ပလက်ဝဒေသ၌ ကျေးရွာ ၂၁ ရွာ စစ်ဘေးသင့်၊ တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပေးရန် ခူမီးချင်းမျိုးနွယ်စုများတောင်းဆို

ပလက်ဝဒေသ၌ ကျေးရွာ ၂၁ ရွာ စစ်ဘေးသင့်၊ တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပေးရန် ခူမီးချင်းမျိုးနွယ်စုများတောင်းဆို

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျေးရွာ ၂၁ ရွာ စစ်ဘေးသင့်ခဲ့ရပြီး တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းကာ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဇူလိုင် ၃၀ ရက်က တောင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူအရေအတွက် ၃၄၇၇ ဦးအထိ ရှိပြီဖြစ်ကြောင်း ယင်းတိုက်ပွဲရှောင်ပြည်သူများ ရှင်သန်ရပ်တည်ရေး အတွက် အစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့၊ ချင်းနိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း များက ကူညီထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ဆက်လက်ကူညီ

လတ်တလော တိုက်ပွဲရှောင်ပြည်သူများအတွက်ရရှိထားသော ထောက်ပံ့ကူညီမှုများသည် ယာယီသက်သောင့်သက်သာဖြစ်နိုင်သည့် အခြေအနေမျိုးဟုဆိုနိုင်သော်လည်း ကျေးရွာများ၏ ရေရှည်စားဝတ် နေရေး၊ ပညာရေး၊ ကျန်းမာရေးအခြေအနေများမှာ အခက်အခဲများ စွာရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ရေရှည်ရပ်တည်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ဆက်လက်ကူညီပေးရန်လိုကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက တောင်းဆိုထား သည်။

နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ

ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနှောင့်နှေးလျက်ရှိသော ချင်းပြည်နယ် ပလက်ဝဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးတကြီးလိုအပ် နေသည့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာ ခေါင်းဆောင်များ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန်လည်း ၎င်းတို့က ဆက်လက်တိုက်တွန်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး