မန်ယူရောက် မာဂူရီ ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး နောက်ခံလူဖြစ်လာ

မန်ယူရောက် မာဂူရီ ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး နောက်ခံလူဖြစ်လာ

မန်ယူအသင်းသည် ခန့်မှန်းသတင်းများ အတိုင်း လက်စတာမှ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ဟာရီမာဂူရီကို ပြောင်း ရွှေ့ကြေး ပေါင်သန်း ၈ဝ ဖြင့်ခေါ်ယူရန် အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း ဘီဘီစီကဖော်ပြခဲ့သည်။

နောက်ခံလူ မာဂူရီသည် မကြာခင်အချိန်အတောအတွင်း မန်ယူအသင်း၌ ဆေးစစ်မှုခံယူမည်ဖြစ်သည်။ မန်ယူသည် နွေရာသီအပြောင်းအရွှေ့ဈေးကွက် အတွင်း ဝေးလ်တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်၊ အင်္ဂလန်ယူ-၂၁ နောက်ခံလူ ဘစ်ဆာ ကာတို့ကိုခေါ်ယူခဲ့ပြီးနောက် မာဂူရီအား တတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ခေါ်ယူနိုင်ခဲ့သည်။

မန်ယူအသင်းသို့ပြောင်းရွှေ့ ခဲ့သောမာဂူရီသည် နယ်သာလန်နောက်ခံလူ ဗန်ဒစ်၏စံချိန်ကို ကျော်ဖြတ်၍ ပေါင်သန်း ၈ဝ ဖြင့် ကမ္ဘာ့ဈေးအမြင့်ဆုံး နောက်ခံကစား သမားတစ်ဦးဖြစ်လာခဲ့သည်။ လီဗာပူးသည် ၂ဝ၁၈ ဇန်နဝါရီက ဆောက်သမ်တန်နောက် ခံလူ ဗန်ဒစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

မာဂူရီသည် ကမ္ဘာ့ဈေးအမြင့်ဆုံး ကစား သမားများစာရင်း၌ ပါဝင်လာခဲ့သည်။ ကမ္ဘာ့ ဈေးအမြင့်ဆုံးကစားသမားများမှာ နေမာ၊ အမ်ဘက်ပီ၊ ကော်တင်ဟို၊ ဒမ်ဘီလီ၊ ယာအို ဖီလစ်၊ ဂရစ်ဇ်မန်း၊ စီရိုနယ်ဒို၊ ဟာဇက်၊ ပေါ့ဘာ၊ ဂါရက်ဘေးလ်တို့ဖြစ်ကြပြီး ယခုအခါ မာဂူရီပါဝင်လာခဲ့သည်။

မာဂူရီသည် ပရိုကစားသမားဘဝအစကို ၂ဝ၁၁ ခုနှစ်က ရှက်ဖီးလ်ယူနိုက်တက်အသင်း တွင် စတင်ခဲ့သူဖြစ်ပြီး ရှက်ဖီးလ်အသင်းအတွက် လိဂ်ပွဲ ၁၃၉ ပွဲကစားခဲ့သည်။ မာဂူရီသည် ၂ဝ၁၄ ခုနှစ်က ဟားလ်စီးတီးသို့ရောက်ရှိခဲ့ပြီး ခြေစွမ်းပြခဲ့ရာ ၂ဝ၁၆ ခုနှစ်က လက်စတာသို့ ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်းဖြင့်ရောက်ရှိ ခဲ့သည်။ မာဂူရီသည် လက်စတာအသင်း အတွက် ပရီးမီးယားလိဂ် ၆၉ ပွဲကစားထား သည်။ မာဂူရီရောက်လာ၍ မန်ယူအသင်းတွင် ခံစစ်ကစားသမားခုနစ်ဦးရှိလာခဲ့သည်။

မန်ယူသည် လာမည့်သြဂုတ် ၁၁ ရက်တွင် ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ် ပွဲစဉ်(၁)ကစား ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး