အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲဝင် မြန်မာအသင်းလူစာရင်းထုတ်ပြန် အိမ်ရှင်မြန်မာအသင်း အဖွင့်ပွဲစဉ်၌ သီရိလင်္ကာအသင်းနှင့်တွေ့မည်

အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲဝင် မြန်မာအသင်းလူစာရင်းထုတ်ပြန် အိမ်ရှင်မြန်မာအသင်း အဖွင့်ပွဲစဉ်၌ သီရိလင်္ကာအသင်းနှင့်တွေ့မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် တတိယအကြိမ်မြောက် အာရှယူ-–၂၃ အမျိုးသားဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ–-၂၃ ဘော်လီဘော အသင်း အပြီးသတ်ကစားသမားစာရင်း ထွက် ပေါ်လာခဲ့ပြီဖြစ်သည်။

ကျင်းပမည်

အာရှယူ-–၂၃ အမျိုးသားဘော်လီဘော ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ရုံ၌ သြဂုတ် ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြန်မာ အသင်းအပါအဝင် သြစတြေးလျ၊ သီရိလင်္ကာ၊ ဟောင်ကောင်၊ ကာဂျစ္စတန်၊ ဆော်ဒီ၊ ဂျပန်၊ ဗီယက်နမ်၊ ကာတာ၊ ဘာရိန်း၊ တရုတ် (တိုင်ပေ)၊ ပါကစ္စတန်၊ တရုတ်၊ နယူးဇီလန်၊ ထိုင်း၊ အိန္ဒိယ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

တာဝန်ယူ

ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာဘော်လီဘော အသင်းကို နည်းပြချုပ်အဖြစ် အမေရိကန် နိုင်ငံသား မစ္စတာဂျေဗန်ဗက်ခ်က တာဝန်ယူ မည်ဖြစ်ပြီး အုပ်ချုပ်သူအဖြစ် ဦးမျိုးဝဏ္ဏထွန်း၊ လက်ထောက်နည်းပြများအဖြစ် ဦးကျော်စွာဝင်း၊ ဦးညီလေး ၊ ဦးဖြိုးဝေအောင်တို့က တာဝန်ယူ မည်ဖြစ်သည်။ မြန်မာဘော်လီဘောအသင်းခေါင်းဆောင်အဖြစ် ရထိုက်ဝေက တာဝန် ယူမည်ဖြစ်ပြီး ဇော်လွင်ထွန်း၊ အောင်ဖြိုး၊ ဇော်ထက်အောင်၊ သော်တာလင်း၊ ခိုင်ထက် ထွန်း၊ စောနီရိုး၊ လှိုင်ဝေကျော်၊ ထက်လင်း အောင်၊ မျိုးထက်ဦး၊ ကျော်ဝင်းလှိုင်နှင့် ကောင်းမြတ်သူတို့မှာ အပြီးသတ်စာရင်း၌ ပါဝင်ခဲ့ကြသည်။

အဖွင့်ပွဲ

မြန်မာအသင်းမှာ အုပ်စု (က) တွင် ဟောင်ကောင်၊ သီရိလင်္ကာ၊ သြစတြေးလျ အသင်းတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စု (ခ) တွင် ဂျပန်၊ ကာဂျစ္စတန်၊ ဆော်ဒီ၊ ဗီယက်နမ်၊ အုပ်စု(ဂ) တွင် တရုတ် (တိုင်ပေ)၊ ပါကစ္စတန်၊ ကာတာ၊ ဘာရိန်း၊ အုပ်စု (ဃ) တွင် ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် နယူးဇီလန်အသင်းတို့ ကျရောက်ခဲ့သည်။ မြန်မာအသင်းသည် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၃ ရက် နံနက် ၁၁ နာရီတွင် ဟောင်ကောင်၊ သြဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သီရီလင်္ကာ၊ သြဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သြစတြေးလျ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အခမဲ့

အာရှယူ-–၂၃ ဘော်လီဘောပြိုင်ပွဲကို မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး မြန်မာအသင်းပွဲစဉ်များကို ျြွွှဠ ရုပ်သံလိုင်း မှ ပြသမည်ဖြစ်သည်။ ပထမအကြိမ်ကျင်းပခဲ့ သည့် အာရှယူ-–၂၃ ဘော်လီဘောပြိုင်ပွဲ ကိုလည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၁၅ ခုနှစ်ကကျင်းပခဲ့ပြီး ယင်းပြိုင်ပွဲတွင် မြန်မာ အသင်းမှာ အဆင့် (၅) နေရာ၌ ရပ်တည်ခဲ့ သည်။



ဖတ်ရှုမှုအများဆုံး