လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ရာခိုင်နှုန်း ၅၀ အထိ တိုးမြှင့်ထားရှိ သင့်ဟု မင်းကင်းကိုယ်စားလှယ် ဦးမောင်မြင့် အကြံပြု

လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ရာခိုင်နှုန်း ၅၀ အထိ တိုးမြှင့်ထားရှိ သင့်ဟု မင်းကင်းကိုယ်စားလှယ် ဦးမောင်မြင့် အကြံပြု

လွှတ်တော်အသီးသီး၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၅၀ အထိ တိုးမြှင့်ထားရှိ သင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဇူလိုင် ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်၌ အကြံပြုဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးသည့်အစီအစဉ်တွင် ဦးမောင်မြင့်က ယင်းကဲ့သို့ ဆွေးနွေးအကြံပြုခဲ့ခြင်းဖြစ်သည်။ "မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အပြောင်းအလဲကာလဖြစ်ပြီးတော့ အင်မတန်နုနယ်ပါသေးတယ်။ အနောက် ကမ္ဘာနဲ့ အိုအိုင်စီတို့နဲ့အတူ ယူအင်န်ကတောင်မှ မြန်မာနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခြယ်လှယ်မှုတွေများပြားလာသလို ငြိမ်းချမ်းရေးအပြီးသတ်မရရှိသေး တဲ့ လက်နက်ကိုင်တွေရဲ့အင်အားကလည်း ယခင်တစ်သိန်းကျော်ကနေ ကြောက်ခမန်း လိလိ ကြီးထွားလာနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တပ်မတော်ဟာ လွှတ်တော်ကနေ ရာခိုင်နှုန်းလျှော့ချဖို့၊ လုံးဝဆုတ်ခွာဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး"ဟု ဦးမောင်မြင့်က ဆွေး နွေးသည်။

အကြံပြု

တပ်မတော်သည် လွှတ်တော်တွင်းပါဝင်နေရခြင်းမှာ ပျော်ရွှင်နေ၍မဟုတ်ကြောင်း၊အိမ်နီးချင်းထိုင်းနိုင်ငံသည်ပင် ၎င်းတို့၏အမျိုးသားရေးလိုအပ်ချက်အရ ဒီမိုကရေစီနိုင်ငံ ဖြစ်သော်လည်း တပ်မတော်သားကိုယ်စားလှယ်များ၏ပါဝင်မှုကို ယခင်ကထက် ရာခိုင်နှုန်း မြှင့်တင်ခဲ့သည်ကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စား လှယ်များအဖြစ် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၅၀ ပါဝင်ရမည်ဖြစ် ကြောင်း ဦးမောင်မြင့်က အကြုံပြုခဲ့သည်။

လျှော့ချရန်ကြိုးပမ်း

လက်ရှိအချိန်တွင် တပ်မတော်သည် လွှတ်တော်အသီးသီး၌ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရယူထားသည်။ ယင်းအရေအတွက်ကိုလျှော့ချရန် အင်န်အယ်လ်ဒီပါတီနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ များက ကြိုးပမ်းလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး