VUC နှင့် လက်ဘနွန်ကလပ်ဘီရွတ် သြဂုတ် ၈ ရက်တွင် ယှဉ်ပြိုင်မည်

VUC နှင့် လက်ဘနွန်ကလပ်ဘီရွတ် သြဂုတ် ၈ ရက်တွင် ယှဉ်ပြိုင်မည်

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုကလပ် VUC အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၈ရက် ဒေသစံတော်ချိန် ညနေ ၅နာရီတွင် လက်ဘနွန်ကလပ် ဘီရွတ်အသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ် ၇ ရက်မှ ၁၇ရက်အထိ ကျင်းပနေပြီး VUC အသင်းသည် အဆိုပါပြိုင်ပွဲကို ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်မည်ဖြစ်သည်။

VUC အသင်းသည် ပြိုင်ပွဲကို အုပ်ချုပ်၊နည်းပြအဖွဲ့ဝင် ၉ဦး၊ ကစားသမား ၁၄ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

VUC အသင်းနှင့် ယှဉ်ပြိုင်မည့် ဘီရွတ်အသင်းသည် ပြီးခဲ့သည့်ရာသီက ပြည်တွင်းလိဂ်ချန်ပီယံဖြစ်ပြီး နိုင်ငံခြားသားကစားသမားနှစ်ဦး ခေါ်ယူထားသည်။ VUC အသင်းမှာ ပြိုင်ပွဲကို ပြည်တွင်းကစားသမားများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ အဖွင့်ပွဲစဉ်၌ ရလဒ်ကောင်းရန် ရုန်းကန်ရဖွယ်ရှိနေသည်။

ပြီးခဲ့သည့် ရာသီက VUC အသင်းသည် ပြိုင်ပွဲ၌ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး နိုင်ငံအလိုက်ရပ်တည်မှုတွင် အဆင့် ၁၅နေရာ၌ ရပ်တည်ခဲ့သည်။ထို့ကြောင့် ယခုနှစ်ပြိုင်ပွဲတွင် ယခင်နှစ်ကထက် ရပ်တည်မှုအဆင့် မြင့်မားရန် VUC အသင်းက မျှော်လင့်ထားသည်။



ဖတ်ရှုမှုအများဆုံး