ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ အမျိုး သားတစ်ဦး ဧရာဝတီမြစ်အတွင်းသို့ ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြစ်အတွင်းခုန်ချ
ယင်းသို့ခုန်ချသူမှာ စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကုန်းကျေးရွာနေ ကိုပြည့်ဟိန်းထက်ဆိုသူဖြစ်ပြီး နှလုံးသားရေးရာကိစ္စကြောင့် သြဂုတ် ၂ ရက် ညနေ ၅ နာရီခန့်က ဧရာဝတီ တံတား (ရတနာပုံ)ပေါ်မှနေ၍ ဧရာဝတီမြစ် အတွင်းသို့ ခုန်ချခဲ့ခြင်းဟု ယူဆရကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
ပူးပေါင်းရှာဖွေ
"ဘာကြောင့်လဲဆိုတော့ ဖေ့စ်ဘွတ်ခ် အကောင့်ထဲဝင်ကြည့်တော့ နှလုံးသားရေးရာ ကိစ္စကြောင့် ခုန်ချသွားတာလို့ သိရပါတယ်"ဟု အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)မှ ကိုစိုးမင်းဦး ကပြောဆိုသည်။
ဧရာဝတီမြစ်အတွင်းသို့ ခုန်ချသွားသူ ကိုပြည့်ဟိန်းထက်အား အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့ (စစ်ကိုင်း)၊ စစ်ကိုင်းခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ သုခကာရီလူမှုကူညီ ရေးအဖွဲ့တို့ပူးပေါင်း၍ ရှာဖွေရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိသည်။

















