အများစုက ဖရဲသီးရဲ့ အရည်ရွှမ်းပြီးချိုမြတဲ့အသားကိုပဲစားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်းစားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံကသင့်ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံကအကျိုးပြုနေလို့ပါပဲ။
ဖရဲသီးအခွံမှာဘာတွေပါလို့လဲ
ဖရဲသီး အသားမှာလိုပဲအခွံမှာရေဓာတ် အပြည့်အဝပါဝင်ပါတယ်။ သည် လိုရေဓာတ် ပါဝင်လို့လည်းကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကိုပိုကောင်းစေတာပါ။ ဒါ့အပြင် ရေဓာတ်အလုံအလောက်ရရှိမှုကြောင့် သွေးတိုးကိုလည်းကျစေဖို့ အထောက်ကူပေးပါတယ်။
ဖရဲခွံသားကဗီတာမင် C ၊ B6 နဲ့ A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်းပမာဏအတန်အသင့်ရရှိ နိုင်ပါတယ်။
ဗီတာမင် စီပါဝင်လို့ free radical ကြောင့်ထိခိုက်ပျက်စီးမှုတွေကိုခုခံနိုင်ပြီးကိုယ်ခံအားကိုကောင်းစေပါတယ်။
ဖရဲသီးအခွံသားကိုစားရင်ရရှိနိုင် မယ့် အကျိုးကျေးဇူး
၁ ။ ကျောက်ကပ်မှာကျောက်ကြေစေတယ်
ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာကျောက်ကပ်ထဲကအက်စစ်ပမာဏကိုထိန်းညှိ၊ ထိန်းသိမ်းပေးတာ ဖြစ် လို့ ကျောက် ကပ်ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။ ရေဓာတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာတည်နေတဲ့ ကျောက်တွေကိုကြေကျစေပါတယ်။
၂။ ကိုယ်အလေးချိန်ကျစေတယ်
ဗီတာမင် C ပါဝင်မှုကြောင့် diet လုပ်၊ ဝိတ်ချနေသူတွေအတွက် အထောက် အကူဖြစ်စေပြီးအမျှင်ဓာတ်ကြောင့် အချိန်အတော်ကြာဗိုက်ပြည့်နေစေမှာ ဖြစ်ပါ တယ်။
၃။ ရောင်ရမ်းမှုလျော့ကျစေတယ်
ဖရဲသီးခွံမှာပါတဲ့ lycopeneဓာတ်ကအဆစ်ရောင် နာကျင်ကိုက်ခဲမှုတွေမှာ ဖြစ်တတ်တဲ့ရောင်ရမ်းမှုဝေဒနာကိုလျော့ကျ စေပါတယ်။ ဖရဲသီးခွံမှာမျက်စိကျန်းမာရေးအတွက်ကောင်းတဲ့ beta carotene ဓာတ်လည်းတော်တော်လေးပါဝင်ပါ တယ်။
၄ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသနိုင်တယ်
ဖရဲသီးအခွံရဲ့ ရေဓာတ်ဖြည့်တင်း နိုင်စွမ်းနဲ့ ဆီးရွှင်စေတဲ့အာနိသင်ကဆီးပိုးဝင် ခြင်း ကိုကုသရာမှာထိရောက်စေမှာပါ။ ဒါ့ ကြောင့် ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာ စတွေ့ပြီဆိုတာနဲ့ ဖရဲသီးအခွံဖျော်ရည် ကိုသောက်နိုင်ပါတယ်။
၅ ။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကိုသက်သာစေတယ်
ဖရဲသီးအခွံသားကိုကိုယ်ဝန်ဆောင် အမျိုးသမီးတွေစားပေးမယ်ဆိုရင် ရင်ပူတာတွေ သက်သာစေပြီးကိုယ်ဝန် ကြောင့် ဖြစ်တဲ့ ဖောရောင်မှုတွေကိုလျော့ပါးစေပါ တယ်။ ဖရဲသီးအခွံမှာပါဝင်တဲ့ သဘာဝသကြားဓာတ်ကြောင့် အော့အန်ခြင်းဝေဒနာတွေကိုလည်းသက်သာစေနိုင်ပါ တယ်။
၆။ သွေးတိုးထိန်းပေးနိုင်တယ်
ဖရဲသီးအခွံသားကသွေးတိုးကိုကျစေတယ်လို့ဆိုပေမဲ့ သွေးပေါင်ကျနေတဲ့ အခါမျိုးမှာလည်းသွေးလည်ပတ်မှုကို ကောင်းစေပြီးသွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

















