ပျားဆိုတဲ့ သတ္တဝါလေးတွေဟာသူ့ဘာသာဆိုဘာမှမလုပ်ပေမယ့် သူနေတဲ့ အုံကိုများသွားထိမိလိုက်လို့ကတော့ အပြုံလိုက်ထွက်လာပြီးတုပ်တယ်ဆိုတာအားလုံးသိကြမှာပါ။ ပျားတုပ်ခံရတဲ့ အရသာဟာဘာနဲ့မှ မတူအောင် အီစိမ့်တယ်ဆိုတာအတုပ်ခံရဖူးသူတိုင်းသိကြမှာပါ။
• ပျားတုပ်ခံရတဲ့နေရာကရောင်ကိုင်းပြီးတင်းနေမယ်
• တဆစ်ဆစ်ကိုက်မယ်
• ယားသလိုလိုနာသလိုလိုဖြစ်ပြီးနီရဲနေမယ်
• အတုပ်ခံရတဲ့နေရာကလှုပ်ရှားရတဲ့ လက်ဆစ်လိုနေရာမျိုးတွေမှာ ဖြစ်ခဲ့ရင် လှုပ်မရလို့ အလုပ်တွေပျက်မယ် စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ လိုက်လာပါလိမ့်မယ်။.
ဒီတော့ ပျားအတုပ်ခံရရင် နာလည်းနာမယ်၊ အလုပ်လည်းပျက်မယ်ဆိုတော့ ကိုယ်ပျားအတုပ်ခံရတဲ့အခါ အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်လို့ရလဲ။ ပြောကြတာကြားဖူးတယ်မလား၊ ပျားတုပ်ခံ၊ ပုရွက်ဆိတ်ကိုက်ခံရရင် ပရုတ်ဆီတွေ မလိမ်းရဘူး၊ ဆေးတွေ လျှောက်မလိမ်းရဘူးဆိုတာကို။ ဒီတော့ ပျားတုပ်ခံထားရတဲ့အနာ မြန်မြန်သက်သာစေဖို့ သဘာဝနည်းတွေနဲ့လုပ်ကြည့်ရင် မကောင်းဘူးလား။ ။
ပျားတုပ်ခံရင် အမြန်သက်သာအောင် ဒီသဘာဝနည်းလေးတွေ လုပ်ကြည့်ပါ။
( ၁ ) ရေခဲကပ်ပါ။
ရေခဲဟာ ရောင်ရမ်းခြင်းတွေနဲ့ နာကျင်ခြင်းတွေကိုလျော့ကျစေနိုင်တဲ့ အစွမ်းတွေရှိပါတယ်။ ဒီတော့ ပျားတုပ်ခံရပြီးပြီးချင်းအတုပ်ခံရတဲ ့နေရာကပျားဆိပ်တွေစင်သွားအောင် ရေဆေးလိုက်ပါ။ ရောင်ပြီးနီလာတဲ့နေရာကိုမိနစ်အတော်ကြာအောင်ရေခဲကပ်ပါ။ ကပ်ကပ်ချင်းကိုက်သလိုခံစားမှု ဖြစ်ပေမယ့် လုံးဝမရပ်လိုက်ဘဲဆက်ပြီးရေခဲကပ်ပါ။ တစ်တုံးကုန်သွားရင် နောက်တစ်တုံးနဲ့ ဆက်လုပ်ပါ။ ရေခဲကပ်တဲ့အခါ ရေခဲနဲ့ အသားနဲ့ တိုက်ရိုက်မထိဘဲ ကြားထဲအဝတ်တစ်ခုခုခံပြီးရေခဲကပ်ပါ။
( ၂ ) ရှားစောင်းလက်ပတ်။
ရှားစောင်းလက်ပတ်ထဲကဂျယ်လီလေးမှာရောင်ရမ်းခြင်း ကိုလျော့ကျစေတဲ ့ အာနိသင်အပြင် ဘက်တီးရီးယားပိုးတွေကိုသေစေနိုင်တဲ ့အစွမ်းရှိတာကြောင့် ပျားတုပ်ခံထားရတဲ့နေရာကိုရှားစောင်းလက်ပတ်ဂျယ်လေးနဲ့ စိမ့်ဝင်အောင် လိမ်းပေးပါ။ အေးမြမြခံစားမှုနဲ့အတူနာကျင်ရောင်ရမ်းတာတွေသက်သာသွားမှာပါ။
( ၃ ) Calamine lotion
ခြင်ကိုက်ယားယံတာဖြစ်ဖြစ်၊ ယားယံတဲ့အဖုအပိန့်တွေကိုသက်သာစေဖိုု့ဖြစ်ဖြစ် သုံးကြတဲ့ Calamine lotion ကိုပျားတုပ်ခံရတာကိုသက်သာစေဖို့ သုံးပေးလို့ရပါတယ်။ ပျားတုပ်ခံထားရတဲ ့နေရာကို Calamine lotion လေးပွတ်ပေးလိုက်ရုံပါပဲ။
( ၄ ) ပျားရည်။
ပျားရည်မှာရောင်ရမ်းခြင်းကိုလျော့စေတဲ ့အာနိသင်ရှိတာကြောင့် ပျားတုပ်ခံရလို့ ရောင်ကိုင်းနေခြင်းကိုသူကသက်သာစေမှာပါ။ နောက်ပြီးပျားရည်ရဲ့ ဘက်တီးရီးယားကိုသေစေနိုင်တဲ့ အာနိသင်ကြောင့် ပျားတုပ်ခံရတဲ့နေရာကိုနောက်ထပ်ပိုးဝင်တာတွေကိုကာကွယ်ပေးမယ့်အပြင် အနာကျက်မြန်အောင်လည်းသူကကူညီပေးဦးမှာပါ။ဒါကတော့ ပျားတုပ်ခံရတဲ့အမြန်သက်သာစေမယ့် အသုံးဝင်သဘာဝနည်းလမ်းတွေဖြစ်ပါတယ်။
သဘာဝနည်းလမ်းတွေကိုမသုံးချင်ဘူးဆေးတွေကိုယုံကြည်တယ်ဆိုတဲ့သူတွေကတော့ ပျားတုပ်ခံရတဲ့နေရာကိုခုပြောပြမယ့်ဆေးတွေ သုံးပေးလို့ရပါတယ်။
• hydrocortisone creams – ရောင်ရမ်းနီရဲနေတာတွေနဲ့ နာကျင်တာကိုလျှော့ချပေးနိုင်ပါတယ်။
• antihistamines သောက်ဆေး – ယားယံတာကိုအဓိကသက်သာစေမှာဖြစ်ပြီးရောင်ရမ်းခြင်းကိုလည်းလျှော့ချပေးနိုင်မှာပါ။
• အကိုက်အခဲပျောက်ဆေး – တချို့ အကိုက်အခဲပျောက်ဆေးတွေကပျားတုပ်ခံထားရလို့ တဆစ်ဆစ်နာကျင်မှုကိုသက်သာစေမယ့်အပြင် ရောင်ရမ်းတာတွေကိုလည်းသက်သာစေမှာပါ။
တချို့ ဓာတ်မတည့်မှု ပြင်းထန်တဲ့သူတွေကျတော့
• ဆရာဝန်ဆီချက်ချင်းသွားပြီး epinephrine ဆေးထိုးဖို့လိုအပ်ပါတယ်။
သဘာဝနည်းတွေကလွဲလို့ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတွေအားလုံးကိုမသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ မမေ့နဲ့နော် ။ ။

















