အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ

အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ

ဗီတာမင်ချို့တဲ့ နေလို့ပဲဖြစ်ဖြစ်၊ အားဆေး သောက်သင့်တယ်ဆိုလို့ သူများပြောလို့ပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် အားဆေးသောက်ချင်လို့ဖြစ်ဖြစ် အားဆေးတွေဝယ်သောက်တော့မယ်ဆိုရင် သင်ပထမဆုံးဘာကိုစဉ်းစားပါသလဲ ။

ဈေးကွက်ထဲမှာရှိနေတဲ့ ဖြည့်စွက်အားဆေးတွေ ဆိုတာရေတွက်လို့မရနိုင်လိုက်အောင် များပြားတဲ့အတွက် ဘယ်အားဆေးကယုံကြည်စိတ်ချရလဲ၊ အရည်အသွေးပိုကောင်းလဲဆိုတဲ့ မေးခွန်းခေါင်းထဲအရင်ဆုံးရောက်လာတယ်မဟုတ်လား။

လူတော်တော်များများက အားဆေးကိုကြော်ငြာအားကောင်းလို့၊ လူပြောများနေလို့ ဆေးဆိုင်တွေမှာတင်ထားတာတွေ့လို့ဆိုပြီးဝယ်လာကြတာများပါတယ်။ အကောင်းဆုံးအားဆေးတစ်ခုမှာဘယ်လိုအချက်တွေ ပါသင့်လဲ၊ ဘာလို့ ဒီအားဆေးကိုဝယ်သောက်သင့်လဲဆိုတဲ့ အကြောင်းတွေကိုများများစားစားမသိကြပါဘူး။ တွေ့ကရာအားဆေးတွေဝယ်လာတာထက်စာရင် အားဆေးတစ်ခုကိုဘယ်လိုအချက်တွေနဲ့ စိစစ်ရွေးချယ်ပြီးဝယ်ယူရမလဲဆိုတာသိထားရင် ပိုမကောင်းဘူးလား။ ဒါမှ ပိုက်ဆံကုန်ရကျိုးလည်းနပ်မှာပေါ့နော့်။

အကောင်းဆုံးအားဆေးတစ်ခုကို  ဘယ်လိုအချက်တွေကြည့်ပြီးရွေးဝယ်မလဲ ။ 

FDA မြန်မာနိုင်ငံဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ထောက်ခံချက်အမှတ်ပါရပါမယ်။ 

ဒါကအရေးအကြီးဆုံးပါ။ ကိုယ်ဝယ်သုံးနေတဲ့ အားဆေးကယုံကြည်စိတ်ချရမှု ရှိမရှိအတိကျဆုံးအဆုံးအဖြတ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာဟာ FDA ရဲ့ ထောက်ခံချက်ပါ။ ဒါ့ကြောင့် အားဆေးတစ်ခုဝယ်သောက်တော့မယ်ဆိုရင် ဒီထောက်ခံချက်ပါမပါအရင်ဆုံး ကြည့်ပြီးမှ ဝယ်ယူစေချင်ပါတယ်။ အခြားသူတွေကဘယ်လောက်ပဲကောင်းတယ်ပြောပြော FDA ရဲ့ ထောက်ခံချက် မပါတဲ့ အားဆေးတွေကိုဝယ်မသုံးတာအကောင်းဆုံးပါ။

ဆေးအကြောင်းအင်တာနက်မှာအရင်ရှာကြည့်ပါ။  

သိချင်တာမှန်သမျှ လိုင်းပေါ်တက်ပြီးရှာလိုက်ရုံနဲ့ သိရတဲ့ အင်တာနက် ခေတ်ဆိုတော့ ကိုယ်ဝယ်ချင်တဲ့ အားဆေးအကြောင်းကိုအင်တာနက်ပေါ်မှာအရင်ရှာကြည့်ပါ။ ဆေးထဲမှာဘာတွေပါလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲ၊ သုံးစွဲပြီးသူတွေကရောကောင်းမကောင်းဘာတွေပြောထားလဲစတဲ့ အချက်တွေကိုသေချာလေ့လာပြီးမှ ဝယ်ပါ။

ဆေးဘူးနောက်ကျောမှာရေးထားတဲ့ ပါဝင်ပစ္စည်းတွေကိုသေချာဖတ်ပါ။  ။
ကိုယ်ဝယ်သောက်မယ့်အားဆေးမှာဘယ်ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတယ်။  ဘယ်လောက်ပမာဏပါတယ် ဆိုတာတွေကိုသေချာဖတ်ကြည်သင့်ပါတယ်။ ဒါမှ ကိုယ်လိုချင်တဲ့ ဗီတာမင်ကတစ်ခု၊ ကိုယ်ဝယ်သောက်လိုက်တဲ့ အားဆေးကတစ်ခြားဆိုတာမျိုးမဖြစ်တော့မှာလေ ။ 

ဒါ့အပြင် ပြုပြင်ထားတဲ့ ဗီတာမင်တွေထက်စာရင် အစားအသောက်ကရတဲ့ ဗီတာမင်တွေကိုအခြေခံပြီးထုတ်ထားတဲ့ အားဆေးတွေကိုပိုပြီးရွေးချယ်သင့်ပါတယ်။

ရိုးသားမှုသည် အရေးအကြီးဆုံးပါ။

ဒီအားဆေးမှာတော့ ဓာတ်မတည့်ခြင်းကို ဖြစ်စေတတ်တဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ဘယ်သူကတွေကတော့ မသောက်သင့်ပါဘူးဆိုတဲ့ ဖော်ပြချက်တွေ၊ အသက်ဘယ်လောက်ဝနး်ကျင်တွေကတော့ ဒီအားဆေးကိုမသောက်သင့်ပါဘူးဆိုတဲ့ ဖော်ပြချက်တွေပါတဲ့ အားဆေးမျိုးတွေကပိုပြီးယုံကြည်စိတ်ချရပါတယ်။ အမှန်ကိုအမှန်အတိုင်းပြောထားတော့ ဝယ်သောက်တဲ့သူတွေလည်းသေချာစဉ်းစားလို့ရတာပေါ့။

Avtive Form ဆိုတဲ့ စကားလုံးကိုလိုက်ရှာပါ

တစ်ချို့အားဆေးတွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေကိုကိုယ်ခန္ဓာကချက်ချင်းမစုပ်ယူနိုင်ပါဘူး။ အားဆေးသောက်တယ်ဆိုတာအာနိသင်မြန်မြန်လိုချင်လို့သောက်ပါတယ်ဆိုမှ ကိုယ်ခန္ဓာကစုပ်ယူရခက်တဲ့ အားဆေးတွေကိုဝယ်မိမယ်ဆိုရင် အချိန်ကုန် ငွေကုန်တာပဲအဖတ်တင်တော့မှာပေါ့။ ဒါဆိုဘယ်လိုရွေးဝယ်ရမလဲ ။  “bioavailable,” “optimized,” ဒါမှမဟုတ် “active form” ဆိုတဲ့ စကားလုံးလေးတွေကိုဆေးဘူးနောက်ကဆေးညွှန်းမှာလိုက်ရှာပါ။ ဒီစာလုံးတွေရဲ့ အဓိပ္ပါယ်ကစုပ်ယူရလွယ်ကူစေတယ်၊ ဆေးအာနိသင်ကောင်းတယ်ဆိုတာကိုပြောထားတာတွေပါ။ ဒီစာလုံးတွေပါတဲ့ အားဆေးတွေကိုပိုပြီးဦးစားပေးရွေးချယ်စေချင်ပါတယ်။

ဘယ်လိုသောက်ရမလဲဆိုတဲ့ ဆေးညွှန်းပါပါစေ။ 

တစ်နေ့ဘယ်နှစ်လုံးသောက်ရမလဲ။ ဘယ်နှစ်ကြိမ်သောက်ရမှာလဲ။ အသက်ဘယ်လောက်ကစပြီးသောက်ရမှာလဲ ။ အစာနဲ့တွဲပြီးလားအစာမပါဘဲသောက်ရမှာလားဆိုတဲ့ အညွှန်းတွေပါတာကိုရွေးချယ်ပါ။ ဒါမှ လိုတာထက်ပိုတဲ့ ပမာဏမသောက်မိတော့လို့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမျိုးမဖြစ်တော့ဘူးပေါ့။

ဒါတွေကတော့ အားဆေးပဲ ဖြစ်ဖြစ် အခြားဘာဆေးတွေပဲ ဖြစ်ဖြစ် ဝယ်ယူတဲ့အခါ မဖြစ်မနေစစ်ကြည့်သင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအတိုင် းတွေ့ကရာဝယ်လိုက်တာထက်စာရင် ဒါလေးတွေသိထားပြီးဝယ်တော့ ပိုကောင်းတာပေါ့ ။  



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021