တက်လာသမျှ အစိုးရတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နေပါက တိုင်းပြည်၌ ဟိုလိုလိုဒီလိုလိုဖြစ်နေနိုင်ပြီး လူမျိုးစွဲ ပါတီစွဲအစွန်းမရောက်ရန် သတိပြုသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း ဆွေးနွေး

တက်လာသမျှ အစိုးရတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နေပါက တိုင်းပြည်၌ ဟိုလိုလိုဒီလိုလိုဖြစ်နေနိုင်ပြီး လူမျိုးစွဲ ပါတီစွဲအစွန်းမရောက်ရန် သတိပြုသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရ နှင့် ပြည်သူအကြားက ပဋိညာဉ်စာချုပ် ဖြစ်ပြီး တက်လာသမျှ အစိုးရတိုင်းက ပြင်ဆင်နေမည်ဆိုပါက တိုင်းပြည်၌ဟိုလိုလိုဒီလိုလို ဖြစ်နေလိမ့်မည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး(ငြိမ်း) တစ်ဦးဖြစ်သူ ကယားပြည်နယ်မဲဆန္ဒ နယ် အမှတ် (၉) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောဆိုသည်။

သြဂုတ် ၁ ရက် နေပြည်တော်၌ပြုလုပ် သည့်ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမ နေ့တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်ပတ် သက်ပြီး ဆွေးနွေးစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

"တက်လာတဲ့အစိုးရတိုင်း၊ လွှတ်တော်တိုင်း က ပြင်ဆင်နေကြမယ်ဆိုရင် နိုင်ငံတော်ဟာ ဟိုလိုလိုဒီလိုလိုနဲ့ ရှာလည်ရမ်းနေပါလိမ့်မယ်။ အထူးသဖြင့် စိတ်ခံစားမှုနဲ့အခြေမခံသင့်သလို လူမျိုးစွဲ၊ ပါတီစွဲအစွန်းမရောက်ဖို့ သတိပြုသင့် ပါတယ်"ဟု ဦးစိုးသိန်းကပြောဆိုသည်။

ချင့်ချိန်ရန်လို

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများပြုလုပ်ပါက စဉ်းစဉ်း စားစား၊ ချင့်ချင့်ချိန်ချိန်ဆောင်ရွက်ရန် လိုအပ် ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

"အခန်း(၁) ပုဒ်မ ၁၆ အခြေခံမူဟာ အဓိကကျတယ်။ သမ္မတစနစ်လား၊ ဝန်ကြီး ချုပ်စနစ်လား၊ ဖက်ဒရယ်လား၊ ကွန်ဖန်ဒရိတ် လား၊ ဒါကွဲကွဲပြားပြား သတိပြုဖို့လိုတယ်။ အခန်း(၂) ပုဒ်မ ၄၉ ပြည်ထောင်စုကို ဘယ်လို ဖွဲ့စည်းမလဲ၊ ပြည်နယ်အမည်နဲ့ တန်းတူဖွဲ့ စည်းတာကောင်းတယ်ဆိုရင် ကျွန်တော်လည်း ကြိုက်တယ်။ ဗမာပြည်နယ်ဆိုတာကို"ဟု ၎င်းကပြောဆိုခဲ့သည်။

သို့သော်လည်း လူဦးရေတစ်သိန်းအထက် ရှိသော တိုင်းရင်းသားများကို ပြည်နယ်အဆင့် ပေးရမည်ဖြစ်၍ "ဝ" ပြည်နယ်၊ ကိုးကန့်ပြည် နယ်၊ ပအိုဝ်းပြည်နယ်၊ ပလောင်ပြည်နယ်၊ နာဂပြည်နယ်၊ တိုင်းလျန်းပြည်နယ်၊ လီဆူး ပြည်နယ်၊ ရဝမ်ပြည်နယ်၊ လားဟူပြည်နယ်၊ ဓနုပြည်နယ်၊ အခါ ပြည်နယ်တို့ကို ငယ်ငယ် ကြီးကြီး တန်းတူညီတူ ပါဝင်စေရလိမ့်မည်ဖြစ် ပြီး ယင်းမှသာ တန်းတူရေးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး