ချယ်လ်ဆီးနည်းပြအဖြစ် ပွဲဦးထွက်ဂိုးအပြတ်ဆုံးရှုံးပွဲ ဖရန့်လမ်းပတ်ကြုံဆုံ မော်ရင်ဟို၏ ဝေဖန်ပြောဆိုမှုအပေါ် မန်ယူပွဲအပြီး လမ်းပတ်ပြန်လည်တုံ့ပြန်

ချယ်လ်ဆီးနည်းပြအဖြစ် ပွဲဦးထွက်ဂိုးအပြတ်ဆုံးရှုံးပွဲ ဖရန့်လမ်းပတ်ကြုံဆုံ မော်ရင်ဟို၏ ဝေဖန်ပြောဆိုမှုအပေါ် မန်ယူပွဲအပြီး လမ်းပတ်ပြန်လည်တုံ့ပြန်

ချယ်လ်ဆီးဂန္ထဝင်ကစားသမားဟောင်း တစ်ဦးဖြစ်ခဲ့ပြီးနောက် ဒါဘီအသင်းမှ ချယ်လ် ဆီးသို့ပြန်ရောက်ကာ နည်းပြချုပ်အဖြစ် မန်ယူ နှင့်ပွဲတွင် ပွဲဦးထွက်နည်းပြခဲ့သော ဖရန့်လမ်း ပတ်မှာ ချယ်လ်ဆီးနည်းပြအနေဖြင့် ၄၁ နှစ် အတွင်း အဆုံးရွားဆုံးအဖြစ် ပွဲဦးထွက် ဂိုးအ ပြတ်ဆုံးရှုံးပွဲ ကြုံဆုံခဲ့ရသည်။

ချယ်လ်ဆီး အသင်းသမိုင်းတစ်လျှောက် ဒန်နီဘလန့်ဖလား ဝါးအမည်ရသည့် နည်းပြမှာ ၁၉၇၈ ခုနှစ်က မစ်ဒယ်ဘရော့နှင့်ပွဲကို ပွဲဦးထွက်နည်းပြခဲ့ရာ ၇ ဂိုး ၂ ဂိုးဖြင့် အရှက်တကွဲဂိုးပြတ်ရှုံးနိမ့်ခဲ့ သည်။ ဒန်နီဘလန့်ဖလားဝါးပြီးနောက် နည်းပြ လမ်းပတ်မှာ ၄၁ နှစ်အတွင်း ချယ်လ်ဆီးနည်း ပြပွဲဦးထွက် မမျှော်လင့်ဘဲ ဂိုးပြတ်ရှုံးပွဲကြုံ တွေ့ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးကွင်းလယ်၌ ကန်တီပါဝင်ခဲ့ခြင်း မရှိဘဲ အမှားလေးခုမှတစ်ဆင့် ၄ ဂိုးပေးခဲ့ရ ခြင်းဖြစ်သည်။ ချယ်လ်ဆီးသည် ဘောလုံးပိုင် ဆိုင်မှု ၅၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးပေါက်ခြိမ်း ခြောက်မှု ၁၈ ကြိမ်ရခဲ့ရာ ၇ ကြိမ်ဂိုးပေါက် တည့်ခဲ့သည်။ သို့သော် ချယ်လ်ဆီးသည် ဂိုး ကံခေခဲ့ပြီး တိုင်ထိဂိုးများလည်း ရှိခဲ့သည်။ မန်ယူအသင်းအတွက် ဂိုးများကို ရက်ဖို့ဒ်တစ် ဦးတည်းက ၂ ဂိုးသွင်းယူပြီး ကျန်ဂိုးများကို မာရှယ်နှင့် ကစားသမားသစ် ဒန်နီရယ်ဂျိမ်းစ် တို့က သွင်းယူပေးခဲ့သည်။

မန်ယူအသင်းအား ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ ခြင်းမှာ ချယ်လ်ဆီးအသင်းပရိသတ်များအတွက် မခံချင်စရာဖြစ်ခဲ့ရသည်။ နည်းပြလမ်းပတ် သည် ၎င်း၏ပရိုဘဝ၌ ၂၀ဝ၀ ပြည့်နှစ် ဧပြီ နောက်ပိုင်း ဂိုးအပြတ်ဆုံးရှုံးပွဲ ကြုံခဲ့ရခြင်းလည်း ဖြစ်သည်။ လမ်းပတ်သည် ၂၀ဝ၀ ပြည့်နှစ်ဧပြီ လက ဝက်စ်ဟမ်းအသင်း၌ကစားစဉ် အိုးထရက် ဖို့ဒ်၌ မန်ယူအား ၇ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ဖူးသည်။

ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုသည် မန်ယူနှင့်ချယ်လ်ဆီးပွဲအား စကိုင်းစပို့စ်တွင် ဘောလုံးသုံးသပ်သူအဖြစ်သုံးသပ်ခဲ့ရာ ချယ်လ် ဆီးအသင်းကို ဝေဖန်ခဲ့ပြီး နည်းပြလမ်းပတ် ၏ ပွဲထွက်ကစားသမား ရွေးချယ်မှုကိုလည်း အပြစ်တင်ခဲ့သည်။ လမ်းပတ်ကမူ မော်ရင်ဟို ၏ဝေဖန်မှုများကိုမူ ဂရုမစိုက်ဘဲ ပေါ်တူဂီသား အား ပြန်လည်တုံ့ပြန်ခဲ့သည်။

ဘောလုံးသုံးသပ် သူများ၏ ပြောဆိုမှုများကို အလွန်အမင်းစိုး ရိမ်နေမည်မဟုတ်ကြောင်း၊ အမှားလေးခုကျူး လွန်မိကြောင်း၊ ရှုံးပွဲကိုလက်ခံရမည်ဖြစ်ကြောင်း ပွဲအပြီး၌ တုံ့ပြန်ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး