လန်ဒန်အခြေစိုက် အာဆင်နယ်အသင်း သည် ခန့်မှန်းသတင်းများအတိုင်း လိုင်လီမှ အသက် ၂၄ နှစ်အရွယ် အိုင်ဗရီကို့စ်တောင်ပံ တိုက်စစ်မှူး နီကိုလက်စ်ပီပီအား ကလပ်စံချိန် တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။
ပီပီသည် ၂၀၁၇ ခုနှစ်က အန်ဂါမှ လိုင်လီအသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပြင်သစ်လီဂူး ၇၄ ပွဲကစားခဲ့ရာ ၃၅ ဂိုး သွင်းယူနိုင်ခဲ့သည်။ ပီပီသည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စတုတ္ထမြောက်ပြောင်းရွှေ့ ကြေးအများဆုံး ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပရီးမီးယားလိဂ်၏ပြောင်း ရွှေ့ကြေး ကစားသမားသုံးဦးမှာ ပေါ့ဘာ၊ လူကာကူနှင့်ဗန်ဒစ်တို့ဖြစ်ကြသည်။ ပီပီသည် ၂၀၁၈-၁၉ ဘောလုံးရာသီ၌လည်း လိုင်လီ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစား ခဲ့ပြီး ၂၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရောက် ရှိခဲ့သော ပီပီက "အာဆင်နယ်အသင်းဟာ ကျွန်တော့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုလို့ ယုံကြည်ခဲ့လို့ အာဆင်နယ်အသင်းကိုပြောင်း ရွှေ့နိုင်ခဲ့တာပါ။ ခံစားမှုကတော့ ပြောစရာကို မလိုပါဘူး"ဟု ပြောဆိုခဲ့သည်။
အာဆင်နယ် အသင်းနည်းပြအမ်မရီက "နီကိုလက်စ်ဟာ ပါရမီရှိတဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်ပါ တယ်။ သူ့ကို ဥရောပအသင်းကြီးတွေကလိုချင် ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဈေးကွက်အတွင်း အဓိကပစ်မှတ်ထားတဲ့ ကစားသမားတွေထဲက ခြေစွမ်းအဆင့်ရှိတဲ့ တောင်ပံကစားသမား တစ်ဦးကိုခေါ်နိုင်ခဲ့တာပါ။ အာဆင်နယ်ကို ပီပီပြောင်းရွှေ့လာခဲ့လို့ ကျွန်တော် ဝမ်းသာပါ တယ်"ဟု ဖွင့်ဟခဲ့သည်။
အာဆင်နယ်အသင်းနှင့် စာချုပ်လက်မှတ် ရေးထိုးနိုင်ခဲ့သော ပီပီသည် အာဆင်နယ်တွင် ကျောနံပါတ် ၁၉ ဂျာစီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။ ပီပီက ပြင်သစ်တိုက်စစ်မှူး လာကာ ဇက်တီ၊ ကွင်းလယ်လူ အိုဇေးလ်တို့နှင့် တွဲ ကစားရမည်ဖြစ်၍ ဂုဏ်ယူမိကြောင်း ပြောဆို ခဲ့သည်။ အသင်းပြောင်းရန် ကိုလိုတိုရေး၏ အကြံဉာဏ်ရယူခဲ့ရဟု ပီပီက အသိပေးပြော ကြားခဲ့သည်။















