ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ်အစည်းအဝေး ယခုနှစ်အတွင်းကျင်းပရန်စီစဉ်နေဟုဗိုလ်မှူးကြီးစိုင်းငင်းပြောဆို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ်အစည်းအဝေး ယခုနှစ်အတွင်းကျင်းပရန်စီစဉ်နေဟုဗိုလ်မှူးကြီးစိုင်းငင်းပြောဆို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး ယခုနှစ်အတွင်းကျင်းပရန်စီစဉ်နေကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) လက်နက်ကိုင် အစုအဖွဲ့ခေါင်းဆောင်တာဝန်ယူထားသော ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီမှ ဗိုလ်မှူးကြီးစိုင်းငင်းက သြဂုတ် ၇ ရက်က ပြောဆိုသည်။

"၂၀၁၉ ခုနှစ်အတွင်းမှာ (၂၁)ရာစုပင်လုံ စတုတ္ထအကြိမ်အစည်း အဝေးကျင်းပနိုင်ရေးကို သက်ဆိုင်တဲ့အစုအဖွဲ့တွေက ကြိုးပမ်းနေ တယ်လို့သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူမှုရေးကဏ္ဍလုပ်ငန်း ကော်မတီအနေနဲ့ ညီလာခံမှာတင်ပြဆွေးနွေးနိုင်ဖို့လိုအပ်တဲ့လူမှုရေးက ဆိုင်ရာအခြေခံမူတွေနဲ့ မူဝါဒတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ် ပါတယ်" ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အင်န် စီအေ) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ငါးကြိမ်မြောက် လူမှုရေးကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲကို သြဂုတ် ၇ ရက်မှ သြဂုတ် ၉ ရက်အထိ ရန်ကုန်မြို့ရှိ Mercure ဟိုတယ်တွင် ပြုလုပ်နေခြင်းဖြစ်သည်။

အခြေခံမူများ ချမှတ်နိုင်ရန်

ယင်းအလုပ်ရုံဆွေးနွေးပွဲ သုံးရက်တာအတွင်း တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပညာရေးနှင့် ပတ်သက်သည့် အခြေခံမူများ၊ မူဝါဒများ စုပေါင်းချမှတ်နိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲသည် တစ်နှစ်အတွင်း ကျင်းပနိုင်သည့် အလုပ်ရုံ ဆွေးနွေးပွဲဖြစ်သောကြောင့် အကျိုးရှိရှိအသုံးချပြီး ဖက်ဒရယ်ပညာ ရေးနှင့်ပတ်သက်သည့် မျှော်မှန်းချက်များနှင့် အခက်အခဲများကိုဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်အခြေခံမူတွေ ချမှတ်နိုင်ရန် ဗိုလ်မှူးကြီး စိုင်းငင်းက တိုက်တွန်းခဲ့သည်။

တစ်နှစ်ကျော်ကြာမကျင်းပနိုင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်း အဝေးကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပရန် သဘောတူညီချက်ရှိခဲ့ သော်လည်း နောက်ဆုံးကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ±(၂၁)ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းက ကျင်းပခဲ့ခြင်းဖြစ်၍ မကျင်းပနိုင်သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး