အထောက်အထားမဲ့ဝင်ရောက်သူဘင်္ဂါလီလေးဦးနှင့် ပို့ဆောင်သူယာဉ်မောင်းကို ဖမ်းဆီး

အထောက်အထားမဲ့ဝင်ရောက်သူဘင်္ဂါလီလေးဦးနှင့် ပို့ဆောင်သူယာဉ်မောင်းကို ဖမ်းဆီး

ဂန့်ဂေါမြို့တွင် အထောက်အထားမဲ့ဝင်ရောက်လာသူဘင်္ဂါလီလေးဦးနှင့် လိုက်ပါပို့ဆောင်သူ ယာဉ်မောင်းကို ရဲတပ်ဖွဲ့က သြဂုတ် ၆ ရက်၌ အမှုဖွင့်အရေးယူထားသည်။

အဆိုပါနေ့ နံနက် ၂ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ် (၅၀)ခြေလျင် တပ်ရင်းလမ်းဆုံ၊ ဂန့်ဂေါ-ကလေး-ပုလဲ ကားလမ်းမပေါ်၌ သက်ဆိုင်ရာက မော်တော်ယာဉ်များကို စစ်ဆေးနေစဉ် ကလေးမြို့ဘက်မှ ဂန့်ဂေါ - ပုလဲမြို့ဘက်သို့ မောင်းနှင်လာသော NISSAN AD အဖြူရောင်ယာဉ်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့သည်။

ယာဉ်ပေါ်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နေ ယာဉ်မောင်း ဦးတေကနတ်နှင့် အထောက်ထားမဲ့ ဝင်ရောက်လာသူများဖြစ်သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာနေ ဘင်္ဂါလီများဖြစ်သော မိုဟာမတ်ရာဟာရ(ခ)ဂျာရခန် ပါလေးဦးကိုတွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

၄င်းတို့ကို စစ်ဆေးချက်အရ လွန်ခဲ့သောနှစ်နှစ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တစ်ဆင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ကျပန်းအလုပ်သွားရောက်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သောတစ်လခန့်က စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့သို့ သွားရောက်နေထိုင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထိုမှတစ်ဆင့် မန္တလေးမြို့ သို့ သွားရောက်ရန်အတွက် တစ်ဦးလျှင် ကျပ် ၁၂၀ဝ၀ဝ ပေးကာ ယာဉ်မောင်း ဦးတေကနတ်ယာဉ်ဖြင့် သြဂုတ် ၅ ရက် နံနက် ၁၁ နာရီခန့်တွင် စတင်ထွက်ခွာလာခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဂန့်ဂေါမြို့မရဲစခန်းက (ပ) ၉၀၂/၁၉၊ မြန်မာနိုင်ငံသားမှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၆(၂)/၆(၃) အရ ၎င်းတို့ လေးဦးကို အမှုဖြင့် အရေးယူခဲ့ပြီး ပို့ဆောင်ပေးခဲ့သူယာဉ်မောင်းကို ရာဇသတ်ကြီးပုဒ်မ ၃၆၇ အရ အမှုဖွင့် အရေးယူထားသည်။