆွမ်းသည် အထွေထွေညီလာခံ အစည်းအဝေးကာလ အတွင်း ဂျမေကာနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် H.E. Ms. Marcia Gilbert-Roberts နှင့် လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ကို ရှင်းလင်းပြောဆိုခဲ့ကာ နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေး ပူးပေါင်း ကော်မတီကတင်သွင်းသည့် အဆိုပြုချက် ၃၅၀ဝ ကျော်ကို ဇူလိုင် ၃၀ ရက်၌ ပြည်ထောင်စုလွှတ်တော်တွင် စတင်ဆွေးနွေးကြမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး