စီရီးအေကလပ် အင်တာမီလန်သည် မန်ယူမှ ဘယ်လ် ဂျီယံတိုက်စစ်မှူး လူကာကူကို ပရီးမီးယားလိဂ်အပြောင်း အရွှေ့ဈေး ကွက် နောက်ဆုံးရက်၌ ပြောင်းရွှေ့ကြေးပေါင် ၇၄ သန်းဖြင့်ခေါ်ယူကာ ငါးနှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး လူကာကူသည် အဲဗာတန်မှ ပေါင် ၇၅ သန်းဖြင့် မန်ယူသို့ရောက်ရှိခဲ့သူ ဖြစ်ပြီး နှစ်ရာသီအတွင်း ၉၆ ပွဲကစားခဲ့ရာ ၄၂ ဂိုးသွင်းယူခဲ့ သည်။ အင်တာမီလန်သည် အဓိကပစ်မှတ်ထားခဲ့သော တိုက်စစ်မှူးလူကာကူကို ပြောင်းရွှေ့ကြေးမြင့်မားစွာဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ အင်တာမီလန်သို့ရောက်ရှိခဲ့သော တိုက်စစ်မှူးလူကာကူသည် အင်တာ၌အောင်မြင်မည်ဟု မာဆေးလ်နည်းပြ ဗီလက်စ်ဘိုအက်နှင့် အင်တာတိုက်စစ် မှူးဟောင်း အီတူးတို့က ထောက်ခံပြောဆိုခဲ့သည်။
နည်းပြဘိုအက်စ်က ''လူကာကူဟာ ပါဝါသိပ်ပြည့်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ မန်ယူကိုရောက်ပြီး သူဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာလည်း ပါဝင်ခဲ့ ပါတယ်။ နည်းပြကွန်တီက သူ့ကိုဘယ်လိုသုံးမလဲဆိုတာကို ကျွန်တော် မသိသေးဘူး။ ဒါပေမဲ့ လူကာကူ အောင်မြင်မှာပါ''ဟု ပြောဆိုခဲ့သည်။
အင်တာတိုက်စစ်မှူးဟောင်း အီတူးကလည်း လူကာ ကူကို အင်တာမီလန်မှကြိုဆိုပါကြောင်း အင်စတာဂရမ်၌ စာရေးသားခဲ့သည်။ လူကာကူအနေဖြင့် အင်တာမီလန် အသင်းတွင် ပါဝင်ကစားရင်း ဂိုးများစွာသွင်းယူနိုင်စေရန် အီတူးက ဆုတောင်းပေးခဲ့သည်။ စီးရီအေသို့ရောက်ရှိလာ ခဲ့သော လူကာကူက မန်ယူအသင်းကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောဆိုခဲ့သည်။ မန်ယူသည် အသင်းသမိုင်း တစ်လျှောက် လူကာကူကို ရောင်းချခဲ့ခြင်းမှာ ပြောင်းရွှေ့ ကြေးအများဆုံးရခဲ့သည့် အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့သည်။
လူကာကူသည် ၂ဝ၁၈-၁၉ ဘောလုံးရာသီတွင် မန်ယူ အသင်းအတွက် ပရီးမီးယားလိဂ် ၁၂ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်းယူနိုင်ခဲ့သည်။ ¤င်းသည် မန်ယူနည်းပြ သစ်ဖြစ်လာခဲ့သော ဆိုးလ်ရှားလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသည်။















