ပရီးမီးယားလိဂ် နွေရာသီ အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၁ ဒသမ ၄၁ ဘီလီယံရှိခဲ့

ပရီးမီးယားလိဂ် နွေရာသီ အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၁ ဒသမ ၄၁ ဘီလီယံရှိခဲ့

၂ဝ၁၉-၂ဝ ဘောလုံးရာသီမစတင်မီ ပရီးမီးယားလိဂ်နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အသုံးစရိတ်မှာ စုစုပေါင်း ပေါင် ၁ ဒသမ ၄၁ ဘီလီယံရှိခဲ့ကြောင်း ဘီဘီစီကရေးသားခဲ့သည်။

ပရီးမီးယား လိဂ်အသင်းများ၏ ယခုနွေအသုံးစရိတ်မှာ ၂ဝ၁၇ ခုနှစ်ကစံချိန်တင်သုံးခဲ့သော ပေါင် ၁ ဒသမ ၄၃ ဘီလီယံထက် လျော့နည်းခဲ့ သည်။

ပရီးမီးယားလိဂ်အသင်းများသည် ဈေးကွက်နောက်ဆုံးရက်၌ ကစားသမား ခေါ်ယူမှုအတွက် ပေါင်သန်း ၁၇ဝ အသုံး ပြုခဲ့သည်။ အပြောင်းအရွှေ့ ၁၇ ခုသာ ဖြစ်ပေါ်ခဲ့ရာ ၂ဝဝ၉ ခုနှစ်နောက်ပိုင်း ဈေးကွက်နောက်ဆုံးရက်၌ အနည်းဆုံး အရေအတွက်ဖြစ်ခဲ့သည်။ အာဆင်နယ် သည် ပြောင်းရွှေ့ကြေးအများဆုံးအသုံး ပြုခဲ့ပြီး ပေါင် ၁၅၅ သန်းသုံးခဲ့သည်။

အဲဗာတန်မှာ ဈေးကွက်နောက်ဆုံး ရက်၌ အာဆင်နယ်တိုက်စစ်မှူး အိုင်ဝိုဘီ ကို ပေါင် ၃၄ သန်းဖြင့်ခေါ်ယူခဲ့သည်။ စပါးအသင်းမှာ ဖူလ်ဟမ်မှဆက်ဆီနွန်ကို ပေါင် ၂၅ သန်းဖြင့်ခေါ်ယူခဲ့ပြီး ဘက်တစ်မှ လိုဆယ်ဆိုကို အငှားခေါ်ခဲ့သည်။

ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ကစားသမားခေါ်ယူမှုများပြုလုပ်ခဲ့သော အသင်း ၁၁ သင်းမှာ ရှက်ဖီးလ်ယူနိုက် တက်၊ အာဆင်နယ်၊ ဗီလာ၊ လက်စတာ၊ မန်စီးတီး၊ နယူးကာဆယ်၊ ဆောက်သမ် တန်၊ စပါး၊ ဝက်ဖို့ဒ်၊ ဝက်စ်ဟမ်းနှင့် ဝုလ် အသင်းတို့ဖြစ်ကြသည်။



ဖတ်ရှုမှုအများဆုံး