ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ခြေရာတော်ကျေးရွာအနီးရှိ အေအေ လက်နက်ကိုင်အဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သြဂုတ် ၅ ရက်က သတင်းထုတ်ပြန်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ခြေရာတော်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀ဝ၀ ခန့်အကွာသို့ အရောက်၌ အေအေအဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုကို ပစ်ကျင်း ခြောက်ကျင်း၊ လူနေတဲ သုံးလုံး၊ ယူနီဖောင်း နှစ်စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာ၊ မြေခင်းစ ၁၄ ထည်၊ ဂေါ် ပြား၊ တူးရွင်း၊ ဓားရှစ်ချောင်း၊ လက်ကိုင်ဖုန်းတစ်လုံး၊ တန်းစီကွင်း တစ်ကွင်းတို့နှင့်အတူ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထပ်မံသိမ်းဆည်းနိုင်
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေစိုးမိုး ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် သြဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ခြေရာတော်ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀ဝ ခန့် အကွာသို့ အရောက်၌ အေအေ အဖွဲ့က ဝှက်ထားသော လေ့ကျင့်ရန် ပြုလုပ်ထားသည့် သစ်သားသေနတ်အလက် ၅၀ဝ၊ ဒီတိုနေတာ ခြောက်ခု၊ ပွိုင့် ၅ ကျည်ခွံပုံး သုံးပုံး၊ တဲမျိုးစုံ ၁၃ လုံး၊ ပေါက်ပြား၊ ဂေါ်ပြား ၆၀၊ သံတူးရွင်း ၄၀၊ ဓားအချောင်း ၅၀၊ ဖုန်း တစ်လုံး၊ ဆန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးမျိုးစုံ သုံးအိတ်၊ အခြားအသုံးအဆောင် ပစ္စည်းမျိုးစုံတို့ကို ထပ်မံသိမ်းဆည်းနိုင်ခဲ့ သည်။
တပ်မတော်အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေး အတွက် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ် ပြန်ချက်၌ ဖော်ပြပါရှိသည်။



















