၂၀၁၉-၂၀ အင်္ဂလန် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို သြဂုတ် ၉ ရက်ည မြန်မာ စံတော်ချိန် နံနက် ၁ နာရီခွဲတွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယမန်နှစ်က ဒုတိယရခဲ့သော လီဗာပူးနှင့် နောဝှစ်ချ်အသင်းတို့ ကစားကြ မည်ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲမှာ ပရီးမီးယား လိဂ်ဟုအမည်ပြောင်းခဲ့ပြီးနောက် (၂၈)ကြိမ် မြောက်ကျင်းပမည့် ပြိုင်ပွဲတစ်ရပ်ဖြစ်သည်။ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗီဒီယို အကူဒိုင်လူကြီးစနစ်ကို ပထမဆုံးအကြိမ် အသုံးပြုမည်ဖြစ်သည်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁)ကို သောကြာညတွင်ကစားမည်ဖြစ်ကာ စနေ နေ့၌ ၆ ပွဲ၊ တနင်္ဂနွေနေ့၌ ၃ ပွဲ ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်နှစ်ထက် တစ်နှစ်ပြိုင်ဆိုင်မှုပြင်းထန်နေပြီး လက်ရှိအချိန် တွင် အင်အားကြီးအသင်းများမှာ ကစားသမား ခေါ်ယူမှုများပြုလုပ်ထားသည်။ အသင်းကြီး များအနက် လက်ရှိချန်ပီယံမန်စီးတီးမှာ ကစား သမားသစ်နှစ်ဦးသာခေါ်ယူထားပြီး ၎င်းတို့ မှာ ရိုဒရီနှင့် နောက်ခံလူ အိန်ဂျယ်လီနိုတို့ဖြစ် သည်။ မန်ယူအသင်းမှာ လက်စတာမှ အင်္ဂလန် နောက်ခံလူ မာဂူရီကို ပြောင်းရွှေ့ကြေးပေါင် သန်း ၈၀ ဖြင့်ခေါ်ယူထားပြီး ဒန်နီရယ်ဂျိမ်းစ် နှင့် ဘစ်ဆာကာတို့ကိုလည်း အားဖြည့်ထား သည်။
လီဗာပူးမှာ အပြောင်းအရွှေ့အတွင်း ကြီး ကြီးမားမားလှုပ်ရှားမှုမရှိခဲ့ဘဲ ဂိုးသမားအက်ဒရီ ယန်ကိုအလွတ်ခေါ်ကာ အီလီယော့နှင့် နောက် ခံလူ ဗန်ဒန်ဘက်တို့ကိုသာ ခေါ်ယူထားသည်။ အာဆင်နယ်မှာ ပီပီကို ကလပ်စံချိန်တင်ပြောင်း ရွှေ့ကြေးဖြင့် ခေါ်ယူကာ ဆီဘယ်လော့စ်၊ ဆလီဘာနှင့် မာတင်နယ်လီတို့ကို ခေါ်ယူ ထားသည်။
ချန်ပီယံအသင်းရေပန်းစားမှုတွင် မန်စီး တီးက နှစ်လေးတစ်လေးဖြင့် ချန်ပီယံဖြစ်ရန် ထိပ်ဆုံးမှ အလေးပေးခြင်းခံရသည်။ လီဗာပူး မှာ ၁၀ လေးသုံးလေး၊ စပါးမှာ ၂၂ လေး တစ်လေး၊ ချယ်လ်ဆီးနှင့် မန်ယူမှာ ၄၀ လေး တစ်လေး၊ အာဆင်နယ်မှာ ၆၆ လေး တစ်လေး ဖြင့် အလေးပေးခြင်းခံရသည်။















