ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပထွေးဖြစ်သူက အသက် ရှစ်နှစ်ကျော်အရွယ်ကလေးငယ်ကို ကလေး၏မိခင်ဖြစ်သူ အလုပ်သွားချိန်များ၌ အဓမ္မပြုကျင့်မှုအား ရဲတပ်ဖွဲ့က သြဂုတ် ၄ ရက်တွင် အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့သည်။
အဆိုပါနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသည် အလုပ်မှနေအိမ်သို့ ပြန်လာစဉ် အသက်ရှစ်နှစ်ကျော်အရွယ် တတိယတန်း ကျောင်းသူသမီးငယ်မှာ မျက်နှာ ညှိုးငယ်နေသဖြင့် မေးမြန်းခဲ့သည်။
ဇူလိုင် ၃၁ ရက်နှင့် သြဂုတ် ၂ ရက်နေ့တို့တွင် မိခင်ဖြစ်သူအလုပ်ခွင်၌ရှိနေစဉ် မိခင်၏ နောက်အိမ်ထောင်ဖြစ်သူ အယ်ခူဆဲ(ခ)ကရင်(၂၈ နှစ်)က နေအိမ်တွင် အဓမ္မပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူက ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက (ပ)၁၃၀၃/၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူထားသည်။
















