ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများ အာဆီယံအဆင့်မြင့်မြို့တော်များ ကွန်ရက်အဖွဲ ့ဝင်အဖြစ် သတ်မှတ်ထားကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများ အာဆီယံအဆင့်မြင့်မြို့တော်များ ကွန်ရက်အဖွဲ ့ဝင်အဖြစ် သတ်မှတ်ထားကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

အာဆီယံအသိုက်အဝန်း၏ အဆင့်မြင့်မြို့ တော်များကွန်ရက်တွင် အဖွဲ့ဝင်အဖြစ် မြန်မာ နိုင်ငံမှ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ ကိုသတ်မှတ်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သြဂုတ် ၈ရက်တွင် ကျရောက် သည့် (၅၂)မြောက် အာဆီယံနေ့အတွက်ပေးပို့ သော သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။

အာဆီယံအဆင့်မြင့်မြို့တော်များ ကွန် ရက်အောင်မြင်စွာ ဖြစ်ထွန်းသည်ကို မြင်တွေ့ လိုကြောင်း နိုင်ငံသမ္မတက ပြောကြားသည်။

အထောက်အကူပြုနိုင်မည်

အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အလားအလာကောင်းများကို အတူတကွရှာဖွေ ဖော်ထုတ်ရာတွင်လည်းကောင်း၊ အလေ့အကျင့် ကောင်းများအချင်းချင်း မျှဝေရာတွင်လည်း ကောင်း၊ အဆင့်မြင့်မြို့တော်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သီးခြားလုပ်ငန်းများချမှတ်ရေး၊ အာဆီယံအတွက် ထူးခြားကောင်းမွန်သည့် အဆင့်မြင့်မြို့တော်များပေါ်ထွန်းရေး မူဘောင် ရေးဆွဲရာတွင်လည်းကောင်း၊ အာဆီယံအတွင်း ရှိ မြို့တော်များကြား ကွန်ရက်ချိတ်ဆက်ခြင်း သည် အထောက်အကူပြုနိုင်မည်ဟု နိုင်ငံ တော်သမ္မတက သုံးသပ်ပြောကြားသည်။

တည်ထောင်ဖွဲ့စည်း

အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ မြို့ကြီး နှစ်မြို့ သို့မဟုတ် သုံးမြို့သည် ခေတ်မီ၍ ရေ ရှည်ခိုင်မြဲသည့် မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သည့် နေရာတစ်ခုဖြစ်လာရန် အာဆီယံအဆင့်မြင့် မြို့တော်များကွန်ရက်ကို တည်ထောင်ဖွဲ့စည်း ခြင်းဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ နည်းပညာ ကို အဓိကမောင်းနှင်အားအဖြစ် အသုံးချပြီး အာဆီယံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးဖြစ်ကြောင်း သိရသည်။

အကောင်အထည်ဖော်

အာဆီယံအနေဖြင့် စီးပွားရေးပူးပေါင်းမှု ပိုမိုအားကောင်းရေးအတွက် အာဆီယံစီးပွား ရေးအသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်နှင့် ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည် မှန်းချက် ပြည့်ဝရေးအကောင်အထည်ဖော်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး