ချယ်လ်ဆီးပွဲ ပေါ့ဘာနှင့် မာဂူရီ ပွဲထွက်မည်၊ နံပါတ် ၉ မာရှယ်ဝတ်ခွင့်ရ

ချယ်လ်ဆီးပွဲ ပေါ့ဘာနှင့် မာဂူရီ ပွဲထွက်မည်၊ နံပါတ် ၉ မာရှယ်ဝတ်ခွင့်ရ

မန်ယူအဓိကကွင်းလယ်လူ ပေါ့ဘာနှင့် အသစ်ခေါ်ယူထားသော အင်္ဂလန်နောက်ခံလူ မာဂူရီတို့သည် ယနေ့ညကစားမည့် ချယ်လ်ဆီး နှင့်ပွဲတွင် ပွဲထွက်ကစားနိုင်မည်ဖြစ်ကြောင်း  မန်ယူအသင်းနည်းပြဆိုးလ်ရှားက အတည်ပြု ပြောဆိုခဲ့သည်။

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ သည် လက်ရှိအချိန်တွင် နောက်ကျောဒဏ်ရာ ရရှိနေသော်လည်း ချယ်လ်ဆီးပွဲအမီ ပွဲထွက် ကစားရန် ကြံ့ခိုင်မှုပြည့်ဝနေမည်ဖြစ်သည်။ ပေါ့ဘာသည် ကျောဒဏ်ရာကြောင့် အေစီမီလန် နှင့်ကစားခဲ့သည့် ရာသီကြိုနောက်ဆုံးခြေစမ်းပွဲ ကို လွဲချော်ခဲ့သူဖြစ်သည်။ မန်ယူနောက်ခံ ကစားသမားသစ် မာဂူရီအပြင် ဘစ်ဆာကာနှင့် ဒန်နီရယ်ဂျိမ်းစ်တို့မှာလည်း ချယ်လ်ဆီးပွဲ၌ ပွဲထွက်ပါဝင်လာမည်ဖြစ်သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက "ကျွန် တော်တို့အနေနဲ့ ပေါ့ဘာကို အရဲစွန့်အသုံး မပြုခဲ့ပါဘူး။ အေစီမီလန်ပွဲမှာ သူမပါခဲ့ပေမယ့် ဘလက်ဘန်းနဲ့ကစားခဲ့တဲ့ပွဲမှာ သူပူးပေါင်းနိုင် ခဲ့တယ်။ ပေါ့ဘာပွဲထွက်ကစားဖို့ အဆင်သင့် ဖြစ်နေပါတယ်။ အခြားကစားသမားတွေလည်း ပွဲထွက်ဖို့ ကြံ့ခိုင်မှုပြည့်နေပါတယ်။ အီရစ်ဘိုင် လေရဲ့သတင်းဆိုးကလွဲရင် ကျန်ကစားသမား တွေ  အကောင်းဆုံးကစားဖို့ရှိနေပါတယ်။ မာဂူရီရဲ့ခြေစွမ်းကိုတော့ ကျွန်တော်သဘော ကျပါတယ်။ မာဂူရီကလည်း ချယ်လ်ဆီးပွဲမှာ ဝင်ကစားဖို့အဆင်သင့်ဖြစ်မယ်ဆိုရင် ကျွန်တော် သုံးမှာပါ။ သူဟာ လက်စတာအသင်းနဲ့ ရာသီ ကြိုပွဲတွေ တော်တော်များများကစားခဲ့ရတယ်။ အခုလက်ရှိ သူ့ကိုကြည့်ရတာကတော့ ပေါ့ပါး နေပါတယ်"ဟု ပြောဆိုသည်။

မန်ယူအသင်းသည် ရာသီသစ်ကျောနံပါတ် များကိုထုတ်ပြန်ခဲ့ရာ ပြင်သစ်တိုက်စစ်မှူးမာရှယ် မှာ ၎င်းမန်ယူသို့စရောက်ခါစက ဝတ်ဆင်ခဲ့ သော နံပါတ် ၉ ဂျာစီ ပြန်လည်ဝတ်ဆင်တော့ မည်ဖြစ်သည်။ မာရှယ်သည် လူကာကူ အသင်း ပြောင်းခဲ့၍ နံပါတ် ၉ ဂျာစီပြန်ရခဲ့ခြင်းဖြစ်သည်။ မာရှယ်သည် ယမန်နှစ်က ပြိုင်ပွဲစုံ ၁၂ ဂိုးသွင်း ယူခဲ့သည်။ မန်ယူအသင်း၏ကျောနံပါတ် ၂၉ ကို ဘစ်ဆာကာဝတ်ဆင်မည်ဖြစ်ပြီး ဒန်နီရယ် ဂျိမ်းစ်မှာ ကျောနံပါတ် ၂၁၊ မာဂူရီမှာ ကျော နံပါတ် ၅ ဝတ်ဆင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး