အိန္ဒိယနယ်စပ်မှ ကသည်းလက်နက်ကိုင်များအား ရှင်းလင်းပေးခဲ့သည့် မြန်မာ့တပ်မတော်ကို အိန္ဒိယဝန်ကြီးချုပ် ကျေးဇူးတင်ကြောင်းပြောဆို

အိန္ဒိယနယ်စပ်မှ ကသည်းလက်နက်ကိုင်များအား ရှင်းလင်းပေးခဲ့သည့် မြန်မာ့တပ်မတော်ကို အိန္ဒိယဝန်ကြီးချုပ် ကျေးဇူးတင်ကြောင်းပြောဆို

အိန္ဒိယ--မြန်မာနယ်စပ်ဒေသမှ အိန္ဒိယ အစိုးရကိုပုန်ကန်နေသော အာသံနှင့် ကသည်း လက်နက်ကိုင်အဖွဲ့အစည်းများအား ရှင်းလင်း ပေးခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်နာရိန္ဒြာမိုဒီက တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် နှင့်တွေ့ဆုံစဉ်ပြောဆိုခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံခဲ့ကြ

အိန္ဒိယသမ္မတနိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီး ချုပ်နှင့် အမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌ နာရိန္ဒြာမိုဒီနှင့် ဇူလိုင် ၂၉ ရက်က အိန္ဒိယ ဝန်ကြီးချုပ်၏အိမ်တော်၌ တွေ့ဆုံခဲ့ခြင်းဖြစ် သည်။

ပူးပေါင်းမှုကျေးဇူးတင်

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံ၏ပူး ပေါင်းဆောင်ရွက်မှုအား ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆက်လက် တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး မြန်မာ့တပ်မတော် စွမ်းရည်တိုးတက်မြင့်မားရေးအတွက် ဆက် လက်တိုးမြှင့်ကူညီပေးမည့်အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်အခြေအနေ များနှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဝင်ရောက်ထိန်းချုပ်

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ နာဂဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K) ၏ ဗဟိုဌာနချုပ်ကို တပ်မတော်က အိန္ဒိယ အစိုးရ၏တောင်းဆိုချက်ကြောင့် လွန်ခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ဝင်ရောက်ထိန်းချုပ် ခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်ကတည်းက တိုင်းဒေသကြီးအဆင့် အပစ်ရပ်လက်မှတ်ထိုး ထားသောကြောင့် အပြန်အလှန်ပစ်ခတ်တိုက် ခိုက်မှုများမဖြစ်ပေါ်ရန် နာဂဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်တပ်ဖွဲ့ဝင်များက ဗဟိုဌာန ချုပ်မှ ထွက်ခွာတိမ်းရှောင်ခဲ့ရသည်။

ရှင်းလင်းခဲ့

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံနှင့် ပတ်သက်သည့် အစိုးရအသီးသီးအားဆန့်ကျင် နေသော မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အခြေချနေထိုင်ခွင့်မပြုကြောင်း၊ လက်မခံ ကြောင်း စသည့်မူဝါဒများကို လက်ကိုင်ထား သည်နှင့်အညီ သတင်းတည်ဆောက်ပြီး မြေပြင် သတင်းများဆက်စပ်ဖော်ထုတ်ခဲ့ရာ နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာအနီး တစ်ဝိုက်ရှိ ြှဃြ-ု စခန်းနှင့် အနီးပတ် ဝန်းကျင်နေရာများ၌ အာသံနှင့်ကသည်း လက် နက်ကိုင် သောင်းကျန်းသူအဖွဲ့အချို့သည် NSCN-K အဖွဲ့အသွင်ဖြင့် ဖြန့်ခွဲအခြေပြု လျက်ရှိကာ စစ်သင်တန်းများဖွင့်လှစ်လျက် ရှိနိုင်ကြောင်း၊ မသင်္ကာဖွယ်အထောက်အထား များ ခိုင်လုံစွာတွေ့ရှိရသဖြင့် တပ်မတော် စစ် ကြောင်းများက အဆိုပါနေရာများအားရှင်းလင်း ခဲ့ကြောင်း တပ်မတော်က ရှင်းလင်းချက်ထုတ် ပြန်ခဲ့သည်။

သီးခြားနိုင်ငံတစ်နိုင်ငံ

အိန္ဒိယ--မြန်မာနယ်စပ်ဒေသတွင် နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလှုပ်ရှား ကြပြီး မြန်မာဘက်တွင် နာဂဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်(NSCN-K)ရှိကာ အိန္ဒိယဘက်တွင် လည်း ြှဃြ-ြှု ဟုဆိုသည့် အလားတူ လက်နက်ကိုင်အဖွဲ့အစည်းရှိသည်။ ၎င်းတို့ အဖွဲ့အစည်းနှစ်ခု၏ရည်မှန်းချက်မှာ အိန္ဒိယ ဘက်မှ နာဂလူမျိုးများအခြေချရာဒေသနှင့် မြန်မာပိုင်နက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတို့ကိုပေါင်းစပ်ကာ သီးခြားလွတ်လပ် သော နိုင်ငံတစ်နိုင်ငံထူထောင်ရန်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး