နှစ်ဂိုးသွင်းခဲ့သည့် ရက်ဖို့ဒ်ထံမှ ဂိုးများပိုမျှော်လင့်ထားဟု ဆိုးလ်ရှားဆို

နှစ်ဂိုးသွင်းခဲ့သည့် ရက်ဖို့ဒ်ထံမှ ဂိုးများပိုမျှော်လင့်ထားဟု ဆိုးလ်ရှားဆို

မန်ယူအသင်းသည် သြဂုတ် ၁၁ ရက်က အိုးထရက်ဖို့ဒ်တွင် ပြိုင်ဘက်ကောင်းချယ်လ် ဆီးနှင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ယှဉ်ပြိုင် ခဲ့ရာ ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီး အဖွင့်လှခဲ့သည်။ 

မန်ယူနည်းပြဆိုးလ်ရှားသည် ချယ်လ်ဆီးပွဲ၌ မာရှယ်ကို တိုက်စစ်အထောင်ထားခဲ့ပြီး ရက် ဖို့ဒ်၊ ပါရီရာ၊ လင်ဂတ်၊ ပေါ့ဘာနှင့် မတ်တွန်မီ နေးတို့ကို အသုံးပြုခဲ့သည်။ ချယ်လ်ဆီးတိုက် စစ်ကို အေဘရာဟမ်ဦးဆောင်ခဲ့ပြီး ကန်တီ မပါဝင်နိုင်သည့် ကွင်းလယ်တွင် လူငယ်ကစား သမား မာဆန်မောင့်ဝင်ကစားခဲ့သည်။ မန်ယူ သည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု  ၁၁ ကြိမ်ရရှိခဲ့ပြီး ချယ်လ်ဆီးထက် ခြိမ်းခြောက် မှုနည်းခဲ့သော်လည်း ၅ ကြိမ်ဂိုးပေါက်တည့်ခဲ့ ရာ ၄ ဂိုးသွင်းယူနိုင်ခဲ့သည်။

မန်ယူသည် ၅၄ နှစ်အတွင်း ပရီးမီးယား လိဂ်တွင် ချယ်လ်ဆီးအသင်းအား ဂိုးအပြတ် ဆုံးနိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းများ အရ မက်ဘက်စဘီလက်ထက် ၁၉၆၅ ခုနှစ် မတ်လက အင်္ဂလန်အဆင့်မြင့်တန်းတွင် ချယ်လ်ဆီးအား ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဆိုးလ်ရှားလက်ထက် ၂၀၁၉ ခုနှစ်တွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ ပြန်ရခဲ့ခြင်းဖြစ်သည်။

မန်ယူ ကစားသမားများမှာ ချယ်လ်ဆီးပွဲ၌ အားကြိုး မာန်တက်ကစားခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူး ရက်ဖို့ဒ်မှာ ၂ ဂိုးသွင်းယူကာ ဂိုးသွင်းခြေစွမ်း ပြခဲ့သည်။ မန်ယူနည်းပြဆိုးလ်ရှားက ယခု နှစ်ရာသီတွင် ရက်ဖို့ဒ်ထံမှ ဂိုးများပိုမိုမျှော်လင့် ထားကြောင်းလည်း ပြောဆိုခဲ့သည်။

ရက်ဖို့ဒ်သည် ၂၀၁၈-၁၉ ဘောလုံးရာသီ တွင် တစ်ရာသီလုံး ပရီးမီးယားလိဂ် ၁၀ ဂိုး သာသွင်းနိုင်ခဲ့သော်လည်း ယခုနှစ်တွင် စော စောစီးစီး ၂ ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်သည်။

နည်းပြ ဆိုးလ်ရှားက " ကျွန်တော့်အထင်ပြောရရင် မားကပ်စ်ရဲ့ ခြေစွမ်းတိုးတက်မှုကောင်းလာ တယ်။ သူရင့်ကျက်လာပါပြီ။ ဒီနှစ်မှာ အသင်း အတွက် သူပိုကစားနိုင်မှာပါ။ မနှစ်ကခြေကျင်း ဝတ်ဒဏ်ရာကြောင့် သူရုန်းကန်ခဲ့ရတယ်။ ဒီနှစ်မှာ သူ့ဆီက ကျွန်တော်အများကြီးပိုမျှော် လင့်ထားပါတယ်"ဟု ပြောဆိုခဲ့သည်။ မန်ယူ သည် သြဂုတ် ၂၀ ရက်တွင် ပွဲစဉ် (၂)အဖြစ် ဝုလ်ကွင်း၌ ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး