ဆံပင်မြန်မြန်သန်ချင်ရင် ဒါတွေကိုစားပေးဖို့ မမေ့ပါနဲ့

ဆံပင်မြန်မြန်သန်ချင်ရင် ဒါတွေကိုစားပေးဖို့ မမေ့ပါနဲ့

အသက်ကကြီးလာပြီဆိုရင် ဆံပင်တွေ ကျွတ်မယ်၊ ပါးရေတွေတွန့်မယ်၊ သဘာဝကိုတော့ လွန်ဆန်လို့မရဘူးဆိုပေမယ့် လူတိုင်းကတော့ အသက်ငယ်ငယ်လေးနဲ့ အဘိုးကြီးအဘွားကြီးလိုပုံစံမျိုး ဖြစ်ချင်ကြမယ်မထင်ပါဘူး။

 ခုခေတ်မှာမိန်းကလေးတွေသာမက ယောကျာ်းလေးတွေပါ ဆံပင်ကိုမျိုးစုံပုံသွင်းတာ၊ ဖြောင့်လိုက်၊ ကောက်လိုက်လုပ်တာ၊ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားတွေပျက်စီးပြီးဆံပင်တွေ ခဏခဏကျွတ်လာတယ်နော်။

 ကြာလာရင် ငယ်ငယ်လေးနဲ့ ထိပ်ကဆံပင်တွေပြောင်ပြီးလေယာဉ်ကွင်းလို့ အလှောင်မခံရအောင် ဘယ်လိုအစားအစာတွေကိုများများစားပေးသင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။

၁။ ကြက်ဥ

ဆံပင်သန်စွမ်းစေဖို့ ပရိုတင်းနဲ့ ဘိုင်အိုတင်ဓာတ်တွေအပြင် ဆံသားအတွက် မရှိမဖြစ်အာဟာရဓာတ်တွေ ဖြစ်တဲ့ ဇင့်ဓာတ်၊ ဆယ်လီနီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။

၂။ ဘယ်ရီသီး

သစ်သီးအလုံးသေးသေးလေးတွေဆိုပြီးအထင်တော့ မသေးလိုက်ပါနဲ့။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတွေလိုအသီးအနှံတွေမှာအိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် ဗီတာမင် စီတွေလည်းပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာဆံသားမွေးညှင်းပေါက်ကိုထိခိုက်ပျက်စီးစေတဲ့ ဆဲလ်တွေကိုတိုက်ထုတ်ပေးနိုင်လို့ ဆံပင်မကျွတ်အောင်၊ မပျက်စီးစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

၃။ ငါးကြီးဆီ

ငါးကြီးဆီဆိုတာသဘာဝငါးကနေရရှိတဲ့ အဆီအနှစ်တွေဖြစ်ပြီးဆေးတောင့်ပုံစံအနေနဲ့လည်းသောက်သုံးနိုင်ပါတယ်။ အရေပြားကိုကျန်းမာစေတယ်။ ဖြူစင်ဝင်းပပြီးအသားအရေကြည်လင်စေတယ်။ ဦးနှောက်ဉာဏ်ရည်နဲ့ မျက်စိအာရုံကြောကိုလည်းအားကောင်းစေတယ်။ ဒါ့အပြင် ဆံပင်အမြဲလိုလို ကျွတ်တတ်တဲ့သူတွေအတွက် အဖိုးတန်အာဟာရဓာတ်ဆိုလည်းမမှားဘူးနော်။

၄။ ဟင်းနုနွယ်ရွက်

ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ဗီတာမင် အေနဲ့ ဗီတာမင် စီအစရှိတဲ့ အာဟာရဓာတ်တွေ စုံလင်စွာပါဝင်တဲ့ ဟင်းနုနွယ်ရွက်ကိုဆံပင်သန်အားဖြည့်စာအဖြစ်လည်းစားပေးလို့ရပါတယ်။ သူ့မှာပါဝင်တဲ့ဗီတာမင်တွေက ဦးရေပြားရဲ့ သဘာဝအဆီ (Sebum) ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ဆံသားခြောက်ပြီးကျိုးပဲ့တာမျိုးမဖြစ်စေဘဲ နူးညံ့ချောမွေ့သြွးစေပါတယ်။ သံဓာတ်ကသွေးအားကောင်းစေလို့ ဦးရေပြားတွင်းသွေးလည်ပတ်မှုနှုန်း မြန်စေပြီးဆံပင်အမြန်ပြန်ပေါက်လာအောင် အားဖြည့်ပေးတယ်။

၅။ ကန်စွန်းဥ

ဆံသားကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် အေအများအပြားပါဝင်လို့ ဆံပင်သန်စွမ်းနှုန်းကို မြန်စေတယ်။ ဆံပင်မသန်တဲ့ သူတွေ၊ မကြာခဏဆိုသလို ဆံပင်ကျွတ်တတ်တယ်ဆိုရင်တော့ ကန်စွန်းဥကိုတစ်နေ့တစ်လုံးလောက် စားပေးနိုင်ရင် လုံလောက်တယ်နော်။

၆။ ထောပတ်သီး

အရသာလည်းရှိတယ်၊ အာဟာရဓာတ်တွေလည်းများစွာပါဝင်တဲ့ အသီးအနှံတစ်မျိုးကိုပြောပါဆိုရင် ထောပတ်သီးကထိပ်ဆုံးကပဲဖြစ်မှာပါ။ ကိုယ်ခန္ဓာအတွက်မရှိမဖြစ် အာဟာရဓာတ်တွေအပြင် အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် သဘာဝအဆီတွေ ပါဝင်ပါတယ်။ ဗီတာမင် အီးပါဝင်မှုကြောင့် ဆံသားကိုထိခိုက်ပျက်စီးစေတဲ့ မကောင်းတဲ့ဆဲလ်တွေကိုတိုက်ထုတ်ပေးတယ်။ ဦးရေပြားကိုလည်းအစိုဓာတ်ထိန်းပေးပြီးအာဟာရဓာတ်ဖြည့်တင်းပေးနိုင်တယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားကြမ်းပြီးခြောက်တာ၊ ဆံပင်ပေါက်နှေးတဲ့ ပြဿနာတွေကိုလည်းဖြေရှင်းပေးနိုင်ပါတယ်။

၇။ အစေ့အဆန်တွေ

ဗီတာမင် အီးအများဆုံးပါဝင်တဲ့ အစားအစာတွေထဲမှာအစေ့အဆန်လည်းပါဝင်နေပါတယ်။ ဒါ့အပြင် ဆံပင်သန်စွမ်းစေတဲ့ ဇင့်ဓာတ်နဲ့ ဆယ်လီနီယမ်ဓာတ်အပြင် ဗီတာမင် ဘီလည်း ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ – ၃ အဆီအနှစ်ကြောင့် ဦးရေပြားကိုလည်းကျန်းမာစေနိုင်ပါတယ်။ တစ်နေ့တာအတွက် လက်တစ်ဆုပ်စာလောက် အစေ့အဆန်တွေ စားပေးနိုင်ရင် လုံလောက်ပါတယ်။

၈။ ငရုတ်ပွ

ဟင်းအရသာရောအရောင်အဆင်းကိုပါ မြှင့်တင်ပေးနိုင်ပြီးစားတဲ့သူတွေရဲ့ စိတ်အာရုံကိုလှည့်စားနိုင်လောက်တဲ့ ဟင်းသီးဟင်းရွက်အဖြစ် ငရုတ်ပွဟာလူသိများပါတယ်။ ဒီလိုဟင်းချက်တဲ့နေရာမှာအလွန်အသုံးဝင်တဲ့ ငရုတ်ပွမှာဆံသားသန်စွမ်းစေတဲ့ ကောင်းကျိုးများစွာပါဝင်နေတယ်နော်။ ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းကို နှေးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်တာမျိုးလည်းမဖြစ်စေပါဘူး။

၉။ ပဲအမျိုးမျိုး

အသားဓာတ်အများဆုံးပါဝင်တယ်။ ဆံသားကို ပြန်လည်ပြုပြင်ပေးပြီးဆံပင်အမြန်ပြန်ပေါက်လာစေဖို့ ဇင့်ဓာတ်ကကူညီပေးနိုင်တယ်။ ဆံသားကျန်းမာရေးအတွက် မရှိမဖြစ် သံဓာတ်၊ ဘိုင်အိုတင်နဲ့ ဖောလစ်အက်ဆစ်တွေလည်းပါဝင်တယ်ဆိုတော့ ဆံပင်အုံပါးတဲ့သူတွေအနေနဲ့ ပဲတွေကိုနေ့တိုင်းစားပေးဖို့တော့ လိုမယ်နော်။

ခုအပေါ်မှာပြောပြခဲ့တဲ့ အစားအစာ ၉ မျိုးကဆံပင်ပေါက်နှေးတဲ့သူတွေ၊ မကြာခဏ ပြုပြင်နေလို့ ဆံသားကြမ်းပြီးခြောက်တဲ့သူတွေအတွက် အလွန်အသုံးဝင်တဲ့ ဓာတ်စာတွေပါပဲ။ ဇရာဆိုတာတားလို့မရဘူးဆိုပေမယ့် ငယ်ငယ်လေးနဲ့ ဆံပင်တွေကျွတ်ပြီးပါးနေတာ၊ ထိပ်ပြောင်နေရင်တော့ အရမ်းကြည့်ရဆိုးစေတာမို့ ဒါတွေကိုနေ့တိုင်းသင့်တော်ရုံပမာဏလောက် စားပေးဖို့ မမေ့ပါနဲ့။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021