ရေကြီးမှုကြောင့် မြန်မာ၌ နှစ်လအတွင်း လူဦးရေတစ်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာခဲ့ရ

ရေကြီးမှုကြောင့် မြန်မာ၌ နှစ်လအတွင်း လူဦးရေတစ်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာခဲ့ရ

မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် ဇွန်လနောက်ပိုင်း လူဦးရေတစ်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာခဲ့ရကြောင်း မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က သြဂုတ် ၁၂ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ကနဦးရေကြီးခဲ့သည့် ကချင်၊ ရခိုင်နှင့် ချင်းပြည်နယ်များတွင်မူ ရေများကျဆင်းသွားမှု ကြောင့် ရေဘေးရှောင်ပြည်သူများသည် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်နေထိုင်နိုင်ခဲ့ကြ သော်လည်း မြစ်အောက်ပိုင်းအရပ်များသို့ ရေများစီးဆင်းသွားကာ မိုးလည်း အဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ မြစ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

အဆိုးရွားဆုံးထိခိုက်

လက်ရှိအချိန်တွင် မွန်ပြည်နယ်သည် အဆိုးရွားဆုံးထိခိုက်ခံစားနေရပြီး လူဦးရေ ၂၆,ဝ၀ဝ ကျော် ရေဘေးရှောင်စခန်းများတွင် သွားရောက်ခိုလှုံနေရကြောင်း၊ ပဲခူးတိုင်းတွင်လည်း ရေဘေးရှောင်ပြည်သူ ၂၀,ဝ၀ဝ ကျော်နေကြောင်း၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့သည် လည်း မိုးကြီးရေလျှံမှုများကြောင့် ပြည်သူများထိခိုက်ခံစားနေရပြီး လာမည့်ရက်များတွင် မိုး ဆက်လက်အားကောင်းနိုင်သည်ဟု ခန့်မှန်းထားခြင်းကြောင့်လည်း ရေဆက်လက်ကြီးမည်ကို စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ဥဃံဗ က ဖော်ပြသည်။

ခိုလှုံနေရဆဲဖြစ်

လွန်ခဲ့သည့်တစ်ပတ်အတွင်း မုတ်သုံမိုးပြင်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၁၁ရက် နောက်ဆုံးရသတင်း အချက်အလက်များအရ လူဦးရေ ၈၀çဝ၀ဝ ကျော်သည် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး